အပိုင်း ၄၉ [ မွေးရပ်မြေသို့ပြန်ခြင်း ]

1.2K 186 6
                                    

အပိုင်း ၄၉ [ မွေးရပ်မြေသို့ပြန်ခြင်း ]

⟨⟨ပထမဆုံးရောက်ရှိခြင်း⟩⟩

ခဏတောင်မကြာလိုက်ပဲစေ့လောက်ရှိတဲ့မိုးစက်တွေတဖွဲဖွဲကျလာသည်။ကျိလဲ့ရွှေနဲ့လင်ပန့်ရှနဲ့ခြေထောက်မပြေးတော့တယ်ဓာတ်လှေကားရှေ့ရောက်တော့မှရေနစ်ထားတဲ့ကြက်လိုမျိုးရွှဲစိုနေ၏။ကျိလဲ့ရွှေရယ်ရမလိုငိုရမလိုဖြစ်သွားကာပြောသည်။သာ့လောင်ကတကယ်တော်တာပဲမိုးရွာမှာကိုတောင်သိနေသေးတယ်နှမြောစရာကနှစ်ယောက်သားလစ်လာတာနှေးတော့မိနစ်နည်းနည်းလေးနဲ့တင်ရွှဲနေ၏။

လင်ပန့်ရှသက်ပြင်းချလိုက်ပြီး : "သွားကြမယ်အိမ်ပြန်ရေချိုးကြတာပေါ့"

အိမ်ပြန်ရောက်တော့ရှောင်ခူးကဆိုဖာပေါ်ထိုင်နေတုန်းပဲသူတို့ထွက်သွားတဲ့အချိန်တုန်းကအတိုင်းပဲတီဗီမှာလည်းဝက်ကလေးဖေ့ချီလွှင့်နေတုန်းပဲသူ့ခြေထောက်ရိုးလေးကိုဟိုလွှဲဒီလွှဲလွှဲနေရင်းစိတ်အားထက်သန်စွာကြည့်နေသည်။လင်ပန့်ရှလျှောက်သွားလိုက်ပြီးသူ့ခေါင်းကိုကိုင်လိုက်ကာဆိုတယ် : "တစ်နေကုန်ကြည့်နေတညမပင်ပန်းသေးဘူးလား?"

ရှောင်ခူးခေါင်းရမ်းလိုက်ပြီးလုံးဝမပင်ပန်းကြောင်းပြလိုက်သည်။

လင်ပန့်ရှမပြုံးပဲမနေနိုင်တော့။သူကလေးအလိမ္မာလေးတစ်ယောက်မွေးမိတယ်လို့ထင်တယ်‌သူရေချိုးဝတ်လဲလိုက်ပြီးရေချိုးလိုက်ထွက်လာတော့လေသံပိုကျယ်လာတာကြောင့်ပြတင်းပေါက်သေချာပိတ်ထားမပိတ်ထားစစ်ချင်တဲ့အတွက်ဝန်ရံဒါဆီလျှောက်သွားလိုက်တယ်ပြတင်းပေါက်အပြင်ဘက်မှာလေတဝှီးဝှီးနဲ့မိုးရေများအားကမ္ဘာတစ်ခုလုံးသို့သယ်သွား၏။မှန်ပါးပါးဟာမထိန်းထားနိုင်သလိုမျိုးအသံထွက်နေသည်။လင်ပန့်ရှတိုက်အောက်ကိုတစ်ချက်ကြည့်တော့တိုက်အောက်ကနေရာကျယ်ကျယ်တစ်ခုမှာရပ်နေတဲ့စုန့်ချင်းလော်ကိုတွေ့လိုက်ရသည်။တစ်ယောက်ယောက်နဲ့တစ်ခုခုပြောနေသလိုပဲသူ့ရှေ့ကလူကမိုးကာဝတ်ထားတာမလို့မျက်နှာကိုတော့ရှင်းရှင်းလင်းလင်းမမြင်ရဘူးဒါပေမဲ့ဝိုးတဝါးခံစားရတာကနှစ်ယောက်ကြားကလေထုကကောင်းမနေဘူး

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now