အပိုင်း ၅၁ [ မိန့်မိန် ] (2)
⟨⟨သူ့ရဲ့ဟယ်ရှောင်ဟွားကဘယ်သူလဲ⟩⟩
ဦးလေးရဲ့ဒီစကားကိုကြားလိုက်တာနဲ့လင်ပန့်ရှရဲ့ဒေါသဟာအမြင့်ဆုံးရောက်သွားကာအော်ဟစ်လိုက်သည် : "ခင်ဗျားဘာတွေလီဆယ်ပြောနေတာလဲ?ရှောင်ဟွားသေပြီ?ကျုပ်နဲ့ကစားခဲ့တဲ့ဟာကဘာလဲမသိဘူး??ကျုပ်ကိုလှည့်စားဖို့အတွက်ဒီလိုလိမ်ပြောတယ်ပေါ့??"
"ငါ.......ငါမင်းကိုမလှည့်စားဘူးကွ!!"ဦးလေးကအကျယ်ကြီးအော်လိုက်တယ် "ငါမင်းကိုမလှည့်စားဘူး--သူမအစောကြီးကတည်းကသေသွားပြီ!!"
"ကောင်းပြီရှောင်ဟွားသေသွားပြီလို့ခင်ဗျားပြောတယ်နော်ဒါဆိုအုတ်ဂူရှိရမယ်"လင်ပန့်ရှအေးစက်စက်ရယ်လိုက်ပြီး "သူမရဲ့အုတ်ဂူဘယ်မှာလဲဆိုတာခင်ဗျားပြောနိုင်လား?!"
ဦးလေးကဆိုတယ် : "အုတ်.......အုတ်.......အုတ်ဂူကဟေးစုန်းရှန်းသုဿန်မှာရှိတယ်မင်းမိဘတွေနဲ့အတူမြှုပ်ထားတာ......သူမတကယ်သေသွားပြီ......."သူပြောရင်းပြောရင်းယုံကြည်ချက်မရှိသလိုမျိုးအသံကပိုပိုတိုးသွားသည်။
ဒီဆွေမျိုးရဲ့စကားကိုလင်ပန့်ရှဘယ်လိုယုံရမှာလဲသူအေးစက်စက်ပြုံးလိုက်ပြီး : "သူမသေသွားပြီလို့ခင်ဗျားပြောခဲ့တယ်နော်?ခင်ဗျားလည်းသူမကိုတွေ့ဖူးရဲ့သားနဲ့သူမနဲ့စကားတောင်ပြောဖူးတယ်လေ--"
ဘယ်သူသိမှာသူဒါကိုပြောတုန်းရှိသေးဦးလေးရဲ့တစ်ကိုယ်လုံးကတုန်လာတယ်သူ့နှုတ်ခမ်းတွေအကြာကြီးလှုပ်သွားပေမယ့်ဘာမှပြောမလာပေ။လင်ပန့်ရှဆက်ပြီးဘယ်လိုမေးမေးထပ်ပါးစပ်မဟတော့
လင်ပန့်ရှပိုပိုတုန်လှုပ်လာမှာကိုစုန့်ချင်းလော်စိုးရိမ်မိတာကြောင့်သူ့ပခုံးကိုခပ်ဖွဖွပုတ်လိုက်ပြီးအသံနိမ့်နိမ့်ဖြင့် : "ပန့်ရှအရင်ဆုံးစိတ်အေးအေးထားနော်"
ဒေါသကြောင့်နီရဲနေတဲ့မျက်ဝန်းနဲ့စိုက်ကြည့်နေတဲ့လင်ပန့်ရှခံစားချက်မဲ့စွာအင်းပြောလိုက်ပြီးစုန့်ချင်းလော်ရဲ့စကားကိုနားထောင်ကာဦးလေးကိုဆွဲထားသည်ကိုလွှတ်လိုက်သည်။
"သူမသေသွားပြီလို့မင်းလည်းပြောခဲ့တယ်မလား?"လင်ပန့်ရှတည်ငြိမ်အောင်ကြိုးစားလိုက်တယ်
YOU ARE READING
အရိုးစုသရဲပန်းချီ「骷髅幻戏图」
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန် ________________________ အရိုးစုသရဲပန်းချီ「...