အပိုင်း ၂၇ [ မရဏပျော်ပွဲ ] (ဆုံး)

1.4K 218 11
                                    

အပိုင်း ၂၇ [ မရဏပျော်ပွဲ ] (ဆုံး)

⟨⟨ဘယ်ကလာလာ ဘယ်ကိုသွားသွား⟩⟩

တစ်လမ်းလုံးစုန့်ချင်းလော်ကအိပ်လိုက်လာသည်။ပြတင်းပေါက်ဘေးကျုံ့အိပ်နေပေမယ့်သူ့အနေအထားကအဆင်မပြေတာကြောင့်လင်ပန့်ရှသူ့ကိုမှီချင်လားလို့မေးလိုက်သည် ။ စုန့်ချင်းလော်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှီချလိုက်သည် ။

အရှေ့ဘေးခုံမှာထိုင်နေတဲ့သူကနှစ်ယောက်ရဲ့အပြန်အလှန်မှီခိုမှုကိုမြင်လိုက်ပြီးနောက်မျက်လုံးပြုတ်ကျသွားပြီးအတော်ကြာမှအကြည့်ကိုရွှေ့နိုင်၏ ။

လင်ပန့်ရှကတော့သတိမထားမိပဲဖုန်းထုတ်လိုက်ပြီးစိတ်အားထက်သန်စွာဖုန်းဆော့နေလိုက်သည်။ သူ့ဖုန်းကရက်အတော်ကြာလိုင်းမမိခဲ့ပေမယ့်အခုသုံးလို့ရပြီပင် ။ မကိုင်မိလိုက်တဲ့ဖုန်းအဝင်အများစုကကျိလဲ့ရွှေဆီကပဲ ကျိလဲ့ရွှေစာပို့ထားပြီးစမေးသည်နှင့်နွေးထွေးမှုအပြည့်ရှိနေသည် ။ နောက်ဆုံးတစ်ကြောင်းကသာမျက်လုံးပြူးမျက်စံပြူးအော်ထားသည်ထင် : "လင်ပန့်ရှမင်းတကယ်လို့ငါ့ကိုစာမပြန်တော့ရင်ငါရဲတိုင်တော့မှာနော်??မင်းစုန့်ချင်းလော်ရဲ့ပြန်ပေးဆွဲခံရပြီးကျောက်ကပ်ရောင်းခံလိုက်ရတာလား??‌သာ့ကောရေတောင်းဆိုပါတယ်နော်ငါ့ကိုဖုန်းဆက်ပေးပါ___"

အဲ့ဒီလိုအကြောင်းအရာတွေနဲ့တင်စာတစ်ရာလောက်ရှိမယ်လင်ပန့်ရှသူ့ကိုအသံတိုးတိုးနဲ့အသံဖိုင်ပြန်ပို့လိုက်ပြီးမိမိဘာမှမဖြစ်ကြောင်းနှင့်အရင်ရက်‌တွေကလိုင်းမရလို့ဟုပြောလိုက်၏ ။

စုန့်ချင်းလော်ကအိပ်မောကျနေလျက်ဘေးမှာဘာဖြစ်နေတယ်ဆိုတာဂရုမစိုက်နိုင်ပေ။

ကားကရွာထဲကနေထွက်လာပြီးမြို့လေးထဲရောက်လာပေမယ့်လုံးဝမရပ်ပဲအရှိန်နဲ့အမည်မသိနေရာတစ်ခုကိုဆက်သွားနေတုန်းပင် ။ လင်ပန့်ရှကားထဲထိုင်နေရင်းဘယ်ကိုသွားနေလဲမေးလို့လည်းမကောင်းပေ ။ ခဏလောက်ဒုက္ခရောက်နေပြီးနောက်စုန့်ချင်းလော်နဲ့အတူလိုက်အိပ်လိုက်သည် ။

သူနိုးလာချိန်မှာတော့အစကသူ့ပခုံးပေါ်မှီနေတဲ့စုန့်ချင်းလော်ကပြန်အမှီခံထားရပြီးသူ့တစ်ကိုယ်လုံးစုန့်ချင်းလော်ရဲ့ရင်ခွင်ထဲမြုပ်နေ၏ ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now