အပိုင်း ၄၃ [ လက်ကိုင်ပဝါပစ်ကြမယ် ] (5)

1K 186 8
                                    

အပိုင်း ၄၃ [ လက်ကိုင်ပဝါပစ်ကြမယ် ] (5)

⟨⟨ပိုးမွှားဖမ်းစက်⟩⟩

ခေါင်းတောင်မလှည့်ရသေးရှိသမျှလူအကုန်ဘာလို့ပျောက်သွားလဲဆိုတာလင်ပန့်ရှတွေးမရဘူးပတ်ပတ်လည်ကမြူ‌တွေနဲ့သူတစ်ယောက်ထဲရပ်နေမိတယ်နဂိုကတည်းကဒီကစားကွင်းနဲ့မရင်းနှီးတာကြောင့်သူဦးတည်ချက်ပျောက်သွား၏။

ကစားကွင်းထဲခဏလောက်ပတ်နေပေမယ့်ဘာမှမတွေ့ရဘူးလူလည်းမရှိဘူးထူးဆန်းတာလည်းမရှိဘူးတကယ်လို့ထူးထူးဆန်းဆန်းမြူ‌‌တွေမရှိဘူးဆိုရင်သူသာမန်ညလိုမျိုးကစားကွင်းထဲဝင်မိတယ်ထင်မှာပျောက်သွားတဲ့ကျောင်းသားတွေကဒီထဲမှာရှိနေရင်သူတို့ကရိုလာကိုစတာနားမှာပျောက်သွားတာပဲဖြစ်မယ်ရိုလာကိုစတာနားသွားရှာတာပိုကောင်းမယ်

လင်ပန့်ရှရဲ့အတွေးကပုံမှန်လူတွေနဲ့မတူဘူးသာမန်လူတွေဆိုရင်အဲ့ဒီနေရာနဲ့ဝေးနိုင်သလောက်ဝေးဝေးနေမှာပဲဒါပေမဲ့သူကတော့အကြောက်တရားကိုမခံစားတတ်တာကြောင့်ကျောင်းသားတွေကအဲ့နားတစ်ဝှိက်မှာပဲရှိနိုင်တယ်

လင်ပန့်ရှရဲ့ကံကတကယ်ကောင်းတယ်နှစ်လှမ်းမလှမ်းရသေးခင်မှာပဲကျောင်းသားတစ်ယောက်ကိုတွေ့လိုက်ရသည်။အဲ့ဒီကျောင်းသားကကြောက်လန့်နေပြီးအမူအရာကလည်းသရဲနဲ့တွေ့လာသလိုပဲ

လင်ပန့်ရှသူ့ကိုမခေါ်ရသေးခင်မှာပဲထွက်ပြေးတာကြောင့်လင်ပန့်ရှလိုက်ဖမ်းရုံသာ

နှစ်ယောက်သားအရှေ့တစ်ယောက်နောက်တစ်ယောက်ရှိနေပြီးတစ်ယောက်ကပြေးတစ်ယောက်ကလိုက်နေ၏။နောက်လုံးလင်ပန့်ရှမိသွားသည်။အဲ့ဒီကျောင်းသားကမြေကြီးပေါ်လှဲချလိုက်ပြီးကလေးတစ်ယောက်လိုမျိုးငိုနေတယ်ပါးစပ်ကလည်းသူ့ကိုလွှတ်ပေးဖို့ရေရွတ်နေသည်။

လင်ပန့်ရှအသက်ရှူတောင်မဝတော့သူ့ဘေးသွားလိုက်ကာမတတ်နိုင်စွာဆိုတယ် : "မင်းဘာလို့ပြေးနေတာလဲငါမင်းအသက်ကိုလည်းမလိုချင်ဘူး"

"မင်းငါ့ကိုမလိမ်နဲ့!"အဲ့ဒီကျောင်းသားကယောကျာ်းလေးဖြစ်ပြီးနှာရည်တွေနဲ့မျက်ရည်‌တွေကိုပါပွတ်သုတ်၍ရှိုက်ကာဆိုသည် : "မင်းဘာလုပ်ချင်နေလဲဆိုတာသိတယ်ငါ့ကိုလွှတ်ပေးဖို့တောင်းဆိုပါတယ်ငါ့ကိုလွှတ်ပေးဖို့တောင်းဆိုပါတယ်ကွာ"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now