Ch39🍬🔥

4.5K 136 22
                                    

မနက်ကျ ဂျယ်ဟွန်းက breakfastအတူစားဖို့ လှမ်းဖုန်းဆက်တယ်။

''noona နိုးပြီမလား
ကျနော်အောက်မှာ စောင့်နေမယ်
breakfastသွားစားရအောင်''

''အင်း ဂျယ်ဟွန်း မမဆင်းခဲ့မယ်''

အခန်းပြင်ထွက်တော့ သူ့အခန်းဘက်မသိမသာ ကြည့်ခဲ့မိသေးတယ်။
အခုထွက်မလာပါစေနဲ့ဆုတောင်းပြီး ဓာတ်လှေကားထဲအမြန်ဝင်ပြီးမှ သက်ပြင်းချနိုင်တော့တယ်။

အောက်ရောက်တော့ Lobbyမှာ ဂျယ်ဟွန်းကို ရှာလိုက်တယ်။

''noona''

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့
လက်ပြနေတဲ့ဂျယ်ဟွန်းအပြင် ဂျယ်ဟွန်းနားမှ ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်ထားပြီး ခေါင်းနည်းနည်းစောင်းငဲ့ပြီး ပြုံးပြနေတဲ့ဘာဒါ။
တိုးတိုးတိတ်တိတ်ဆင်းလာခဲ့လိုက်ရတာ ဒင်းက အောက်ကစောင့်နေတာပေါ့။ ဆိုယွန်းမျက်နှာတည်သွားတာမြင်တာနဲ့ ရယ်​ပြီး
ပုခုံးတွန့်ပြတယ်။
ဆိုယွန်း သူတို့အနားရောက်တော့

''ဂျယ်ဟွန်း မင်းအစ်မကို ပြောလိုက်ဦး''

''Bada nimလည်း လိုက်မလို့တဲ့ noona အတူသွားရအောင်''

ဘယ်တုန်းက အဲလောက်တောင်ရင်းနှီးချစ်ခင်သွားမှန်းမသိတဲ့ သူတို့နှစ်ယောက်က
မနေ့ကအထိ မန်နေဂျာချုပ်ဂျောင်နဲ့CEO Leeလို့ခေါ်နေရာကနေ
အခုတော့ bada nimနဲ့ဂျယ်ဟွန်းဖြစ်နေကြပြီ။ ဆိုယွန်းဘာမှမပြောနိုင်ပဲ ရှေ့ကထွက်ခဲ့တယ်။ သူကအနားကိုကပ်လိုက်လာပြီး

''breakfastတော့ အတူစားလို့ရတယ်မလာ''

ဆိုယွန်းဘာမှမပြောပဲ နှုတ်ခမ်းကိုအသာကိုက်ပြီး နှုတ်ဆိတ်နေရတယ်။ နောက်က ဂျယ်ဟွန်းကပ်လိုက်လာတယ်မလား။

ကားပါကင်ဆီသွားနေရင်း ဂျယ်ဟွန်းက
''အစ်မ အမေတို့ဖုန်းဆက်လား သားလေးသက်သာတယ်တဲ့လား ကျနော်ဖုန်းမဆက်လိုက်ရလို့''
ဆိုယွန်း ထိတ်ခနဲဖြစ်ပြီး သူ့ကိုမော့ကြည့်လိုက်တယ်။ ဘာအမူအယာမှမတုံ့ပြန်တဲ့သူက သားအကြောင်းသိပြီးသားလား မသိသေးတာလား ဝေခွဲရခက်လိုက်တာ။

''အင်း ဆက်ပြီးပြီ''ပြောပြီး ကားနားရောက်တော့ ဂျယ်ဟွန်းကားပေါ်တက်မလို့ ကားတံခါးဖွင့်လိုက်တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now