Ch 10

4.5K 159 2
                                    

ဆိုယွန်းကို ဘာဒါက အားရင် Studioက လိုက်လည်ပါလားပြောလို့ ဆိုယွန်းတစ်ယောက်ဘာဝတ်သွားရမလဲ အသည်းအသန်စဥ်းစားနေတယ်။ Dancerကောင်မလေးလန်းလန်းလေးတွေကြားမှာ ကိုယ့်ပုံကို ပုံတုံးကြီးမဖြစ်ချင်တာမို့လို့ ဘာဒါရေချိူးနေတုန်း အဝတ်အစားတွေအကုန်ထုတ်ကြည့် ကိုယ်မှာကပ်ကြည့်နဲ့ ဗျာများနေတယ်။ တစ်ခန်းထဲနေရတော့ အရမ်းလှချင်နေတာ သူလည်းမသိစေချင်။ ဘာဒါရေချိူးပြီးတာနဲ့ အဝတ်အစားလဲပြီး ဧည့်ခန်းက စောင့်နေတယ်။

ဆိုယွန်းရေချိူးပြီးတော့ ဟိုဟာဝတ်ရနိုး ဒါဝတ်ရနိုးဖြစ်နေတုန်း ဘာဒါကအပြင်က တံခါးခေါက်တယ်။
''ဆိုယွန်းရေ နောက်ကျတော့မယ် မြန်မြန်လုပ်''

''ပြီးပြီ လာပြီ လာပြီ''

ဂါဝန်တိုလေးတစ်ထည်အမြန်ယူဝတ်ပြီး အပြင်ထွက်လိုက်တော့ ဘာဒါက ခြေဆုံးခေါင်းဆုံးကြည့်တယ်။ ပြီးတော့
''သွားရအောင်''ဆိုပြီး ကားသော့ကောက်ကိုင်ပြီး ထွက်တယ်။

နှစ်ယောက်သား Studioကိုရောက်တော့ အခန်းထဲက သင်တန်းသားတွေ သူ့တပည့်လေးတွေ အကုန်လုံးက cargo pantနဲ့T shirtဝတ်ထားကြတာများတယ်ဆိုတာ ဆိုယွန်းသိလိုက်တယ်။ ကိုယ့်ကိုကိုယ်မသိမသာငုံ့ကြည့်မိတော့ သူတို့နဲ့လားလားမျှမဆိုင် ဂြိုလ်သားတစ်ယောက်လိုကိုဖြစ်လို့။''ဆိုယွန်း...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နှစ်ယောက်သား Studioကိုရောက်တော့ အခန်းထဲက သင်တန်းသားတွေ သူ့တပည့်လေးတွေ အကုန်လုံးက cargo pantနဲ့T shirtဝတ်ထားကြတာများတယ်ဆိုတာ ဆိုယွန်းသိလိုက်တယ်။ ကိုယ့်ကိုကိုယ်မသိမသာငုံ့ကြည့်မိတော့ သူတို့နဲ့လားလားမျှမဆိုင် ဂြိုလ်သားတစ်ယောက်လိုကိုဖြစ်လို့။
''ဆိုယွန်းခဏထိုင်ဦး''
ဘာဒါပြောရင်း ဟိုဘက်ကိုစကားသွားပြောတယ်။ ပြောရင်း ဟိုက ဘယ်သူလဲလို့မေးကြတယ်ထင်တယ် ။ သူတခုခုပြောပြီး ဆိုယွန်းဘက်ကို ပြန်လျှောက်လာတယ်။ ဆိုယွန်းမော့ကြည့်လိုက်တော့ သူ့ဂျာကင်ကိုချွတ်ပြီး ဆိုယွန်းပေါင်ပေါ်အုပ်လိုက်တယ်။ ပြီးတော့တိုးတိုးကပ်ပြောသွားတယ်။
''စကပ်တိုလေးဝတ်လာတယ်''
ကိုယ် စကပ်တိုဝတ်လာလို့ သူကမျက်နှာပူနေတာလား အဲ့ဆိုလည်းအိမ်မှာကတည်းကပြောပေါ့ ဟွန့်။

ချစ်မိသော ပင်လယ် Where stories live. Discover now