အပိုင်း ၄၀ [ လက်ကိုင်ပဝါပစ်ကြမယ် ] (2)

1.3K 191 11
                                    

အပိုင်း ၄၀ [ လက်ကိုင်ပဝါပစ်ကြမယ် ] (2)

⟨⟨ကစားကွင်းထဲသို့ဝင်ခြင်း⟩⟩

ဝမ်ခဲကိုယ်ပေါ်တွင်ချွေးစေးများပြန်လာ၏  : "အခုဘယ်လိုလုပ်ကြမလဲ??"

"ဘာလုပ်နိုင်သေးလို့လဲ!"ရှောင်းဝေ့ချီကပြောတယ် "ပြန်လမ်းကိုရှာရမှာပေါ့ဒီမှာပဲသေမှာစောင့်မလို့လား?"

"ငါတို့ပြန်သွားမယ်?"ဝမ်ခဲကဆိုတယ် "ဒါပေမဲ့ခုနကသွားပြီးပြီလေပြန်သွားလို့မှမရတာ........."

"ဘယ်ဘက်ကိုသွားမယ်"မုန့်မုန်အကြံပေးလိုက်တယ် "ဒီရိုလာကိုစတာကိုကြည့်ရင်းငါကြက်သီးထလာတယ်"

ဒီထဲလူသေထားတာမကြာသေးတော့သူတို့နဲ့ဝေးလေကောင်းလေပဲ

ရှောင်းဝေ့ချီကပြောတယ် : "နည်းနည်းလောက်ဆက်သွားလိုက်ရင်ရွှမ်ကျွမ်မုမာရှိတယ်ငါတို့အဲ့ဒီမှာပဲမိုးလင်းအောင်စောင့်ကြမလား?"

ဒါကပိုပြီးကျိုးကြောင်းသင့်တယ်ရွှမ်ကျွမ်မုမာကမတော်တဆဖြစ်ဖူးတဲ့ဒီရိုလာကိုစတာထက်တော့ပိုကောင်းမှာလူတစ်စုကရှောင်းဝေ့ချီ‌ ပြောတဲ့နေရာကိုပဲဦးတည်သွားလိုက်သည်။အရှေ့သွားရင်းသွားရင်းပတ်ပတ်လည်မှာမြူထူလာပြီးသဲသဲကွဲကွဲမမြင်ရတော့ဘူးမုန့်မုန်သွားနေရင်းရုတ်တရက်ရပ်သွားကာအသံမှာတုန်ခါနေလျက် : "သိပ်မမှန်သလိုပဲအဲ့ဒီရိုလာကိုစတာရဲ့သံလမ်းကဘယ်လိုလုပ်ငါတို့ခေါင်းပေါ်ရောက်နေတာလဲ"

အားလုံးခေါင်းမော့ကြည့်လိုက်တော့ခေါင်းပေါ်မှာရှိနေတဲ့ရိုလာကိုစတာပတ်လမ်းကို‌တွေ့လိုက်ရတယ်ဒါကဓာတ်ပုံရိုက်တဲ့နေရာပဲအရှေ့ကိုနည်းနည်းဆက်သွားလိုက်တာနဲ့ရိုလာကိုစတာစီးဖို့တန်းစီရတဲ့နေရာရောက်ပြီသူတို့လမ်းထပ်ပျောက်ပြန်ပြီပြီးတော့ရိုလာကိုစတာနဲ့တောင်ပိုနီးလာသေးတယ်

"ဝူးဝူးဝူးဝူး........"လူစုထဲအသက်အငယ်ဆုံးဖြစ်သူကျန်ရိုရိုဒီလိုထူးထူးဆန်းဆန်းတွေကိုမခံနိုင်တော့ပဲငိုချလိုက်သည်။သူမရဲ့ယောကျာ်းလေးသူငယ်ချင်းဖန့်ကျစ်ရုံလည်းအသံတိုးတိုးနဲ့နှစ်သိမ့်ပေးလိုက်သည်။ဘာမှမဖြစ်လောက်ပါဘူးအများဆုံးသရဲတစ္ဆေနဲ့တွေ့ရမှာမထင်ထားတာကကျန်ရိုရိုဒါကိုနားထောင်ပြီးဝမ်းနည်းတကြီးပိုငိုလာသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now