အပိုင်း ၂၉ [ ကတိပြုထားသောမြေ ] (2)

1.5K 203 6
                                    

အပိုင်း ၂၉ [ ကတိပြုထားသောမြေ ] (2)

⟨⟨ပျောက်ဆုံးနေသူ⟩⟩

လေယာဉ်ကွင်းကိုလာကြိုတဲ့ကားနှစ်စီးရှိသည် ။ တစ်စီးကိုအိတ်တင်ပြီးသူတို့သုံးယောက်လုံးနောက်တစ်စီးမှာစီး၏ ။ ကားပေါ်တွင်လီယဲ့ကဟိုလူတွေနဲ့ဆွေးနွေးနေသည် ။ လေထုကလည်းအတော်လေးအဆင်ပြေနေသည် ။ စုန့်ချင်းလော်ကဖုန်းသုံးနေပြီးတစ်ယောက်ယောက်နဲ့စကားပြောနေသလိုပဲလင်ပန့်ရှသာဘာမှလုပ်စရာမရှိတာကြောင့်သမ်းလိုက်ပြီးရောက်ဖို့ဘယ်လောက်ကြာမလဲမေးလိုက်တယ်

"အဲ့ဒီနေရာကအရမ်းခေါင်တယ်ငါတို့မနက်ဖြန်မှရောက်နိုင်မယ်"လီယဲ့ကသူ့ကိုပြန်ဖြေပေး၏ "မြို့ထဲကနေစမောင်းရင်အနည်းဆုံးရှစ်နာရီကြာတယ်ညကျရင်အနီးတစ်ဝိုက်မှာပဲနေရမယ်ဒါကပြည်တွင်းမဟုတ်လို့အန္တရာယ်ရှိတယ်မင်းတို့ညဘက်လျှောက်သွားလို့မရဘူး"

လင်ပန့်ရှလိမ်လိမ်မာမာနဲ့ဟုတ်ပြီလို့ပြောလိုက်တယ်

စုန့်ချင်းလော်ကမေးတယ် : "လီစူးရဲ့သတင်းမရသေးဘူးလား?"

လီယဲ့ကရုတ်တရက်တိတ်သွားပြီးမှစကားလုံးနှစ်လုံးပြောလာသည် : "ဟင့်အင်း"

စုန့်ချင်းလော်ထပ်မမေးတော့ပေ

နာရီဝက်လောက်ကြာပြီး‌နောက်မြို့လယ်ကတည်းခိုခန်းတစ်ခုမှာရပ်သွားသည် ။ လင်ပန့်ရှတစ်လမ်းလုံးရုရှားရဲ့လမ်းတွေကိုကြည့်လိုက်ခဲ့သည် ။ ဒီနိုင်ငံရဲ့အချိန်တွေကရပ်နေသလိုမျိုးအဆောက်အအုံတော်တော်များများကရှေးဟောင်းပုံစံဖြစ်နေ၏ ။ လမ်းတွေကလည်းအရမ်းသန့်ရှင်းနေပြီးလမ်းသွားလမ်းလာလည်းသိပ်မများပေ ။ ဒီခဏလေးမှာတင်ကောင်းကင်ကမှောင်သွား၏ ။ လီယဲ့ကခရီးဆောင်အိတ်ကိုထားလိုက်ပြီးဝရံတာကိုသွားလိုက်သည် ။ တိတ်တဆိတ်နဲ့လမ်းပေါ်ကမီးရောင်တွေကိုကြည့်နေရင်းဘာတွေးနေလဲမသိပေ ။

လင်ပန့်ရှအခန်းထဲကနေသူ့နောက်ကျောကိုကြည့်နေပြီးသူ့ရဲ့ဘေးကိုသွားလိုက်ပြီးတော့ဆေးလိပ်တစ်လိပ်ပေးလိုက်ပြီး : "သောက်မလား?"

လီယဲ့ကသူ့ကိုတစ်ချက်ကြည့်လာပြီးဆေးလိပ်ကိုယူလိုက်ရင်းကျေးဇူးတင်ကြောင်းပြောလာသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now