Ch9

4.8K 148 1
                                    

အိုမား medical check upလုပ်တဲ့နေ့ ဆိုယွန်းရော ဘာဒါရော မအားလို့မလိုက်ပေးဖြစ်ကြဘူး..။
နောက်ရက်တော့ ဆိုယွန်းက နေ့လည်အားအောင်လုပ်ထားပြီး အိုမားနဲ့လျှောက်လည်ဖြစ်တယ်.
''အိုမား ခဏခဏလာနော်
ဘာဒါက မအားတာများတော့ အိုမားလာမှပဲ ဆိုယွန်းdateလုပ်ဖြစ်တာ''
''စိတ်ချ အိုမားလာတိုင်း ဆိုယွန်းနဲ့လျှောက်လည်ပေးမယ် သမီးအမေရော အဆက်အသွယ်ရလား အဆင်ပြေတယ်တဲ့လား''
''ပြေတယ် အိုမားက ဟိုကိုသွားလိုက်လာလိုက်လုပ်နေကျဆိုတော့ သူလည်း နေသားကျနေပါပီ ''
''ဆိုယွန်း သမီး
ဘာဒါနဲ့အဆင်ပြေတယ်မလား ဘာဒါက စိတ်ရင်းကောင်းပါတယ် သမီးကိုဂရုမစိုက်ရင် အိုမားကိုပြော သူကအလုပ်များတယ်လေ သိတယ်မလား''
''ဟုတ် ဂရုစိုက်ပါတယ် နှစ်ယောက်လုံးမအားကြတော့ သမီးလည်းနားလည်ပါတယ်. အိုမား သမီးcakeဆိုင်အသစ်တွေ့ထားတယ် အိုမားcakeကြိုက်တယ်ဆို သွားကြမလား''
''အင်း သွားမယ်လေ ''

ဆိုယွန်းက အိုမားနဲ့အဖွဲ့ကျနေတုန်း ဘာဒါမှာတော့ Scheduleတွေများလို့ အိုမားနဲ့တောင် မတွေ့ပေးနိုင်။
ဘာဒါအလုပ်မှာလည်း ဆိုယွန်းနဲ့အကြောင်းကို ဘာမှမပြောထားဘူး။ ဘယ်ကစပြောရမှန်းမသိလို့လည်းဖြစ်သလို ဆိုယွန်းကလည်း အခန်းတောင်ခွဲနေချင်တာမို့လို့ တစ်နေ့နေ့တော့ ကိုယ့်ကိုထားခဲ့မှာပဲလို့တွေးမိတယ်။ သူလည်း သူသဘောကျတဲ့လူရှိမှာပဲလေ. အလကားနေရင်း ကိုယ်နဲ့အကြောင်းလူတွေကိုလျှောက်ပြောလို့မဖြစ်ဘူးမလား။

''ssaem ဒီမှာ လာကြည့်ပေးပါဦး''

''လာပြီ''

ကလေးတွေကတာကြည့်ပေးရင်း ဟိုဟာပြင်ပေး ဒါပြင်ပေးနဲ့ပဲ တစ်နေကုန်။

အိုမားရှိတဲ့ရက်တွေ စောစောပြန်ဖြစ်တယ်
၁၀ နာရီလောက်ပေါ့😁။
ဘာဒါပြန်လာတော့ အိုမားက ဇာတ်လမ်းတွဲထိုင်ကြည့်နေတယ်။
''အိုမား ဆိုယွန်းရော''
''အထဲမှာ အလုပ်လုပ်နေတုန်း နေ့လည်က အိုမားနဲ့dateလုပ်ပေးတယ်လေ ''
''ဟုတ်လား ဘာဒါကိုကျ မခေါ်ဘူး အိုမားတို့က''
''ခေါ်ရင်လိုက်မှာလား''
''မလိုက်ဘူး😁😁''
''ဘာဒါ ဆိုယွန်းအလုပ်ခန်းထဲရောက်ဖူးလား''
''ဘာလို့လဲ''
''မေးကြည့်တာ''

ချစ်မိသော ပင်လယ် Where stories live. Discover now