Ch 44🔞

9.8K 166 22
                                    

Boryeongကို နောက်နေ့ မနက်မှ ပြန်လာခဲ့တယ်။
ဂျယ်ဟွန်းကိုပဲ လာခေါ်ခိုင်းလိုက်ရတာပေါ့။
သူက နလန်ထစဖြစ်တဲ့အပြင် အလုပ်တွေလည်း ပုံနေတာမို့ အတင်းငြင်းပြီး ထားခဲ့ရတယ်။

''အန်တီ ဆိုယွန်း မိဘတွေကို အသိပေးလိုက်တော့မယ်''

''ကောင်းပါတယ်သမီးရယ်
မိဘတွေခမျာ ဘယ်လောက်ရင်ကွဲနေလိုက်မလဲ''

''ဟုတ် အဲ့ဒါကြောင့် ဘာဒါပဲစီစဥ်ပေးမှာ
သူ့မိဘတွေကိုပါပြောမယ်တဲ့ နောက်တပါတ်သွားတွေ့မလို့စဥ်းစားထားတယ်''

''သူနဲ့ကိစ္စကရော''

ထိုစဥ် ဂျယ်ဟွန်းရောက်လာပြီး

''ဘယ်သူနဲ့ကိစ္စလဲ''

''လာ သား ထိုင် ''

''ဂျယ်ဟွန်းကိုလည်း မမပြောပြစရာရှိတယ်''

''ဟုတ် အန်တီ သူနဲ့ကိစ္စကတော့ ​နောက်မှပေါ့ ကလေးကိစ္စတော့ပြောပြလိုက်မှာပါ
ကလေးကလည်း သူ့ကိုအရမ်းချစ်နေတော့လေ
သူကလည်းသံယောဇဥ်တွယ်နေပြီ''

''ဘာကိစ္စလဲ ဘာဒါnimလား
ကလေးက သူနဲ့ဘာပက်သက်လို့လဲ''

''အဲဒါက..''

''အိုးးးးး မဟုတ်မှလွဲရော
တကယ်ကြီးလား''

ဂျယ်ဟွန်းက ဆိုယွန်းမပြောခင် သဘောပေါက်သွားပုံပေါ်တယ်။

''အင်း မမ accidentဖြစ်ပြီး သူ့ကိုလည်းအထင်လွဲနေတာကြောင့် ပုန်းနေခဲ့တာ
သားလေးရှိတာလည်း သူမသိဘူး''

''Omg! ဒါကြောင့် နှစ်ယောက်သားတစ်ခုခုပဲလို့ထင်တော့ထင်ပါတယ်
ဒီတိုင်းသဘောကျနေတာထင်ပြီး အောင်သွယ်ပေးနေတာ
ဟားးး အဲဒါကြောင့် ဘာဒါnimရဲ့ အကြည့်တွေက အရမ်းလေးနက်နေတာကိုး
အဲ့တော့ ပြောလိုက်တော့မယ်ပေါ့
ဘာစိတ်ကူးပေါက်သွားတာလဲ''

''မီယွန်းပြောပြခဲ့လို့လေ
မမ မသိတာတွေအများကြီးရှိသေးတယ်
အထင်လွဲအောင်လုပ်ခဲ့တယ်ဆိုရင်တောင် ဒီ​လောက်ထိ အေးစက်ဖို့တော့ မသင့်ဘူးထင်လို့ သူနှစ်တွေအကြာကြီးစောင့်နေခဲ့တယ်လေ
ပြန်မသွားရင်တောင် ရှိနေခဲ့ကြောင်း ပြပေးရမယ်ထင်လို့''

ချစ်မိသော ပင်လယ် Where stories live. Discover now