အပိုင်း ၇၆ [ တစ္ဆေဈေး ] (1)
⟨⟨လူဟောင်း⟩⟩
ယောကျာ်းတွေကမျက်နှာလိုမျက်နှာရအရမ်းလိုချင်တာ ကိုယ်လုပ်ခဲ့တဲ့ရှက်စရာအကောင်းဆုံးကိစ္စကိုသဘောအကျဆုံးလူသိသွားခဲ့ရင်အရမ်းဝမ်းနည်းမိမှာ
နေ့တစ်ဝက်လောက်လင်ပန့်ရှရှင်းပြပြီးမှသူ့ကိုလီစူးရောင်းစားလိုက်ကြောင်းရှင်းပြလိုက်နိုင်သည်။ဒါပေမဲ့လီစူးဘယ်လိုပဲသိက္ခာချချ စုန့်ချင်းလော်ဆိုတာ သူ့စိတ်မှာတော့ချစ်စရာအကောင်းဆုံး အတော်ဆုံးလူပဲ စုန့်ချင်းလော်ကတိတ်တဆိတ်နားထောင်ပြီးမှထရပ်လိုက်ပြီးဆေးလိပ်ထွက်သောက်လိုက်ဦးမယ်ဟုပြောလာသည်။
လင်ပန့်ရှ : "ဆေးလိပ်မသောက်နဲ့ အိမ်မှာကလေးရှိတယ်လေ"
ဆိုဖာပေါ်မှာခြေထောက်လေးတွေကိုလွှဲယမ်းနေကြတဲ့ရှောင်ဟွားနဲ့ရှောင်ခူးကိုကြည့်လိုက်ကာအိတ်ထဲကဆေးလိပ်ကိုပြန်ထည့်ထားလိုက်သည်။
"ပြောပြလို့ရမလား?"လင်ပန့်ရှသတိကြီးကြီးနဲ့မေးလိုက်တယ် "တကယ်ပဲ........ဒီလိုပစ္စည်းကိုဘာလို့ဝယ်ခဲ့တာလဲ"
စုန့်ချင်းလော်ကနာရီကြည့်လိုက်ပြီး : "အင်္ကျီလဲလိုက် ကိုယ်မင်းကိုတစ်နေရာခေါ်သွားမယ်"
လင်ပန့်ရှ : "ဘယ်သွားမှာလဲ?"
"သွားတာနဲ့သိလိမ့်မယ်"
လင်ပန့်ရှအင်္ကျီလဲလိုက်ပြီးစုန့်ချင်းလော်နဲ့လိုက်သွားလိုက်သည်။
ဒီရက်ပိုင်းရာသီဥတုကပူအိုက်လာတယ် တော်သေးတာက နေကျနေပြီ အပူကြောင့်ချွတ်ထားရတာများသည်။ရပ်ကွက်အပြင်ရောက်တော့စုန့်ချင်းလော်ကကားငှားလိုက်ပြီးလင်ပန့်ရှမကြားဖူးတဲ့လိပ်စာတစ်ခုကိုပြောလိုက်သည်။
မြို့သစ်ကိုကားဖြတ်သွားပြီးနောက် လင်ပန့်ရှဘယ်တုန်းကမှမလာဖူးတဲ့မြို့ဟောင်းဘက်ရောက်လာသည်။သူတို့နေတဲ့နေရာနဲ့မတူတာက ဒီဘက်ကအိမ်တော်တော်များများကအိမ်ဟောင်းတွေဖြစ်နေတာ ဟောင်းနေပေမဲ့လည်းဈေးကတော့လုံးဝမနည်းဘူး ငါးဆယ်ခြောက်ဆယ်စတုရန်းမီတာအခန်းလေးကို ရာချီသောင်းချီရောင်းလို့ရတယ် ဒီနေရာမှာလင်ပန့်ရှတစ်ဘဝလုံးဝယ်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်
YOU ARE READING
အရိုးစုသရဲပန်းချီ「骷髅幻戏图」
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန် ________________________ အရိုးစုသရဲပန်းချီ「...