အပိုင်း ၆ [ အခန်း 1303 ] (6)

1.8K 280 7
                                    

အပိုင်း ၆ [ အခန်း 1303 ] (6)

⟨⟨ရှင်းရန်နည်းလမ်း⟩⟩

အမျိုးသမီးထွက်လာပြီးနောက် လျိုရှီးနှင့် လင်ပန့်ရှတို့ ဝစီပိတ်ကျင့်နေပြီးဘေးတွင် အသက်တောင်ရဲရဲမရှူရဲပဲ ရပ်နေသည် ။ တော်သေးသည်မှာ အမျိုးသမီးကသူတို့ကို အခက်တွေ့အောင်မလုပ်ခဲ့ပေ ။ စကားလုံးအချို့ကိုပြောပြီးတာနဲ့ လှည့်ထွက်သွားသည် ။ ဝမ်ကျင်းချောင်မှာလည်း အရင်နေရာမှာတင် အချိန်အတော်ကြာ ရပ်ကြည့်နေပြီး သူတို့ကို အသံတိုးတိုးဖြင့်ပြောလာသည် : "ဒါဘယ်လို အခြေအနေတုန်း? အဲ့ဒီ အမျိုးသမီးရဲ့စိတ်မှာ ပြဿနာ တစ်ခုခု ရှိနေတာလား?"

"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ?" လျိုရှီးက ငိုချတော့မည့်ပုံ ။သူဟာမျက်နှာကိုသုတ်လိုက်ချိန် နှာခေါင်းထိပ်ရှိ ချွေးအေးများကို သုတ်လိုက်သည် ။ "ဒီကိစ္စက သိပ်ပုံမှန် မဟုတ်ဘူး"

ဘေးရှိ လင်ပန့်ရှမှ တိတ်တဆိတ် ခေါင်းငြိမ့်လာသည် ။

"ပြီးတော့ လင်ကောကားနောက်ခန်းမှာ တကယ်ပဲ ကြွက်ကိုတွေ့ခဲ့တာလား?"စိတ်ငြိမ်သွားပြီးနောက်မှာ လျိုရှီးကလည်း ဒီကိစ္စက ပုံမှန် မဟုတ်ဘူးလို့ထင်တယ် လင်ပန့်ရှဆီ သံသယအပြည့်နှင့် လှည့်ကြည့်လာသည် ။

လင်ပန့်ရှရဲ့မျက်နှာက တည်ငြိမ်နေပြီး မူမပျက်ပြောလာသည် : "တွေ့ခဲ့တယ်"

"တကယ်လား?" လျိုရှီးကမယုံသေးပေ ။

"တကယ်" လင်ပန့်ရှမှ အသေအချာ ဆိုလာသည် ။

လျိုရှီး မှာလင်ပန့်ရှက အခိုင်အမာဆိုတာကို တွေ့တဲ့အခါ လက်လျော့ရန်သာရှိတော့သည် ။ ဒါပေမဲ့ ပြန်တဲ့တစ်လမ်းလုံး လျိုရှီးက ဆေးလိပ်သောက်နေရင်း *ရှည်နေတဲ့မျက်နှာကို ဆွဲထား*သည်

(TN//စိုးရိမ်တဲ့အကြည့်နဲ့ကြည့်)

လင်ပန့်ရှကသူ့ဘေးမှာထိုင်ပြီး အနားယူနေသည် ။ ဌာနကိုရောက်တော့မှ လျိုရှီးမှ : "လင်ကောရေ ငါ ရက်နည်းနည်းလောက် ဘုံကျောင်းသွားပြီး အဆောင်သွားတောင်းလိုက်ဦးမယ် ကောကိုရော တစ်ခုယူလာပေးရမလား?"

"မလိုပါဘူး" လင်ပန့်ရှမှ ပြောသည် "ငါအဲ့ဒါတွေကို မယုံဘူး"

"မင်းမယုံသေးဘူးလား?"လျိုရှီးမှပြော၏ "အခုညကကိစ္စတွေက သိပ် ပုံမှန် မဟုတ်ဘူး.........အထူးသဖြင့် ဟိုအမျိုးသမီး အပြုံးက ငါ့တစ်ကိုယ်လုံး ကြက်သီးတောင်ထသွားတယ်"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now