အပိုင်း ၃၆ [ ကတိပြုထားသောမြေ ] (9)

1.1K 199 17
                                    

အပိုင်း ၃၆ [ ကတိပြုထားသောမြေ ] (9)

⟨⟨စဉ်းစားမိသောအရာ⟩⟩

ဖန်ဝင်းရှူးဒီထဲပထဆုံးအကြိမ်ပေါ်လာတုန်းကအမျိုးသမီးတစ်ယောက်ရဲ့အလောင်းတစ်လောင်းပေါ်လာခဲ့သည်။

အမျိုးသမီးကိုသူသိသည်။ဟယ်စေးမန့်လို့ခေါ်ပြီးသူ့အဖွဲ့ထဲကပါတနာပင်။သွက်သွက်လက်လက်မိန်းကလေးတစ်ယောက်ဖြစ်ပြီးဝေးလံတဲ့တရုတ်တစ်နေရာကနေရောက်လာသည်။ကြမ်းတမ်းတဲ့စရိုက်ရှိပြီးပထမဆုံးညမှာတင်သူ့ကိုရုရှားအရက်ဆိုင်ဆီဆွဲခေါ်သွား၏။သူမတစ်ခုခုပြောချင်နေတယ်ဆိုတာဖန်ဝင်းရှူးသိပေမယ့်သူမထုတ်မပြောနိုင်ခဲ့ပေအခုထိသူမမျက်နှာနီရဲနေပြီးသူ့ကိုရှုံးတိလို့ခေါ်ခဲ့တဲ့အမူအရာကိုသတိရနေ၏။အရက်ကသူမကိုပိုလှစေတယ်ဖန်ဝင်းရှူးရဲ့နှလုံးလှုပ်ရှားသွားသည်။အဲ့ဒီအချိန်မှာပဲဖန်ဝင်းရှူးအရှေ့တိုးသွားရင်းသူမရဲ့အရက်ကြောင့်စိုစွတ်နေတဲ့နှုတ်ခမ်းကိုနမ်းချင်ခဲ့သည်။

ဒါပေမဲ့ဖန်ဝင်းရှူးမလုပ်ခဲ့ဖန်ဝင်းရှူးစိတ်ထိန်းလိုက်၏။မိမိဟာသူမကိုကောင်းမွန်တဲ့ဇာတ်သိမ်းတစ်ခုမပေးနိုင်မှန်းသိတာကြောင့်အစမပျိုးသင့်ပေသူတို့ဒါကိုလုပ်လိုက်ရင်ဘာဇာတ်သိမ်းကောင်းရှိနိုင်မှာလဲဖန်ဝင်းရှူးဝမ်းနည်းစွာတွေးမိလိုက်သည်။အတွေ့အကြုံများတဲ့သူကအဲ့ဒီတောအုပ်ထဲမဖြတ်နိုင်သူဘာဆုတောင်းခဲ့လဲဆိုတာမေ့သွားသည်။ယောင်ဝါးဝါးနဲ့မှတ်မိတာကသူမပျောက်သွားခင်စူးရှရှငိုသံကြားလိုက်ရသည်ပင်

ဟယ်စေးမန့်ရဲ့ငိုသံပဲသူမကအနက်ရောင်ရွှံ့တွေအဖြစ်ပြောင်းသွားတဲ့သူ့လက်ကိုတွဲထားရင်းကူကယ်ရာမဲ့နေတဲ့ကလေးတစ်ယောက်လိုမျိုးငိုနေသည်။သူမသူ့ကိုအသက်ရှင်ကျန်စေချင်တယ်သူ့ကိုရင်ခွင်ထဲထည့်ဖတ်ထားချင်ပေမယ့်အကုန်အချည်းနှီးပင်

ဖန်ဝင်းရှူးပျောက်သွားသည်။

သူဒီထဲထပ်ပေါ်မလာသင့်ပေမယ့်မျက်စိရှေ့ရှိမိန်းကလေးဟာအပေးအယူလုပ်လိုက်သည်။သူမဆုတောင်းလိုက်တာက___ဖန်ဝင်းရှူးကိုလုံလုံလောက်လောက်အသက်ရှင်စေချင်သည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now