အပိုင်း ၄၁ [ လက်ကိုင်ပဝါပစ်ကြမယ် ] (3)

1.1K 186 3
                                    

အပိုင်း ၄၁ [ လက်ကိုင်ပဝါပစ်ကြမယ် ] (3)

⟨⟨ကစားပွဲစပါပြီ⟩⟩

လူအုပ်ထဲကယောကျာ်းလေးတစ်ယောက်ကမခံနိုင်တော့ပဲ : "ငါတို့သေမှာကြောက်တယ်ဒါ‌ပေမဲ့မင်းလည်းငါတို့ကိုတမင်မခြောက်လို့မရဘူးလား?!"

"ချင်ဝင်ပေါ်မပြောနဲ့တော့"တစ်ဦးတည်းသောမှတ်တမ်းတင်သူမိန်းကလေးတစ်ယောက်ကသူ့အင်္ကျီစကိုဆွဲလိုက်သည်။

ချင်ဝင်ပေါ်မပျော်မရွှင်နဲ့ပဲရပ်လိုက်သည်။လင်ပန့်ရှသူ့ကြည့်ရသလောက်တော့နှစ်ဆယ်ကျော်လောက်ပဲရှိမယ်ထစ်ခနဲဒေါသထွက်တတ်တဲ့အရွယ်ပဲရှိသေးတယ်ဒီမှတ်တမ်းတင်သူလေးယောက်ထဲတစ်ယောက်ထဲကပဲစိတ်လှုပ်ရှားမနေတာတစ်ယောက်ပဲရှိတယ်နှမြောစရာကသဘောထားကြီးပုံမရဘူးအမူအရာလည်းမရှိဘူး

ရှန်ကျွင်းယန့်ကသူ့ကိုအမြင်မကပ်တဲ့အပြင်ရယ်ပါရယ်နေသေးသည် "ဒေါသမထွက်ပါနဲ့သူငယ်ချင်းလေးရေဘယ်နားမှာတမင်ခြောက်နေလို့လဲသတိပေးရုံပါပဲ"

ချင်ဝင်ပေါ်ဆီကဘာအသံမှထွက်မလာပေမဲ့မျက်နှာပေါ်မှာတော့မကျေနပ်ဘူးလို့ရေးထား၏။

စကားပြောရင်းရိုလာကိုစတာဆီရောက်သွားသည်။လင်ပန့်ရှခေါင်းမော့လိုက်တော့ခေါင်းပေါ်ရှိရိုလာကိုစတာသံလမ်းကိုတွေ့လိုက်ရသည်။သူခုနကကစားကွင်းထဲဝင်တုန်းကဒီပတ်လမ်းကကျိုးနေခဲ့တာကိုမှတ်မိတယ်ဒါပေမဲ့အခုကျတော့အ‌ကောင်းတိုင်းရှိ‌နေတယ်ဒီလိုဖြစ်ရပ်ကအားလုံးကိုပြောနေတယ်သူတို့အခုရှိနေတဲ့နေရာကခုနကကျားယွဲ့ကစားကွင်းမဟုတ်ဘူး

မသိလိုက်ဘာသာနဲ့ပတ်ပတ်လည်မှာမြူတွေဆိုင်းလာတယ်မြူတွေထဲမှာလည်းအဝေးရှိအော်ဟစ်သံကလည်းနီးလာတယ်လင်ပန့်ရှခေါင်းမော့လိုက်တော့ရိုလာကိုစတာတစ်စီးလာနေတာကိုတွေ့လိုက်ရတယ်ခဏလေးအတွင်းမှာပဲသူတို့ရပ်နေတဲ့အပေါ်ကိုရောက်လာတယ်

အကုန်လုံးအသံအတိုင်းလိုက်ကြည့်တော့ရုတ်တရက်ရောက်လာတဲ့ရိုလာကိုစတာကိုတွေ့လိုက်ရတယ်တဟုန်ထိုးဖြတ်သွားတဲ့ခဏမှာပဲအိုက်ရှင်းရှန်းရုတ်တရက်ခံစားမိလိုက်တာကနှင်းစက်လိုမျိုးမျက်နှာပေါ်ကျလာတဲ့ရေစက်ကိုပဲသူအစကမြူနှင်းတွေလို့ထင်ခဲ့ပေမယ့်အပိုင်းပိုင်းဖြစ်နေတဲ့အရာတစ်ခုကရိုလာကိုစတာပေါ်ကနေပြုတ်ကျလာတာ

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now