အပိုင်း ၃၁ [ ကတိပြုထားသောမြေ ] (4)

1K 215 7
                                    

အပိုင်း ၃၁ [ ကတိပြုထားသောမြေ ] (4)

⟨⟨ဘယ်သူကအစစ်လဲ⟩⟩

"အဲ့ဒါဆိုငါခဏနေပြီးတာနဲ့သွားမယ်"အားလျဲ့ခဲ့ရှဲ့မှမည်းမှောင်စွာပြောသည် "မင်းငါ့ကိုမတားနဲ့"

လင်ပန့်ရှလက်ရမ်းပြလိုက်ပြီးမင်းသဘောလို့ပြလိုက်တယ်ကုတင်ပေါ်တက်လွယ်အိတ်ယူပြီးစထွက်ဖို့ပြင်လိုက်သည် ။

အားလျဲ့ခဲ့ရှဲ့ကသူ့ကိုဘေးကနေရပ်ကြည့်နေရင်းလင်ပန့်ရှတံခါးဖွင့်လိုက်ပြီးသွားဖို့ပြင်လိုက်မှအလောတကြီးပြောလာသည် : "လင်မင်းတကယ်သွားမလို့လား?"

လင်ပန့်ရှကဆိုတယ် : "မဟုတ်ရင်ရော?"

အားလျဲ့ခဲ့ရှဲ့ကပြောတယ် : "ဒီအိမ်ထဲမှာမတွေ့ရသေးတဲ့ရွှေတွေရှိနိုင်တာပဲမင်းဒီလိုထွက်သွားနိုင်လို့လား?"

လင်ပန့်ရှသူ့ကိုတစ်ချက်ကြည့်လိုက်သည်။အကြည့်ထဲတည်ငြိမ်မှုနှင့်သံသယသာရှိနေ၏ ။

ဒီလိုအကြည့်မျိုးကအားလျဲ့ခဲ့ရှဲ့ကိုမသက်မသာခံစားရစေတာကြောင့်အလောတကြီးပြောလာသည် : "မင်းစောင့်ဦးငါသွားရှာပေးမယ်!တခြားဟာရှာတွေ့ဦးမယ်ဆိုတာသေချာတယ်"

သူပြောရင်းနံရံထောင့်ဆီရောင်သွားပြီးလက်ထဲကကိရိယာနဲ့အုတ်တွေကိုထုနေ၏ ။ မီးခိုးရောင်အုတ်ခဲများဟာသူ့ကြောင့်ကြွေကျလာပြီးဖုန်ထလာသည် ။ သူ့လက်ကဖုန်တွေကိုသုတ်လိုက်ချိန်မှာတကယ်ပဲတောက်ပတဲ့ရွှေရောင်ထွက်လာသည် ။

"ကြည့်ကြည့်!!"အားလျဲ့ခဲ့ရှဲ့စိတ်လှုပ်ရှားစွာအော်လိုက်သည် "မင်းကြည့်လေဒီအနောက်မှာတကယ်ပဲရွှေတွေရှိသေးတယ်!!!"

လင်ပန့်ရှအိတ်ထောင်ထဲကဓားမြှောင်ကိုဆုပ်ကိုင်လိုက်ပြီးဆိုလိုက်တယ် : "ဘယ်လိုလဲ?မင်းအကုန်လုံးကိုယူသွားနိုင်လို့လား?"

"ငါမနိုင်ဘူးဒါပေမဲ့ငါတို့ဆိုရင်တော့ရတယ်လေ"အားလျဲ့ခဲ့ရှဲ့စိတ်လှုပ်ရှားစွာပြောလိုက်တယ် "ငါတို့နှစ်ယောက်ရွှေတွေသယ်ပြီးထွက်သွားလို့ရတယ်ဘယ်လောက်ရှိရှိယူရအောင်"

လင်ပန့်ရှကပြောတယ် : "မလိုဘူး"

အားလျဲ့ခဲ့ရှဲ့ကသူ့ကိုအထူးအဆန်းတစ်ကောင်လိုအံ့အားတသင့်ကြည့်လာပြီး : "မင်းဘာပြောလိုက်တယ်?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now