အပိုင်း ၃၀ [ ကတိပြုထားသောမြေ ] (3)

1.3K 209 5
                                    

အပိုင်း ၃၀ [ ကတိပြုထားသောမြေ ] (3)

⟨⟨လူစုကွဲခြင်း⟩⟩

ထားလိုက်တော့လီယဲ့နဲ့မငြင်းတော့ဘူးလင်ပန့်ရှနောက်ဆုံးမုန့်ကိုပါးစပ်ထဲပို့ရေထပ်သောက်လိုက်ပြီးဆိုတယ် : "မင်းဒီဟာကိုဘယ်ကနေတွေ့တာလဲ?"

"ဗွက်အိုင်ဘေးမှာပြန့်ကျဲနေတဲ့တခြားဟာတွေလည်းရှိသေးတယ်"လီယဲ့ကပြောတယ်"သူတို့တောရိုင်းတိရစ္ဆာန်တွေရဲ့တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်နောက်တော့ဗွက်အိုင်ဘေးကိုထွက်ပြေးလာတယ်"

"စုစုပေါင်းလူရှစ်ယောက်ရှိတယ်မလား?"အားလျဲ့ခဲ့ရှဲ့ကသိပ်ကျိုးကြောင်းမသင့်ဘူးလို့ထင်တယ်"သူတို့ကောင်းကောင်းပြင်ဆင်ထားမှာပဲလေဘယ်လိုတောရိုင်းတိရစ္ဆာန်ကဒီလိုဖြစ်အောင်လုပ်နိုင်မှာလဲ?"

လီယဲ့ကပြောတယ် : "သာမန်ထက်ကျော်တာတစ်ခုခုရှိနိုင်တယ်"

ဒီအထိပြောပြီးတော့မနေ့ညကလင်ပန့်ရှနဲ့အားလျဲ့ခဲ့ရှဲ့တို့ကြုံခဲ့ရတဲ့အရာတွေကိုပြောပြလိုက်သည် ။ လီယဲ့ကစကားပြန်ထပ်ဖြစ်သွားပြန်သည် ။ ရှဲ့အာကိုက်နဲ့ရီးလျန်နတို့နားထောင်နေရင်းအားလျဲ့ခဲ့ရှဲ့ဆီအကြည့်ရောက်လာသည် ။ အဲ့ဒီအကြည့်ကဂုဏ်ပြုနေသလိုဂရုဏာသက်နေသလိုနှစ်ခုလုံးလည်းဖြစ်နိုင်သည် ။

အားလုံးအရသာတစ်စက်မှမရှိတဲ့မနက်စာကိုစားပြီးတော့ဆက်ရမယ့်ခရီးကိုအမြန်ဆုံးဖြတ်ချက်ချလိုက်ကြသည် ။ ရုတ်တရက်ပေါ်လာတဲ့ရွှံ့အိုင်ဆီသွားပြီးအဖွဲ့ရဲ့သဲလွန်စကိုထပ်ရှာတွေ့ရင်အကောင်းဆုံးပင် ။

ဒီနေ့ရာသီဥတုကသိပ်မဆိုးပေ ။ ကောင်းကင်ကကြည်လင်နေပြီးအေးစက်စက်လေကတိုက်ခတ်နေ၏ ။

ရွာထဲမှာတော့မနေ့ကလိုမျိုးတိတ်ဆိတ်နေတုန်းပင် ။ တိတ်ဆိတ်မှုကြားမှာလူကိုမပျော်ရွှင်နိုင်တဲ့တစ်ခုခုရှိနေသလိုပဲ

သူတို့လီယဲ့နောက်လိုက်ရင်းရွာရဲ့အရှေ့တောင်ဘက်ကိုရောက်သွားသည် ။ လီယဲ့ပြောသလိုကျူပင်တွေထူထပ်နေတဲ့ကမ်းတစ်ခုဖြစ်နေသည် ။ ကမ်းပေါ်မှာရေညှိနဲ့မြစိမ်းရောင်မြက်တွေရှိနေ၏။ ဖျက်ခနဲကြည့်လိုက်ရင်အ‌မွှေးထူထူမြက်ခင်းတွေကချစ်စရာကောင်းသည်ပင် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now