Ch25🔞

11K 147 15
                                    

(အသက်ပြည့်မှ ဖတ်ကြပါ🔞)

ညနေရုံးဆင်းချိန်ကျ မီယွန်းရောက်လာတယ်။

''ဆိုယွန်း''
မီယွန်းက ဆိုယွန်းကို ပြေးဖက်တယ်။
ကျောကို ဖွဖွပုတ်ပေးပြီး
''အဆင်ပြေရဲ့လား''
ဆိုယွန်းပြန်ဖက်ထားပြီး ''အင်း''လို့ပြန်ဖြေပေမယ့် ဝမ်းနည်းပြီး မျက်ရည်ဝဲနေတယ်။
ညက ဘာဒါသာရောက်မလာရင် ဆိုယွန်းအဖြစ်က မတွေးရဲစရာပဲမလား။

ဘာဒါ အခန်းထဲကထွက်လာပြီး
''လာ ထိုင်ကြဦး မီယွန်း ဒီမှာပဲ ညစာစားလိုက်နော်''
''ဟုတ် ဘာဒါnim ကျေးဇူးတင်ပါတယ် တကယ်ကို ''
ဘာဒါပြုံးလိုက်ရင်း
''ဘယ်သူက ဘယ်သူ့ကိုကျေးဇူးတင်နေတာလဲ တို့ကကျေးဇူးတင်ရမှာပါ ဆိုယွန်းကို နှစ်သိမ့်ပေးပါဦး ကလေးကဝမ်းနည်းနေတုန်းပဲ'' လို့ပြောတော့
မီယွန်းက ဆိုယွန်းကို ဖျတ်ခနဲကြည့်တယ်။
နှစ်ယောက်သား လက်ကိုင်ထားတာဆိုတော့ဆိုယွန်းလက်ကို တချက်ညှစ်လိုက်တယ်။ ဆိုယွန်းက ပြန်ညှစ်တယ်။ ဘာဒါအထဲပြန်ဝင်သွားတော့ မီယွန်းက ဆိုယွန်းအလုပ်ခန်းထဲအတင်းဆွဲခေါ်ပြီး lockချလိုက်တယ်။
''ဆိုယွန်းး ငါယုံတောင်မယုံနိုင်ဘူးဟယ် အကိုထယ်ဂျွန်းအဲလိုလုပ်လိမ့်မယ်လို့ တော်တော်ယုတ်မာတဲ့လူပဲ အဲလိုလူမှန်းမသိပဲ ဟိုတခါလည်း ငါ သူ့ကို နင့်ဆီကို လွှတ်မိတယ်။ သူ့အိမ်ကိုလည်းခေါ်သွားမိတယ် ငါလေ ခုနကပြောလိုက်သလိုပဲ ဘာဒါကို ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး ထိုင်ရှိခိုးချင်စိတ်​တောင်ပေါက်တယ်''
''အင်း ငါလည်းလေ သူမှန်းသိတော့မှ ဝမ်းသာတာဝမ်းနည်းတာရော ခံစားရတယ် အစက ကြောက်နေမိတာ ဟန်ထယ်ဂျွန်းကိုသတ်ပြီး ငါလည်း သတ်သေပစ်လိုက်တော့မလို့တောင် တွေးမိတယ် မီယွန်းရယ်''
''ဆို​တော့ နင်တို့ Hotelမှာပဲ အိပ်လိုက်ရတယ်ပေါ့ ဘာဒါnimက ညကတည်းက နင်ရှိတဲ့နေရာတွေ့လို့ လိုက်သွားတယ်လို့လှမ်းပြောတယ် ငါစိတ်ပူလို့မနက်ကျဖုန်းထပ်ဆက်တော့ Hotelမှာပဲရှိသေးတယ်လို့ပြောတယ် ပြီးတော့ ငါအတင်းမေးတော့မှ ဆေးခတ်ခံရတာလို့ပြောပြတယ် ဘာမှတော့မဖြစ်လိုက်ဘူးမလား''
''အင်း ဘာမှမဖြစ်ခင်သူရောက်လာတာ''
ပြောရင်း ဆိုယွန်း မျက်နှာရဲနေတော့ မီယွန်းက ပြုံးစိစိနဲ့ကြည့်တယ်။
''အဲ့တော့ ဆေးစွမ်းက ဘာဒါ့ကိုပြလိုက်ရတာပေါ့''
ဆိုယွန်း ရှက်ရှက်နဲ့မီယွန်းပုခုံးကိုရိုက်တယ်။ ပြီးတော့ အနားကခေါင်းအုံးကိုယူပြီး မျက်နှာကိုကွယ်ထားပြီး
''တော်တော့ နင်မမေးနဲ့တော့နော်''
''အေးပါ လည်ပင်းက အချစ်အမှတ်အသားလေးတွေမြင်တာနဲ့ ငါသိပါတယ် အပျိုလေးဆိုပေမယ့် ဒါတွေငါသိပါတယ် ဟဲဟဲ''
''မီယွန်း ''
''အင်း''
''ဘာဒါကလေ''
''အင်း ဘာတဲ့လဲ ကောင်းတယ်တဲ့လား''
''အာ.. နင်နော် ငါအကောင်းပြောမလို့ကို''
''ပြောရင်လည်း မြန်မြန်ပြောလေ နင်ကအမြဲတမ်းအဲလိုပဲ''
''ချစ်တယ်တဲ့''
''ဘာ!!!!!!''
ဆိုယွန်း မီယွန်းပါးစပ်ကို လှမ်းပိတ်လိုက်တယ်။
''ဟယ် အဲလိုအော်မှာသိလို့ ပြောကိုမပြောရဲဘူး''
မီယွန်းက ဆိုယွန်းလက်ကိုဖယ်လိုက်ရင်း
''နင့်ဆေးက စွမ်းတယ်ရော်''
''အာ နင်နော်''
''စတာပါ ဟဲဟဲ ဘယ်တုန်းက​ပြောတာ ညကလား ဟိ''
''အင်း နေ့လည်ကရော
ငါယုံတောင်မယုံနိုင်ဘူး မီယွန်းရယ် ငါလေ အိပ်မက်လို့ကိုထင်နေတာ ''
''အဲတော့ နင်ဘာပြန်ပြောလိုက်လဲ
သူကမှမမေးတာ ဘာမှမပြောလိုက်ဘူး''
''ဟယ် အခွင့်ကြုံတုန်းပြောလေ သြော် နင်တို့ကမပြောလည်း ညားနေပြီပဲ
အင်း သူတောင်ပြောတာပဲ နင်လည်းပြောသင့်တယ် မသိတော့ဘူးဟယ် နင်တို့က ပြောင်းပြန်ဖြစ်နေတော့ ခုနကလည်းနော် ကလေးကဝမ်းနည်းနေတုန်းတဲ့ ငါ့နှယ် ဒီလောက်ကြီးတဲ့ကလေး မတွေ့ဖူးပေါင်''
''သနားလို့ အဲလိုဖြစ်သွားတာများလားမသိဘူးနော် ''
''မဟုတ်လောက်ပါဘူးဟယ် နင်ကိုက သံသယများတာ ငါကြည့်ပေးမယ် ဒါပေမယ့် နင်က သူ့မျက်နှာစေ့စေ့မကြည်ရဲတာကတော့ နည်းနည်းကြည့်ရဆိုးတယ်နော် တစ်ယောက်ထဲတွေးပြီးမှောင်နေသလိုပဲ ဟုတ်တယ်မလား ဟိ''

ချစ်မိသော ပင်လယ် Where stories live. Discover now