အပိုင်း ၁၉ [ မရဏပျော်ပွဲ ] (1)

2K 226 7
                                    

အပိုင်း ၁၉ [ မရဏပျော်ပွဲ ] (1)

⟨⟨ရွာထဲသို့ဝင်ခြင်း⟩⟩

တောင်ပေါ်တွင်မိုးသည်းထန်စွာရွာနေပြီးနောက်ဆုံးရပ်သွား၏ ။

နွေဦးဖြစ်တာကြောင့်စုပုံနေတဲ့နှင်းတွေက နေရဲ့တောက်ပမှုအောက်မှာ တဖြေးဖြေး ရေအဖြစ်ပျော်သွားပြီး တောင်အနောက်ဖက်ရှိ ချောင်းရေနှင့်ရောသွားသည် ။ သေးငယ်တဲ့ချောင်းလေးကနေမြစ်အဖြစ်တစ်ဟုန်ထိုးပြောင်းသွား၏ ။ မြစ်ဘေးမှာရေသယ်ဖို့ရပ်နေတဲ့ ကျန်ရော့နမ်က ကားသံကြားလိုက်ရသည် ။

ရွာသည် ဝေးလံခေါင်သီသော နေရာတွင် တည်ရှိပြီး အများအားဖြင့် အပြင်လူများကို လပေါင်းများစွာ မတွေ့ရတတ်ပေ။ ဒါပေမဲ့ဒီနှစ်နွေဦးအစမှာ ရွာထဲမှာထူးဆန်းတာတွေခဏခဏဖြစ်လာတယ် ရွာသူကြီးလည်းမတတ်နိုင်တော့ပဲ အကူအညီတောင်းဖို့ အပြင်ဘက်ကိုဆက်သွယ်တော့တယ် ရက်အနည်းငယ်ကြာပြီးနောက်မှာ အပြင်ကနေလွှတ်လိုက်တဲ့လူတွေကရွာထဲဝင်ပြီးအခြေအနေကိုစစ်ကြည့်ပေမယ့် လုံးဝအဆင်မပြေပေ ။

ကျန်ရော့နမ်ကဒီကိစ္စတွေကိုသိပ်ဂရုမစိုက်တာကြောင့်ရေပုံးကိုမလိုက်ပြီး ရွှံ့လမ်းလေးအတိုင်း ဖြေးဖြေးချင်း အိမ်ကိုပြန်ဖို့လုပ်သည် ။ ရွာထိပ်ရောက်တော့ အဲ့ဒီထူးဆန်းတဲ့လူတစ်စုကိုတွေ့လိုက်ရ၏ ။

သူတို့လာတဲ့အချိန်တုန်းကလေးယောက်ပေမယ့် အခုအချိန်မှာတော့နှစ်ယောက်ပဲကျန်နေတယ် ကားရှေ့မှာရပ်နေပြီး ကား‌ ရှေ့ဖုံးကိုမပြီးတစ်ခုခုရှာနေသလိုပင် ။ နောက်တစ်ယောက်ကျတော့မောင်းတဲ့နေရာမှာထိုင်နေရင်း အဆက်မပြတ်ဆဲနေသည် ။ သူကအဝေးကနေလာတဲ့ကျန်ရော့နမ်ကိုတွေ့တော့ ပိုဒေါသထွက်သွားသလိုပင် ။

"ငါဒီရွာထဲမှာသရဲရှိတယ်လို့ထင်တယ်" ဆဲနေတဲ့သူကနည်းနည်းလေးမှပတ်ပတ်လည်ကိုဂရုမစိုက်ပဲ ပါးစပ်ကသာအော်နေသည် : "ဘယ်လိုသွားရတော့မှာလဲ!!"

"မင်းမပြောနဲ့တော့" တခြားတစ်ယောက်ရဲ့စိတ်ဓာတ်ကသိပ်မဆိုးပဲအဖော်ကိုကြိုးစားနှစ်သိမ့်နေ၏ : "ငါထပ်ကြည့်လိုက်ဦး‌မယ် ကြည့်ရင်းတခြားနည်းလမ်းစဉ်းစားနိုင်မှာပါ......"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now