Ch 1

16.8K 223 11
                                    

''ဘာဒါ နင့်ကိုပေးစားမယ့် မိန်းမ ငါရှာတွေ့ထားပြီ''
''ဟင် အိုမား ဘာပြောလိုက်တာ''

စားနေတဲ့ ထမင်းလုတ်ပါ ပြုတ်ကျ  ..
တခါတလေလေး အမေ့အိမ်ပြန်မိပါတယ် ဘာမှန်းမသိတဲ့စကားတွေ စကြားရပြီ။ ဒီတစ်ခါ အဆိုးဆုံးတောင် ဖြစ်မယ်ထင်တယ်။

''ဘာလဲ ငါပြောတဲ့အထဲ ဘာလန့်စရာပါလို့လဲ''
"အိုမားကို ဘာဒါက မိန်းမယူမယ်လို့ပြောမိလို့လား
ယောင်္ကျားယူရင်လည်း ယူမှာပေါ့''
"အမလေးဟယ် ကိုယ့်ဟာကိုယ်လည်းပြန်ကြည့်ပါဦး
လမ်းကဖြတ်သွားတဲ့လူကို ခေါ်မေးရင်တောင် နင် မိန်းမယူမှာလို့ဖြေမယ့်ကိစ္စကို အမေလုပ်တဲ့ငါက မသိစရာလား''
"အိုမား''
''နေဦး ငါပြောတာမပြီးသေးဘူး
အဲတော့ ဘယ်ကမှန်းမသိတာတွေခေါ်မလာခင် ငါကြိုက်တဲ့မိန်းကလေးနဲ့ပေးစားမယ် ဒါပဲ''
''အိုမား အာပါးကရော ဘာပြောလဲ
တစ်ယောက်ထဲတွေ စီစဥ်နေတာ မဟုတ်ဘူးလား''
''နင့်အဖေကတော့ Studioတွေဘာတွေလုပ်မနေနဲ့  Dancerလည်းလုပ်မနေနဲ့ သူ့companyကိုပဲ ပေးချင်တယ်တဲ့ အမေ့မှာဘယ်လောက်ထိပြောပေးထားရတယ်ထင်လဲ ဘာဒါ.. companyအလုပ်ကို သမီးစိတ်မဝင်စားဘူးမလား
အဲဒါကြောင့် အမေပြောသလိုပဲ လုပ်ပါကွယ်
ပြီးတော့ ရှေ့နှစ်လောက်ဆို JJမှာပဲ အမေတို့သွားနေဖြစ်မှာလေ
သမီးကိုလည်း ခဏခဏလာမကြည့်ပေးနိူင်ဘူး
အမေပြောသလိုလုပ်လိုက်ပါကွယ်''

အိမ်မှာ အိုမားက အခရာပါ။
အာပါးက သူ့သဘောထားဝင်ပြောပြတတ်ပေမယ့် နောက်ဆုံးမှာ သူ့မိန်းမစကားအတိုင်းပါပဲ.. ဆိုတော့ ဒီကိစ္စမှာလည်း အိုမားက ကမ္ဘာကြီးကိုသူပိုင်တဲ့ဒီဇိုင်းနဲ့ပြောနေတာ အံ့သြစရာတော့မရှိပါ။

''တစ်ညလောက်တော့ စဥ်းစားမယ် အိုမား နော် နော်''
''စဥ်းစားလေ အိုမားပြောသလိုလုပ်မလား အာပါးပြောသလိုလုပ်မလား ဘာဒါကြိုက်တာရွေး သမီးသဘော''

သြော် အမေရယ်..။

Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Zawgyi



"အိုမား''
သမီးကိုလည်း ခဏခဏလာမကြည့်ပေးနိုင်ဘူး



သြော် အမေရယ်..။

ချစ်မိသော ပင်လယ် Where stories live. Discover now