Ch21 🔥

5.8K 124 2
                                    

အဲဒီနောက်ပိုင်း ဆိုယွန်း စိတ်အပြောင်းအလဲဖြစ်အောင် freelanceအလုပ်ကိုရပ်ပြီး companyမှာအလုပ်ဝင်လိုက်တယ်။

အဲဒီနောက်ပိုင်း ဆိုယွန်း စိတ်အပြောင်းအလဲဖြစ်အောင် freelanceအလုပ်ကိုရပ်ပြီး companyမှာအလုပ်ဝင်လိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘာဒါကလည်း ဆိုယွန်းသဘောဆိုပြီး ဘာမှမပြောတော့။

ရုံးစတက်တဲ့နေ့။
ပထမဆုံးတက်တဲ့ရက်ဆိုတော့ နေသားကျအောင်ကြိုးစားရတယ်။
လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်းရင်းနှီးအောင်ကြိုးစားရင်း ညနေရုံးဆင်းတော့ ကုမ္ပဏီညစာစားပွဲလုပ်ပေးမယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာထိုင်ကြတယ်။ ဆိုယွန်းနဲ့အတူအသစ်ဝင်တဲ့နောက်တစ်ယောက်ကိုပဲ မိတ်ဆက်စကားပြောခိုင်းကြ သောက်ခိုင်းကြနဲ့ ငြင်းလို့လည်းမကောင်းတာမို့ နည်းနည်းတော့သောက်ဖြစ်တယ်။ အပျော်သဘောနဲ့ရည်းစားရှိလို့မေးကြပေမယ့် လူကလည်းမူးနေတော့ အိမ်ထောင်ရှိတယ်လို့ပြောလိုက်မိတယ်။ အားလုံးကမထင်ထားတာကြောင့် wowကနဲပေါ့။ ဘယ်အလုပ်လုပ်တာလဲမေးကြပေါ့ ။ Dancerပါပေါ့။(မူးနေတော့အကုန်ပေါ်)
ဆိုယွန်းက ပုံမှန်ဆို ဆိုဂျူတစ်ပုလင်းလောက်နဲ့တင် မူးတတ်သူမို့ မသောက်တာများတယ်။ အခုတော့ ဟိုသူငှဲ့ပေး ဒီသူငှဲ့ပေးတာလက်ခံနဲ့ ၃ပုလင်းလောက်ရှိနေပြီ။ ဆိုင်ကိုကြည့်ရတာလည်းချာချာလည်နေပြီ။ လူတွေလည်း လည်နေပြီမို့ အလုပ်ကလူတွေက အငှားယာဥ်မောင်းခေါ်ပေးတယ်။
အိမ်လိပ်စာပြောပြီး တိုက်ရှေ့ရောက်တော့ကားသမားက ကားသော့အပ်ခဲ့ပြီး ပြန်သွားတယ်။ ဆိုယွန်းကတော့ ကားနားမှာ ငုတ်တုတ်လေးထိုင်ပြီး အမူးလွန်ကျန်ခဲ့တယ်။
ခဏကြာတော့ ဘာဒါပြန်လာတယ်။ ကားမောင်းဝင်လာတာနဲ့ ကားနားမှာ ငုတ်တုပ်လေးထိုင်နေတဲ့ဆိုယွန်းကိုမြင်လိုက်တယ်။ ကိုယ့်ကားကိုပါကင်သွားထိုး ပြီး ဆိုယွန်းအနားလာကြည့်တော့ ဆရာမက မူးနေတာ။ဆိုယွန်းကားကိုပါ ပါကင်ထိုးပေးလိုက်ပြီး ဆွဲထူလိုက်တော့ သူ့လက်ထဲမြောက်ကနဲပါလာတယ်။ သေချာပွေ့ပြီး အပေါ်တက်ခဲ့ပြီး အခန်းထဲဝင်တော့ ဆိုယွန်းသူ့ကိုယ်ပေါ်ကရုန်းပြီး ဆင်းလိုက်တယ်။ ပြီးတော့ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး မော့ကြည့်တယ်။ ဆိုယွန်းအရပ်က 5'3''မို့လို့ 6'နီးပါးရှိတဲ့ဘာဒါကို တော်တော်ကြီးကိုမော့ကြည့်ရတယ်။ ပြီးတော့ မပြောမဆိုနဲ့ ဘာဒါလည်တိုင်ကိုလက်နဲ့ချိတ်လိုက်ပြီး ဘာဒါရဲ့ခြေခုံပေါ်တက်ပြီး ခြေဖျားထောက်လိုက်တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now