Ch14 🍬🍬

5.9K 135 3
                                    

နောက်ရက်တွေ ဘာဒါstudioသွားတိုင်း ဒါဟျွန်းက ခါတိုင်းထက်ပိုကပ်နေတတ်တယ်။ အုပ်စုလိုက်ဆိုင်ထိုင်လည်း ဘေးမှာထိုင်တယ်။ ပန်းကန်ထဲဟိုဟာထည့်ပေး ဒါထည့်ပေး။ ဘေးလူတွေတောင် သတိပြုမိတဲ့အထိ။
အဲ့နေ့က ဘာဒါ နေ့တစ်ဝက်အိမ်ပြန်တော့ အိမ်နားက Cafeမှာ ဆိုယွန်းနဲ့ဟိုလူထိုင်နေတာတွေ့ခဲ့တယ်။
ဘာတွေလဲ သူတို့က??

အိမ်ရောက်ပြီး ခဏနေတော့ ဆိုယွန်းပြန်ရောက်လာတယ်။
''ဘယ်ကပြန်လာ''

''အလုပ်''

''..''

ညာတယ်ပေါ့..။အခုလေးတင် ကော်ဖီဆိုင်မှာ ချိန်းတွေ့နေပြီးတော့..။

တကယ်တော့ ဆိုယွန်းကို ထယ်ဂျွန်းက သူ့သူငယ်ချင်းcompanyနဲ့တွဲလုပ်ပေးနိုင်မလားမေးနေတာ။ အလုပ်ကိစ္စဆွေးနွေးရင်းတွေ့ဖြစ်ကြတယ်ပေါ့။ ဆိုယွန်းလည်းလုပ်ပေးမယ်ပြောလိုက်တယ်။
ပြီးတော့ ဘာဒါအိမ်ပြန်ရောက်နေကြောင်း မီယွန်းကိုလှမ်းပြောလိုက်တယ်။

''ဘာဒါ မီယွန်းလာမယ်ပြောထားတယ် ရတယ်မလား''
''ဘာကိုလဲ''
''နားရက်မှာ ဧည့်သည်လာတော့ အနေခက်နေမှာစိုးလို့''
''ရပါတယ် အခုလာမှာလား''
''ခဏနေရောက်မှာ''

ခဏကြာတော့ အိမ်ရှေ့က ဘဲလ်တီးသံကြားတယ်။
ဆိုယွန်းတံခါးသွားဖွင့်လိုက်တာနဲ့ မီယွန်းက ''နင့်အိုပါးရော''လို့ တမင်အသံမြှင့်ပြီးအော်တယ်။
''ဟဲ့'' မီယွန်းပုခုံးကို အသာပုတ်လိုက်ပြီး ဧည့်ခန်းကိုမျက်စောင်းထိုးပြလိုက်တယ်။

ဘာဒါက လှည့်ကြည့်ပြီး
''ရောက်ပီလား အထဲဝင်ခဲ့လေ''
''ဟုတ် ရှိနေတာလား''
''ဟုတ်ကဲ့ ဒီနေ့ နေ့တစ်ဝက်နားလိုက်မလို့''
''ဆိုယွန်း ပါစတာစားချင်နေတာဆို ငါလိုတာလေးတွေဝယ်ခဲ့တယ်''
''အင်း ဟုတ်တယ် ဒါပေမယ့် ငါသေချာတော့မချက်တတ်ဘူး videoရှာပြီး ချက်ကြည့်ရမယ် လာ နောက်ဘက်လိုက်ခဲ့''
ဘာဒါလိုက်လာပြီး
''ဆိုယွန်း ပါစတာလုပ်ပေးရမလား''
''ဟို''
ဘာသဘောလဲ
မီယွန်းရှိလို့ တမင်လုပ်တာလား..။
''ဟုတ် ဆိုယွန်းက ပါစတာလုပ်တာတော့ ညံ့တယ် bada nimလုပ်တတ်ရင်လုပ်ပေးပါနော်'' မီယွန်းဝင်ပြောလိုက်တယ်။
''လာ ဆိုယွန်း ငါတို့ကူပေးလို့ရတာပဲ'' မျက်လုံးတစ်ဖက်မှိတ်ပြရင်း ဆိုယွန်းကိုခေါ်လိုက်တယ်။
ဘာဒါ ဆိုယွန်းလက်ထဲက Apronကိုယူလိုက်ပြီး ''အေးဆေးထိုင်စကားပြောကြ''

ချစ်မိသော ပင်လယ် Where stories live. Discover now