အပိုင်း ၅၆ [ အိမ်မက် ] (2)

1.1K 174 7
                                    

အပိုင်း ၅၆ [ အိမ်မက် ] (2)

⟨⟨ပထမဆုံးသေဆုံးသူ⟩⟩

ခုန်ချသွားသည့်လူကြောင့်ကျောင်းတစ်ခုလုံးရှုပ်ရှက်ခက်ကုန်သည်။သတ္တိနည်းတဲ့ကျောင်းသားတွေကအော်ဟစ်နေကြပြီးသတ္တိရှိတဲ့ကျောင်းသားများဟာတော့ပြတင်းပေါက်ဘေးမှာဆူညံနေသည်။‌စာသင်ခန်းတစ်ခန်းလုံးယာဂုတစ်အိုးမှောက်သလိုရှုပ်နေ၏။တိတ်တိတ်နေကြဖို့လောင်ရှစ်းကပြောပေမဲ့တစ်ယောက်မှနားမထောင်ပေ

ပထမဆုံးလူသေကိုမြင်ဖူးတာကြောင့်ကြောက်နေသင့်ပေမဲ့လင်ပန့်ရှစိတ်ထဲမှာဘာမှရှိမနေဒီလိုမြင်ကွင်းမျိုးကိုအခေါက်ပေါင်းများစွာတွေ့ပြီးသလိုမျိုးဒီရင်းနှီးတဲ့ခံစားချက်ကထူးဆန်းနေတယ်အများနဲ့မကွဲစေရန်အကြည့်လွှဲလိုက်ပြီးတကယ်ကြောက်စရာကြီးဘာဖြစ်လို့ရုတ်တရက်ခုန်ချလာတာလဲလို့ရေရွတ်လိုက်သည်။

"ကြောက်စရာကြီး?မင်းမျက်တောင်တစ်ချက်တောင်မခတ်ဘူးဘာကိုကြောက်တာလဲ?"လင်ပန့်ရှဘေးကတစ်ယောက်ကပြောလာတယ်

လင်ပန့်ရှရဲ့လျှို့ဝှက်ချက်ပေါ်သွားပြီစိတ်ထဲတစ်ချက်ပျာသွားကာလှည့်ကြည့်လိုက်တော့အပြင်မှာအပြစ်ပေးခံနေရမယ့်လီစူးကိုတွေ့လိုက်ရသည်။ဘယ်အချိန်တုန်းကအပေါက်ဝကနေပြေးလာလဲမသိပြတင်းပေါက်ဘေးမှာဂနာမငြိမ်ရပ်နေရင်းတမင်လားမတော်တဆလားမသိလင်ပန့်ရှကိုပြောလာသည်။

လင်ပန့်ရှမျက်တောင်ခတ်လိုက်ပြီးဘာမှမပြောတော့

"ကြည့်လို့မကောင်းဘူးစိတ်ဝင်စားစရာလည်းမရှိဘူး"လီစူးကခဏလောက်ကြည့်နေပြီးလင်ပန့်ရှဆီလှည့်လာကာအတွေးနက်နက်ဖြင့်ဆိုသည် "မင်းလောက်စိတ်ဝင်စားဖို့မကောင်းဘူး"

လင်ပန့်ရှသူနဲ့သိပ်မပတ်သက်ချင်တာကြောင့်သစ်သားရုပ်လိုဟန်ဆောင်ကာတိတ်နေလိုက်သည်။

လီစူးကစိတ်ထဲလူံးဝမထားပဲလင်ပန့်ရှရဲ့ပခုံးကိုရယ်ရင်းပုတ်လာသည် : "အဲ့ဒီလူကိုမင်းသိလား?"

လင်ပန့်ရှ : "ဘယ်သူလဲ?"

လီစူးကပြတင်းပေါက်အပြင်ဘက်ကိုနှုတ်ခမ်းစူပြသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now