အပိုင်း ၁၀ [ အခန်း 1303 ] (10)

1.6K 256 2
                                    

အပိုင်း ၁၀ [ အခန်း 1303 ] (10)

⟨⟨ဗီဒီယိုထဲတွင်⟩⟩

ကျင်းဝမ်ချောင်ဟာ သရဲတစ္ဆေမယုံကြည်သူ တစ်ယောက်ဖြစ်၏ ။ အခုဘဝ နောက်ဘဝဆိုတာလည်း မယုံ ၊ နတ်ဘုရားတွေ နတ်ဆိုးတွေရှိတာလည်းမယုံပေ။ လူသေပြီးရင် သဂြိုဟ်ခံရမယ်ဆိုတာပဲသိသည် ။ ဘဝမှာဘယ်လောက်ပဲကောင်းကောင်း သေပြီးရင် မြေကြီးပဲဖြစ်သည် ။ သူကအသက်ရှင်နေတုန်း အလောင်းတစ်ထောင်လောက်မတွေ့ဖူးပေမဲ့ရှစ်ရာတော့ရှိလောက်မည် ။ ရောဂါကြောင့်သေတာ ၊ မတော်တဆကြောင့်သေတာ ၊ ကိုယ့်ကိုယ်ကိုသတ်သေတာ ၊ သူများကလာသတ်တာ အစကတွေ့ပြီးတုန်လှုပ်နေတတ်ပေမယ့် နောက်တော့ ထုံသွားပြီပင် ။

ဝမ်ကျင်းချောင်ရဲ့ မျက်လုံးထဲမှာတော့ အလောင်းကောင်ဆိုတာ အသက်မရှိတော့တဲ့အသားတုံးပင် ။ အလောင်းကောင်ကလှုပ်နိုင်လို့လား? ဒီပြဿနာကို ဝမ်ကျင်းချောင် ဘယ်တော့မှ မစဉ်းစားဖူးပေ ။ သေပြီး‌သားလူရဲ့ သဘာဝကိုကမလှုပ်နိုင်တော့ပေ ။ တစ်ခါတရံ တစ်ချက် လှုပ်တတ်ပေမယ့် ရူပဗေဒအရ ရှင်းပြလို့ရသေးသည် ။ အဲ့ဒါကြောင့်အဲ့နေ့ညမှာ သူရေခဲခန်းကနေ အသံကြားလိုက်ချိန် ပထမဆုံးတုံ့ပြန်မှုက သက်ရှိအရာတစ်ခုခု အထဲရောက်နေသည်ပင် ။

ဝမ်ကျင်းချောင်ကအများကြီး မစဉ်းစားနိုင်ပေ ။ ဂရုမစိုက်ပဲ ရေခဲခန်းရဲ့အရှေ့ကိုသွားပြီးတစ်ချက်ဆွဲလိုက်သည် ။ အလောင်းကိုဆွဲဖွင့်စစ်ဆေးလိုက်ပြီး သေသေချာချာနဲ့ အထဲမှာ ဘာရှိနေလဲ တစ်ခေါက်ကြည့်ကြည့်လိုက်၏ ။ ဘာမှမတွေ့တာကြောင့် သူသတိမထားမိခင် ဝင်သွားသည့် အကောင်အသေးလေးဖြစ်လောက်မည် ။

အလောင်းအိတ်က စစ်ဆေးသည့်ခုံပေါ်မှာ ငြိမ်သက်စွာရှိနေပြီး အထဲရှိအလောင်းပုံစံကို မမြင်ရအောင် ကွယ်ထား၏ ။ ဝမ်ကျင်းချောင် ဂရုတစိုက်ကြည့်လိုက်ပြီး အလောင်းအိတ်ကိုဆွဲဖွင့်လိုက်သည် ။ ဆွဲဖွင့်လိုက်ချိန်မှာပဲ သူတွေ့လိုက်ရသည် ။ ပါးစပ်ကနေနိမ့်ကျတဲ့ အဆဲစကားများထွက်လာ၏ ။ သေချာပေါက် အလုပ်လုပ်ပုံက အသစ်တွေပဲ ။ အလုပ်ကို အလေးမထားဘူး ဒါကိုတောင် မေ့ခဲ့တယ်

ဝမ်ကျင်းချောင်ဟာ ပြန်ပိတ်လိုက်ပြီး အအေးခန်းထဲပြန်တွန်းထည့်လိုက်သည် ။ အပြင်ကထိုင်ခုံမှာ ပြန်ထိုင်လိုက်၍ ဖုန်းဆော့ရင်း ညစောင့်နေလိုက်၏ ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now