အပိုင်း ၃၂ [ ကတိပြုထားသောမြေ ] (5)

1.1K 198 4
                                    

အပိုင်း ၃၂ [ ကတိပြုထားသောမြေ ] (5)

⟨⟨ရှဲ့အာကိုက်နှင့်ရီးလျန်န⟩⟩

ရှဲ့အာကိုက်တောထဲအသက်လုပြေးနေရသည် ။ အနောက်မှထူးဆန်းတဲ့ဝက်ဝံတစ်ကောင်ကကြောက်ဖို့ကောင်းတဲ့အသံထွက်နေရင်းလိုက်ခံနေရသည် ။ သူဘယ်တုန်းကမှဒီလောက်ကြီးတဲ့ဝက်ဝံမဲကြီးကိုမမြင်ဖူးပေ ။ သက်ရှိမဟုတ်တာသိသာနေ၏။ငါပြေးလွတ်နိုင်ပါ့မလား?ရှဲ့အာကိုက်လည်းမသိပေ ။ သူဒီလိုကိစ္စတွေကိုအတွေ့အကြုံအများကြီးရှိဖူးသည်။အကြိမ်တိုင်းသေခါနီးကပ်သီးလေးလွတ်လာတာများတယ်အသက်ရှင်လျက်ထွက်သွားနိုင်ရင်တော့အံ့ဩစရာပင် ။ သူဒီတစ်ခေါက်ရောအံ့ဩနိုင်ပါ့မလားဒါပေမဲ့မအံ့ဩရသေးခင်မှာသူအသက်လုပြီးအသကုန်ပြေးနေရသည်။

ရီးလျန်နကသူ့ရဲ့ပါတနာဖြစ်ပြီးလှပတဲ့ရုရှားအမျိုးသမီးတစ်ယောက်လည်းဖြစ်သည် ။ လူအများစုလိုပဲပိုက်ဆံလိုတာကြောင့်သူမလည်းဒီအလုပ်ကိုလုပ်သည်ပင် ။ တကယ်လို့ပိုက်ဆံသာလိုမနေဘူးဆိုရင်ဘယ်သူကကိုယ့်အသက်ကို‌လောင်းကြေးထပ်ပြီးဒီလောက်အန္တရာယ်များတဲ့အလုပ်ကိုလုပ်မှာလဲဘယ်လိုအန္တရာယ်များထူးဆန်းပြီးကြောက်စရာကောင်းတာတွေကိုတွေ့ရမလဲဆိုတာဘယ်သူမှမသိပေ ။ ဘယ်သူအောင်မြင်နိုင်မလဲဆိုတာလည်းမသိအားလုံးကိုမသိနိုင်ပေ ။ အန္တရာယ်တွေပြည့်နေပြီးလူကိုမကြုံစဖူးစိတ်လှုပ်ရှားမှုတွေပေးသည် ။

ရှဲ့အာကိုက်ကလူအများနဲ့မတူပေ ။ သူဒီအလုပ်လုပ်တာကစိတ်လှုပ်ရှားတာကိုခံစားနိုင်ဖို့သာမကသိပ္ပံပညာကနေကွဲထွက်နေတဲ့အရာအမျိုးမျိုးကိုတွေ့နိုင်လို့ပဲ

အမျိုးမျိုးသောကြောက်စရာကိစ္စတွေကိုကြုံဖူးတဲ့ရှဲ့အာကိုက်တို့အိမ်ကလည်းချမ်းသာသည် ။ ပိုက်ဆံလုံးဝမလိုပေမဲ့သူဒီအလုပ်မှာမွေ့လျော်နေပြီးရုန်းမထွက်နိုင်ပေ ။ သေခြင်းတရားရဲ့အဆုံးကိုရောက်နေတဲ့အလုပ်ကနေသူ့ကိုရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကိုသိရှိခံစားရစေသည် ။

ရှဲ့အာကိုက်အနောက်ကမကောင်းဆိုးဝါးရဲ့အသံကိုနားထောင်ရင်းအရမ်းစိတ်လှုပ်ရှားနေသည် ။ သူအသကုန်ပြေးနေပြီးခဏတောင်မရပ်ရဲပေ ။ တစ်ကိုယ်လုံးပင်ပန်းလာတော့မှအသက်ပြင်းပြင်းရှူလိုက်ပြီးမြေကြီးပေါ်အားနည်းစွာထိုင်ချလိုက်ချိန်မှာအဖော်တွေမရှိတော့ပေ ။ ရှဲ့အာကိုက်မြေပေါ်လှဲနေရင်းရယ်လိုက်၏ ။ သူခဏလောက်ရယ်ပြီးမှသီချင်းညီးလိုက်ရင်းမြေကြီးပေါ်ကနေထလိုက်သည် ။ သပ်ရပ်အောင်လုပ်ပြီးမှလာလမ်းအတိုင်းပြန်သွားလိုက်၏ ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now