အပိုင်း ၉ [ အခန်း 1303 ] (9)

1.6K 278 14
                                    

အပိုင်း ၉ [ အခန်း 1303 ] (9)

⟨⟨လူသတ်မှု⟩⟩

နောက်နေ့မနက် လင်ပန့်ရှနိုးလာချိန်မှာ စုန့်ချင်းလော်ကို မတွေ့မိပေ ။ အလုပ်သွားဖို့ တက်ကြွနေသည့် ကျိလဲ့ရွှေကိုသာတွေ့၏။

ကျိလဲ့ရွှေကဒီအခန်းထဲကို မဝင်ရသေးပေ ။ တံခါးတောင်မခေါက်ရဲဘဲ လင်ပန့်ရှအား အပြင်ဘက်မှ ဖုန်းဆက်၍တွေ့သည် ။

လူနှစ်ယောက်ကရပ်ကွက်လေးထဲစကားပြောနေပြီး ဘူတာရုံအနီးရှိမနက်စာကိုဝယ်လိုက်၍ အရသာရှိစွာစားလိုက်၏ ။ လင်ပန့်ရှက ကျိလဲ့ရေကို မနေ့ညကတစ်ခုခုနဲ့တွေ့မိသေးလားဟုမေးလိုက်သည် ။ ကျိလဲ့ရွှေကခေါင်းခါလိုက်ရင်း မနေ့ကအိပ်ရကောင်းပြီး ဘာကိုမှမတွေ့ရကြောင်းပြောလာသည် ။ ညသန်းခေါင်ကျော်လောင်မှ တစ်ကြိမ်နိုးခဲ့ပြီး ဧည့်ခန်းထဲမှာ တစ်စုံတစ်ယောက်က သွားလာလှုပ်ရှားနေသလိုမျိုး ကြားလိုက်ရ၏ ။ ဒါပေမဲ့သူကြောက်တယ်လို့မခံစားရပဲ နောက်တစ်ခေါက်အိပ်ပျော်သွားသည် ။

လင်ပန့်ရှ ခဏလောက်ကြာတော့သက်ပြင်းချမိလိုက်၏ ။ စိတ်ထဲတွင် စုန့်ချင်းလော်က တကယ်ပဲ စွမ်းရည်ရှိနေသည်ဟုတွေးလိုက်သည် ။

ဒါပေမဲ့ ကျိလဲ့ရွှေကိုကြည့်ရတာ နည်းနည်း စိုးရိမ်နေသလိုပင် ။ ပါးစပ်ထဲတွင် အီကြာကွေးကိုက်ထားရင်း မရှင်းမလင်းဆိုလာ၏ : "လင်ကော မင်းပြောကြည့် စုန့်ချင်းလော်ရဲ့အိမ်ထဲမှာတကယ်ပဲဘာတွေလဲ? ပြီးတော့ ငါကဘာလို့ ငါတို့ရဲ့အိမ်ခန်းထဲကဟာတွေကို လျှောက်မြင်နေရတာလဲ?"

လင်ပန့်ရှမှဆိုသည် : "ငါလည်းသိပ်မရှင်းဘူး"

"သေချာစဉ်းစားကြည့်ရင် နည်းနည်းလန့်စရာကောင်းတယ်"ကျိလဲ့ရွှေက ချိတုံချတုံဖြင့်ဆို၏ "လင်ကော ဒီကိစ္စတွေပြီးသွားလို့ရှိရင် မင်းနဲ့ငါအတူပြောင်းကြရအောင် ဒီအိမ်က တကယ်ပဲအကြာကြီးနေလို့မရဘူး"

လင်ပန့်ရှကပြော၏ : "ငါတစ်ချက်စဉ်းစားကြည့်လိုက်ဦးမယ်"

ကျိလဲ့ရွှေလည်း လင်ပန့်ရှရဲ့ အခြေအနေတချို့ကိုသိ‌နေတဲ့အတွက် သွယ်ဝိုက်ငြင်းနေသည်ကို ကြားရသောအခါ သက်ပြင်းထပ်ချမိလိုက်၏ ။ နောက်ဆုံး ဆက်ပြောဖို့ အလျှော့ပေးလိုက်၏ ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now