အပိုင်း ၇၈ [ တစ္ဆေဈေး ] (3)

655 119 13
                                    

အပိုင်း ၇၈ [ တစ္ဆေဈေး ] (3)

စုန့်ချင်းလော်မပြောပေမဲ့သူ့စိတ်အခြေအနေမကောင်းဘူးဆိုတာတော့လင်ပန့်ရှသိတယ် တစ်လမ်းလုံးတိတ်တဆိတ်နဲ့ဆင်းသွားပြီးဝင်းထဲရောက်တော့မှရုတ်တရက်လင်ပန့်ရှဘက်လှည့်လာပြီးတောင်းပန်ကြောင်းပြောသည်။

စုန့်ချင်းလော်စိတ်လွတ်သွားတာကိုလင်ပန့်ရှစိတ်မဆိုး စိတ်မဆိုးတဲ့အပြင်စိတ်ထဲမှာနာကျင်မှုအပြည့်ဖြစ်နေသည် : "ဘာတောင်းပန်စရာရှိလို့လဲ" အဲ့ဒီနှစ်ကဘာဖြစ်ခဲ့လဲဆိုတာသူမသိတာကြောင့်စုန့်ချင်းလော်ကိုဘယ်လိုနှစ်သိမ့်ရမလဲမသိ သတိထားလျက်လက်ချောင်းများနှင့်စုန့်ချင်းလော်၏လက်ဖဝါးကိုချိတ်တွယ်လိုက်သည် : "တကယ်လို့ကူပေးလို့ရမယ့်နေရာရှိရင်မင်းပြောနော်"

စုန့်ချင်းလော်ကခဏတိတ်ပြီးမှ : "ကိုယ့်ပါးသေတာက အရမ်းရုတ်တရက်ဆန်လွန်းတယ်"

လင်ပန့်ရှချိတုန်ချတုံဖြင့် : "အဲ့ဒီပန်းချီကားကြောင့်လား?"

"ဖြစ်နိုင်တယ်"စုန့်ချင်းလော်ကဆိုတယ် : "တခြားအကြောင်းအရာကြောင့်လည်းဖြစ်နိုင်တယ် ဒီကိစ္စကဆယ်နှစ်ကျော်သွားတာတောင်အဖြေမထွက်သေးဘူး"

လင်ပန့်ရှအသံတိုးတိုးနဲ့ပြောလိုက်တယ် : "ပြီးသွားပြီကို"

"မပြီးသေးဘူး"စုန့်ချင်းလော်ကပြောတယ် "တစ်သက်လုံးမပြီးသေးဘူး"သူ့အမူအရာကအေးစက်နေသည်။အဲ့ဒီနှစ်ကကိစ္စကိုပြောလိုက်တာနဲ့ မျက်ဝန်းထဲတွင်ရေသေကဲ့သို့လှိုင်းမရှိတော့ပေ။

နဂိုကတည်းကစုန့်ချင်းလော်အဖေရဲ့အလုပ်ကရှေးဟောင်းသုတေသနကိုး ဒါပေမဲ့ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတွေကိုထိတွေ့ကိုင်တွယ်နေတာများတော့ ရိသွမ်းကျစ်းဝုတချို့နဲ့မလွဲမသွေတွေ့ရမှာပဲ ဒီလိုနဲ့ပဲ ရိသွမ်းကျစ်းဝုတွေကိုအထူးပိတ်သိမ်းတဲ့စောင့်ကြည့်သူနဲ့မှတ်တမ်းတင်သူတွေနဲ့ပါတဖြေးဖြေးပေါင်းသင်းဆက်ဆံလာတယ် အိမ်ကိုလည်းထူးထူးဆန်းဆန်းပစ္စည်းတွေကိုစယူလာတယ် အဲ့ဒီထဲကမှ အရိုးစုသရဲပန်းချီလို့ခေါ်တဲ့ပန်းချီကားကိုပါ

《အရိုးစုသရဲပန်းချီ》ဆိုတာစစ်မှန်တဲ့ပန်းချီကားတစ်ချပ်ဖြစ်တာမလို့နိုင်ငံရဲ့ပထမအဆင့်ပြတိုက်ထဲမှာရှိနေတယ် အရမ်းကိုတန်ဖိုးကြီးတဲ့အရာလည်းဖြစ်တယ် လူကြားမှာပြဖို့မဖြစ်နိုင်ပေမဲ့စုန့်ချင်းလော်ရဲ့အဖေကတော့ အဲ့ဒီပန်းချီကားကိုယူလာတယ် အထူးအကဲဖြတ်သူဆီယူသွားပြီးနောက်မှာတော့ အတုဆိုတာရှာတွေ့ခဲ့တယ်

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now