Ch36 😭😭💔

4.2K 133 22
                                    

မနက်ကျ ဆိုယွန်းအိမ်ပြန်ပြီး အဝတ်အစားသွားလဲရတယ်။ ရုံးတက်ရဦးမယ်လေ။

ရုံးချိန်နီးနေပေမယ့် အိမ်ကိုဝင်တော့ ဘာဒါကို တိုက်ခန်းအောက်မှာတွေ့တယ်။ ကားထဲဝင်ဖို့လုပ်နေရာက ဆိုယွန်းကိုမြင်တော့ အနားကိုလျှောက်လာတယ်။ မျက်နှာထားတင်းတင်းက ဘယ်တုန်းကမှမမြင်ဖူးတဲ့ အမူအယာမျိုး။

ဆိုယွန်းလက်ကိုလှမ်းဆွဲပြီး

''ညက ဘာလို့ပြန်မလာတာ''

ဆိုယွန်း လက်ကိုဆောင့်ရုန်းလိုက်ရင်း

''ရုံးသွားရမှာမို့ အချိန်မရှိဘူး''

''ငါလည်းအချိန်မရှိဘူး
အဲဒါကြောင့် မေးတာပဲဖြေ
အပြင်မှာအိပ်တာကောင်းတဲ့အကျင့်မဟုတ်ဘူးနော်''

''ဟုတ်တယ် ရှင့်မှာ အချိန်မရှိဘူး  ရှင်မအားဘူး သိတယ် နားလည်တယ် ရှင်ပဲ သူတော်ကောင်း ဟုတ်ပြီလား အဲဒါကြောင့်လွှတ်လိုက်တော့''

''မဟုတ်ဘူးလို့ပြောနေတယ်မလား
တချိန်ကျရှင်းပြမယ်လို့ပြောထားတယ်မလား ငါ့ကိုမယုံတာမျိုးအမုန်းဆုံးပဲနော်
လိုက်ချောင်းမယ်လည်းမကြံနဲ့
မင်းပြော မင်းညက ဘယ်မှာအိပ်လဲ မီယွန်းဆီမှာလည်းမဟုတ်ဘူးဆို''

''တော်တော့ လူမြင်ကွင်းမှာ''

''ရှင်းဆိုယွန်း''

ဘာဒါ အသံမြှင့်အော်လိုက်ပြီး လက်ကနာရီကိုတချက်ငုံ့ကြည့်လိုက်တယ်။ ရိုက်ကူးရေးချိန်ကနီးနေပြီမို့ ဆိုယွန်းကိုလွှတ်ပေးလိုက်တယ်။

''ညမှတွေ့မယ် မင်း''

ကားတံခါးဆောင့်ပိတ်ပြီး အမြန်မောင်းထွက်သွားတဲ့ဘာဒါ့ကားကို တချက်တောင် လှည့်မကြည့်ပဲ အပေါ်တက်ခဲ့တယ်။ ရေချိုးအဝတ်အစားလဲပြီး luggage ထဲ အဝတ်တွေထည့်ပြီး ရုံးကိုထွက်ခဲ့တယ်။
ရုံးဆင်းရင် မီယွန်းဆီခဏနေရမလား Hotelမှာ ခဏနေရမလားစဥ်းစားနေရင်း လူကလည်း အားအင်ကုန်ခမ်းပြီး မစားချင်မသောက်ချင်ဖြစ်နေတာမို့လို့ ညနေတော့ ဆေးခန်းအရင်ဝင်ပြမယ်လို့တွေးလိုက်မိတယ်။

ဆိုယွန်း ညနေရုံးဆင်းတော့ ဆေးခန်းအရင်ဝင်ပြဖြစ်တယ်။
မီယွန်းကိုလည်း ကြိုမပြောထားပဲ ဆေးခန်းပြပြီးမှပဲ ဖုန်းဆက်မယ်လို့တွေးပြီး တိုကင်ယူပြီး ထိုင်စောင့်နေလိုက်တယ်။
စောင့်နေရင်း ဖုန်းသုံးမိတော့
တက်လာတဲ့သတင်းတွေ
ကြောင့် အသက်ရှူရပ်မတက်

ချစ်မိသော ပင်လယ် Tempat cerita menjadi hidup. Temukan sekarang