အပိုင်း ၇ [ အခန်း 1303 ] (7)

1.8K 264 43
                                    

အပိုင်း ၇ [ အခန်း 1303 ] (7)

⟨⟨ပလတ်စတစ် အမျိုးသမီး‌မော်ဒယ်⟩⟩

စုန့်ချင်းလော်မှ ကျိလဲ့ရွှေအား သည်ကိစ္စက ဖြေရှင်း၍ရသည်ဟု မျှော်လင့်ချက် ပေးလိုက်ပြီးနောက် ကျိလဲ့ရွှေရဲ့စိတ်အခြေအနေမှာ ပြန်ကောင်းလာခဲ့၏ ။ လူကလည်း စိတ်ပေါ်မူတည်နေသည် ။ ကျိလဲ့ရွှေကမျက်လုံးတောက်တောက်ကြီးများနှင့် စုန့်ချင်းလော်အားကြည့်နေပြီး အကြည့်ကြောင့် ခန္ဓာကိုယ်မှာ အပေါက်ဖြစ်မှာတောင်စိုးရ၏ ။

ကျိလဲ့ရွှေ၏ စိတ်အားထက်သန်နေတဲ့အကြည့်ကို ရင်ဆိုင်နေရတဲ့ စုန့်ချင်းလော်ဟာ အေးစက်နေတုန်းပါပဲ ။ ကျိလဲ့ရွှေကို လာနေလို့ရပေမယ့် အိမ်ထဲမှာတစ်ယောက်ထဲနေရမယ်လို့ပြောလိုက်သည် ။ ကျိလဲ့ရွှေရဲ့ စိတ်ကိုပြန်မြှင့်ရမယ့်အတွက် သူကဘေးအိမ်မှာသွားနေလိမ့်မည် ။

ကျိလဲ့‌ရွှေမှဆိုလာ၏ "ဆိုတော့ မင်းဆိုလိုတာက ငါတို့နှစ်ယောက် နေရာလဲရမှာပေါ့ ငါကဒီလာပြီး မင်းကဘေးခန်းကိုသွားမှာပေါ့?"

စုန့်ချင်းလော် : "ဟုတ်တယ်"

ကျိလဲ့ရွှေကဆိုသည် "‌ဒါပေမဲ့ငါကဘာလို့မင်းနေရာမှာနေရင် အဆင်ပြေမှာလဲ?"သူကသတိထားပြီးဆိုလာ၏ "မင်းတကယ်လို့မပြောဘူးဆိုရင်လည်း ငါအတင်းတောင်းဆိုမှာ........."

စုန့်ချင်းလော်က သူ့ကိုတစ်ချက်ကြည့်လာပြီး စကားလေးလုံးသာပြောလာသည် "အဆိပ်ကို အဆိပ်နဲ့တိုက်"

ကျိလဲ့ရွှေ : "......" နားမလည်သော်လည်း အသုံးဝင်မည့်ပုံပင် ။

လင်ပန့်ရှကဘေးဘက်ရှိ ဆန့်ကျင်ဘက်ရှိ ဧည့်ခန်းတစ်နေရာမှာ အစီအရီထားထားတဲ့ သေတ္တာတွေကိုဝေ့ကြည့်လိုက်ပြီး ဂရုစိုက်လျက်ဆိုလာ၏ "စုန့်လူကြီးမင်း......တကယ်လို့ ကျိလဲ့‌ရွှေသာ သတိမထားမိပဲ သေတ္တာကိုဖွင့်လိုက်မိရင်ရော........?"

စုန့်ချင်းလော်ကပြော၏ "အာ့ဆိုရင် သူအိမ်ကိုထမင်းပြန်စားရလိမ့်မယ် ဒါမှမဟုတ် တစ်ရွာလုံး သူ့အိမ်ကိုထမင်းလာစားလိမ့်မယ်"

(TN//အိမ်ကိုထမင်းပြန်စားရမယ်ဆိုတာ သေရမှာကိုစောင့်ခိုင်းတာပါ တစ်ရွာလုံးလာစားတာကျတော့ သေရင် ရက်လည်ထမင်းလာစားကြတာ•~•)

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now