Ch26🍬

5.8K 109 5
                                    

နောက်ရက်တွေ ဆိုယွန်းရုံးပြန်တက်တယ်။
ညနေ ရုံးဆင်းချိန်ဆို ဘာဒါက မအားတဲ့ကြားက လာကြိုပေးတတ်တယ်။
ဒီနေ့လည်း ဆိုယွန်းအောက်ဆင်းစောင့်ပြီး ခဏဆို ဘာဒါကားလေးရောက်လာတယ်။

ဆိုယွန်းဝင်ထိုင်တော့ ဘာဒါကားစထွက်လိုက်တယ်။''ဆိုယွန်း ဆိုယွန်းကိုအိမ်ကိုပို့ပြီးရင် ကိုယ်ပြန်ထွက်ရမယ်နော် ''''ဟုတ်လား ကြာမှာလား''''အရမ်းတော့မကြာပါဘူး မနက်ဖြန်ပွဲအတွက် ဒီနေ့အကပြန်တိုက်ကြမလို့လေ''''ဘယ်သူ့ပွဲလဲ''''Taeyong''''ဟယ် လိုက်မယ်''ဘာဒါပြုံးပြီ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆိုယွန်းဝင်ထိုင်တော့ ဘာဒါကားစထွက်လိုက်တယ်။
''ဆိုယွန်း ဆိုယွန်းကိုအိမ်ကိုပို့ပြီးရင် ကိုယ်ပြန်ထွက်ရမယ်နော် ''
''ဟုတ်လား ကြာမှာလား''
''အရမ်းတော့မကြာပါဘူး မနက်ဖြန်ပွဲအတွက် ဒီနေ့အကပြန်တိုက်ကြမလို့လေ''
''ဘယ်သူ့ပွဲလဲ''
''Taeyong''
''ဟယ် လိုက်မယ်''
ဘာဒါပြုံးပြီး လှည့်ကြည့်လိုက်ရင်း ''ဘယ်လိုက်မှာတုန်း''
''အခုလေ လိုက်ပြီး စောင့်နေပေးမယ်လို့ အတူတူပြန်ရအောင် နော်''
ပုခုံးကိုမီပြီး လာချွဲတာကြောင့် ပြုံးလိုက်ရင်း
''ပင်ပန်းနေပြီမလား အိမ်ပြန်နားလိုက်ပါ ကိုယ်မကြာဘူး''
''မပင်ပန်းဘူး ရတယ် မကြာဘူးဆိုလိုက်စောင့်မယ်''
''အင်းပါ အင်းပါ''
အခု​နောက်ပိုင်း ဆိုယွန်းက ဘာဒါကို ရှိန်နေတာမျိုးသိပ်မရှိတော့ပဲ တခါတလေ ချွဲတတ်လာတယ်။
Studioကိုရောက်ပြီး ခဏနေတော့ Taeyongရောက်လာတယ်။ Taeyongကိုမြင်တော့ အရမ်းကိုပျော်နေတဲ့ဆိုယွန်းကို စချင်တာနဲ့ အရင်မိတ်မဆက်ပေးပဲ လေ့ကျင်ျ့ာအရင်စလိုက်ကြတယ်။ BEBEmemberတွေရယ် ဆိုယွန်းရယ်ပဲရှိတာမို့ ထိုင်ကြည့်နေတဲ့လူက ဆိုယွန်းတစ်ယောက်ပဲရှိတယ်။ Taeyongကို ပြုံးကြည့်ကြီး မတရားကိုပျော်နေတဲ့ဆိုယွန်းက သူ့ကိုတောင်မြင်ပုံမရတာကြောင့် အောင့်သက်သက်ဖြစ်ပေမယ့် ချစ်စရာကောင်းနေတာကြောင့် ခဏခဏလှမ်းကြည့်မိတယ်။ မဆိုယွန်းကတော့ မျက်လုံးချင်းတောင်ပေးမဆုံဘူး။ အားလုံးပြီးကြတော့ ဆိုယွန်းက ထရပ်ပြီး လက်ခုပ်တီးတယ်။ သူတို့ ဆိုယွန်းအနားလျှောက်သွားတော့ Taeyongက
''သူက မင်းရဲ့..? wife??''

ချစ်မိသော ပင်လယ် Where stories live. Discover now