အပိုင်း ၆၂ [ အိမ်မက် ] (8)

925 157 3
                                    

အပိုင်း ၆၂ [ အိမ်မက် ] (8)

⟨⟨ဇဝေဇဝါ⟩⟩

ယောကျာ်းလေးတွေပဲမလို့မရှက်သင့်ဘူးလို့လင်ပန့်ရှထင်ပေမဲ့ဘာလို့လဲမသိစုန့်ချင်းလော်ရဲ့အကြည့်ကအပူချိန်တိုင်းကိရိယာလိုမျိုးတစ်နေရာကိုရောက်လာတာနဲ့အဲ့ဒီတစ်နေရာကပူတက်လာသည်။သူ့ပခုံးကအဖိခံထားရပြီးစုန့်ချင်းလော်ကလှည့်ခိုင်းသည်။နောက်တော့အနောက်ကနေပေါ့ပါးတဲ့သက်ပြင်းချသံတစ်သံထွက်လာ၏။သူ့မြှီးရိုးနေရာကိုလည်းပျော့ပျောင်းနူးညံ့တဲ့လက်ချောင်းနဲ့တစ်ချက်ဖိလိုက်သည်ကိုခံစားလိုက်ရသည်။

"ကိုယ်သိနေတယ်"စုန့်ချင်းလော်ကပြောတယ် "ဘာဖြစ်လို့ဒီလောက်နှေး‌နေတာလဲ"

"ဘာကို?"

"ဒဏ်ရာရှိနေတယ်"စုန့်ချင်းလော်ကဆိုတယ် "မခံစားရဘူးမလား?"ဘေးမှာချထားတဲ့မှန်ကိုယူလိုက်ပြီးထောင့်တစ်ထောင့်ရွေးကာလင်ပန့်ရှရဲ့အမြင်အာရုံထဲပို့ပေးလာသည်။မှန်ကနေတစ်ဆင့်ခါးပေါ်ရှိအနီရောင်အရာကြီးကိုတွေ့လိုက်ရသည်။ဒါပေမဲ့သူနည်းနည်းလေးမှမခံစားရ

"ငါဘာမှမခံစားရဘူး"

စုန့်ချင်းလော် : "အဆောင်ထဲမှာဆေးရှိလား?မရှိရင်ဆေးခန်းသွားရမယ်"

လင်ပန့်ရှ : "အရက်ပြန်ရှိတယ်"ရှေ့ရှိဗီရိုဆီလျှောက်သွားပြီးဂွမ်းနဲ့အရက်ပြန်ကိုထုတ်လိုက်ကာစုန့်ချင်းလော်ကိုပေးလိုက်သည်။

စုန့်ချင်းလော်လည်းယူလိုက်ပြီးလင်ပန့်ရှရဲ့ဒဏ်ရာကိုသေသေချာချာလုပ်ပေးနေသည်။အရက်ပြန်ဟာအေးနေသည်ကြောင့်ဒဏ်ရာပေါ်ကပ်လိုက်ချိန်နာကျင်မှုအနည်းငယ်ရှိသည်။ဒါပေမဲ့လင်ပန့်ရှကတော့ပိုစိတ်လှုပ်ရှားနေသည်။စုန့်ချင်းလော်ရဲ့လက်ချောင်းတွေကသူ့အရေပြားပေါ်မှာနူးညံ့စွာနှိပ်စက်‌နေသည်ကိုရှင်းရှင်းလင်းလင်းခံစားမိနေလျက်အမည်မသိယားယံမှုကိုပါယူဆောင်လာသည်။

ဒဏ်ရာကိုဖြေရှင်းပြီးတော့ကိုယ့်အင်္ကျီကိုယ်ပြန်ယူလိုက်သည်။စုန့်ချင်းလော်ကဘာဖြစ်လို့ကူချွတ်ကူဝတ်ပေးနေရတာလဲသူ့အကြည့်ကိုအောက်ချထားလိုက်သည်။ခံစားချက်မှာနူးညံ့ပျော့ပျောင်းနေလျက်,လင်ပန့်ရှကိုကြယ်သီးတစ်လုံးချင်းစီတပ်ပေးပြီးနောက်သူ့ခေါင်းကိုပါပွတ်သပ်လိုက်သည် : "သတိနည်းနည်းထားပါဦး"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now