အပိုင်း ၂၅ [ မရဏပျော်ပွဲ ] (7)
⟨⟨လူသေနှင့်စွပ်ပြုတ်⟩⟩
"ဘယ်လိုနေလဲ?"စုန့်ချင်းလော်ကသူ့အမူအရာမမှန်တာကိုတွေတော့"တစ်ခုခုတွေ့ခဲ့လို့လား?"
"တစ်ခုရှိတယ်အဲ့ဒီအသားပုပ်ပေါ်မှာတစ်ခုခုရှိနေတယ်ကျောက်တုံးလိုမျိုး"လင်ပန့်ရှရဲ့ကိုယ်က အေးလို့လားတခြားအကြောင်းအရင်းကြောင့်လားမသိနည်းနည်းတုန်နေသည် "ငါလက်နဲ့ခွဲထုတ်ကြည့်လိုက်တော့ခံစားချက်က......သိပ်မကောင်းဘူး"
စုန့်ချင်းလော်ကလင်ပန့်ရှအဲ့ဒီပစ္စည်းကိုထိခဲ့တယ်လို့ကြားလိုက်ချိန်မှာအမူအရာကလေးနက်သွားပြီးဆိုတယ် : "မင်းအရင်တက်လာခဲ့"ပြောရင်းလင်ပန့်ရှဆီလက်ဆန့်ထုတ်လာသည် ။
လင်ပန့်ရှစုန့်ချင်းလော်ဘာလို့ဒီလောက်အသံကသြနေလဲဆိုတာမသိပေမယ့်လိမ်လိမ်မာမာနဲ့ပဲစုန့်ချင်းလော်ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည် ။ စုန့်ချင်းလော်ရဲ့လက်မောင်းအားနဲ့လင်ပန့်ရှကိုရေထဲကနေဆွဲတင်ချင်ပေမယ့်သူ့ခြေထောက်အောက်ကကျောက်ခဲအစတွေကိုတက်နင်းမိသွားတာကြောင့်စုန့်ချင်းလော်ခြေလှမ်းမှားသွားပြီးနှစ်ယောက်လုံးရေထဲပြုတ်ကျသွား၏ ။
ကံကောင်းတာကစုန့်ချင်းလော်ရဲ့တုံ့ပြန်ချက်ကအရမ်းမြန်၏ ။ ကိုယ်ဘေးကချောပြီးစိုနေတဲ့နံရံကိုဖမ်းကိုင်လိုက်တာကြောင့်နှစ်ယောက်လုံးငြိမ်သွားသည် ။ ဒါပေမဲ့စုန့်ချင်းလော်ရဲ့ကိုယ်တစ်ဝက်လောက်ကရေထဲကျပြီးနေပြီပင် ။ သူအသက်ပြင်းပြင်းရှူလိုက်ပြီးလင်ပန့်ရှကိုရေထဲကနေဆွဲထုတ်လိုက်၏ ။
လင်ပန့်ရှကမ်းပေါ်တက်လာပြီးမျက်နှာကိုသုတ်လိုက်ရင်း : "မင်းအဆင်ပြေရဲ့လား?"
စုန့်ချင်းလော်ကပြောတယ် : "အဆင်ပြေတယ်"
လင်ပန့်ရှကပြောလိုက်တယ် : "ဆက်ပြီးဘယ်လိုလုပ်ကြမလဲ?အဲ့ဒီဟာကိုထုတ်လာဖို့မလိုဘူးလား?"
"မင်းထိလိုက်တဲ့ဟာမလား?"စုန့်ချင်းလော်ထပ်အတည်ပြုဖို့မေးလိုက်တယ်
လင်ပန့်ရှသူ့အမူအရာမမှန်တာကြောင့်တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ခေါင်းညိမ့်လိုက်ပြီး : "ငါရှာတွေ့တဲ့အချိန်တုန်းကသတိမထားမိပဲလွတ်သွားတယ်"
YOU ARE READING
အရိုးစုသရဲပန်းချီ「骷髅幻戏图」
Horrorအရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း + အချပ်ပို ၇ ချပ် ထွက်ရှိခဲ့သည့်နှစ် - 2020 မူရင်း - jjwxc ကျင့်ကျန်းစာပေမြို့တော် ဗမာဘာသာပြန် ________________________ အရိုးစုသရဲပန်းချီ「...