အပိုင်း ၅၃ [ မိန့်မိန် ] (4)

1K 190 4
                                    

အပိုင်း ၅၃ [ မိန့်မိန် ] (4)

⟨⟨နင်လာပြီလား⟩⟩

လင်ပန့်ရှထွက်သွားသည်ကိုဟယ်ထရန်းလေကြည့်ရင်းစိတ်ထဲမှာတော့လင်ပန့်ရှကိုခေါ်ပြီးသူနဲ့ရန်ဖြစ်ချင်သေးပေမဲ့လင်ပန့်ရှဘေးကလှပတဲ့ယောကျာ်းလေး‌ကြောင့်ဒီအတွေးကိုဖျောက်လိုက်ရတယ်အဲ့ဒီအရာနဲ့တစ်ခါထိတွေ့ဖူးတော့အဲ့ဒီယောကျာ်းရဲ့ကိုယ်ပေါ်မှာလည်းတူညီတဲ့အငွေ့အသက်ရှိနေတယ်အန္တရာယ်ရှိတဲ့ခံစားချက်ကြောင့်ကိုယ့်ဒေါသကိုယ်ပြန်ထိန်းလိုက်ရင်းလင်ပန့်ရှထွက်သွားသည်ကိုသာကြည့်နေနိုင်သည်။

လင်ပန့်ရှထွက်သွားပြီးနောက်စင်္ကြံပေါ်ရပ်နေရင်းဆေးလိပ်သုံးလိပ်ကုန်သွားမှလူနာခန်းထဲပြန်သွားလိုက်သည်။

လူနာခန်းထဲတွင်သူ၏အဖေသည်စိတ်ရောဂါသည်လိုမျိုးကုတင်နှင့်အချည်ခံထားရသည်။ဟယ်ထရန်းလေပိုပိုစိတ်ရှုပ်လာကုတင်ဘေးအမြန်သွားလိုက်ပြီးမုန်းတီးစွာဆို၏ : "အဖေတို့အဲ့ဒီပိုက်ဆံနည်းနည်းလေးကိုမတပ်မက်မိရင်‌ဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူးအခုတော့ကောင်းရောဒီလိုဖြစ်သွားပြီ--"သူအကြာကြီးဆဲနေပြီးတော့မှကုတင်ပေါ်ကလူကတစ်ချိန်လုံးအသံထွက်မလာဘူးဆိုတာသတိပြုမိလိုက်တယ်ဟယ်ထရန်းလေသွားကြည့်ပြီးတော့ထိန်းမရအောင်ကြောက်ရွံ့သွား၏။သူ့အဖေရဲ့ပါးစပ်ထဲကပဝါမှာသွေး‌‌ချင်းနီနေတယ်အဖေကကြောက်လန့်တကြားမျက်လုံးပြူးနေပြီးအရမ်းကြောက်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့ခဲ့သလိုပဲဟယ်ထရန်းလေပျာယာခတ်စွာအော်လိုက်သည် : "သူနာပြု,သူနာပြု--"

သူနာပြုဝင်လာပြီးတစ်ချက်စစ်ကြည့်ပြီးနောက်အံ့ဩသွားကာ : "ဘယ်လိုဖြစ်လို့?"

"သူဒါဒါကဘာဖြစ်တာလဲ?"

သူနာပြုဟာဟယ်ထရန်းလေအားတစ်ချက်ကြည့်လာပြီး : "ရှင့်အဖေကပုဝါကိုကိုက်ရင်းလျှာတစ်ဝက်လောက်ကိုက်မိသွားတော့ပြတ်သွားတာအဆင်ပြေနေသေးတာကသွေးတွေကိုပဝါကစုပ်ထားလို့အသက်ရှူမကြပ်တာ"

ဟယ်ထရန်းလေမတွေးချင်တော့ : "ဒီလောက်ထူတဲ့ပဝါကိုကိုက်လို့ပေါက်တယ်ပေါ့?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now