Ch35😭😭😭

4.4K 123 17
                                    

ရုံးဖွင့်ရက်ရောက်တော့ ဆိုယွန်းနေကောင်းနေပြီ။
ဘာဒါက ရုံးကိုလိုက်ပို့ပြီး ကြော်ငြာအသစ်ကမ်းလှမ်းထားတာရှိလို့ သွားရတယ်။
ဆိုယွန်းလည်းရုံးမှာတနေကုန်အလုပ်များနေတယ်။ ညနေတော့ မီယွန်းနဲ့မတွေ့တာကြာလို့ တွေ့ကြမယ်လို့ချိန်းထားကြတယ်။ ဘာဒါလည်းလာကြိုဖို့မအားဘူးဆိုတာနဲ့ မီယွန်းနဲ့တွေ့မှာပြောထားလိုက်တယ်။

ရုံးဆင်းတာနဲ့ မီယွန်းကိုဖုန်းဆက်လိုက်တယ်။
''မီယွန်း ဆင်းပြီလား''
''အင်း ဆင်းပြီ ငါဝယ်စရာရှိလို့ shopping ထွက်တာလိုက်ခဲ့ဦး''
''အင်း အင်း ''
နှစ်ယောက်တွေ့တော့ Shopping Mallထဲဝင်ခဲ့ကြတယ်။ မီယွန်းရော ဆိုယွန်းရော shoppingထွက်တာဝါသနာပါကြတယ်။ မီယွန်းကတော့ တွေ့သမျှအကုန်ကြိုက်ပြီး ဝယ်တတ်တဲ့သူဖြစ်ပြီး ဆိုယွန်းကကျ တစ်ထည်ဝယ်ရင် ၁၀ဆိုင်လောက်ပတ်ကြည့်ပြီး စိတ်တိုင်းမကျမချင်းမဝယ်တတ်သူ။ အင်္ကျီဆိုင်တစ်ဆိုင်ရောက်တော့ မီယွန်းက ဂါဝန်ဝယ်ရင်း အဝတ်လဲခန်းထဲဝင်ပြီး ဝတ်ကြည့်နေတယ်။ ဆိုယွန်းထိုင်စောင့်နေရင်း ဘေးဘီကြည့်လိုက်တော့ Jewellery ဆိုင်တစ်ဆိုင်မှာ ဒါဟျွန်းနဲ့ဘာဒါ။သူတို့က ကိုယ့်ဘက်ကိုကျောပေးပြီး ရပ်နေကြတာ။
ဆိုယွန်းလှည့်ကြည့်တာနဲ့ဒါဟျွန်းလှည့်ကြည့်တာ တည့်တည့်တိုးပြီး မျက်လုံးချင်းဆုံသွားတော့ ဒါဟျွန်းက ပြုံးပြီး ဘာဒါ့လက်မောင်းကိုမှီတယ်။ ဆိုယွန်းမျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ဘာဒါ့လက်ဖဝါးကိုကိုင်ပြတော့ ဆိုယွန်း ေနရာက ထပ်ရပ်ပြီး သူတို့ကိုမမြင်ရတဲ့နေရာကို သွားရပ်လိုက်မိတယ်။
ဘာလုပ်ရမလဲ ..
သွားပြောရမလား..
ဘာပြောရမှာလဲ..
ဖောက်ပြန်နေတာလားလို့မေးရမလား..
မအားဘူးဆိုတာ ဒါဟျွန်းနဲ့တွေ့ရမှာမို့လို့လား..
ဟုတ်တယ်လို့ဖြေရင် ဘယ်လိုလုပ်ကြမလဲ..
မီယွန်းထွက်လာတော့ မီယွန်းကိုကြည့်ပေးရင်း လူက မျက်နှာပျက်နေပြီ။ မီယွန်းက ဆိုယွန်းတခုခုဖြစ်နေတာရိပ်မိပြီး
''ဆိုယွန်း နေမကောင်းဘူးလား''
''အင်း ငါ ခေါင်းနည်းနည်းမူးလို့ ''
အမှန်အတိုင်းပြောပြလိုက်ရင် မီယွန်းက ချက်ချင်းပွဲကြမ်းပြီး ကွာခိုင်းတော့မှာ..
မီယွန်းကိုလည်းမပြောရဲ
လူတကိုယ်လုံးလည်း ဝမ်းနည်းနာကျင်စိတ်တွေ ပျံ့နှံ့နေတာမို့ တနေရာမှာထိုင်ချလိုက်ချင်ပြီ။
မီယွန်းလက်ကိုဆွဲပြီးထွက်ခဲ့တော့ သူတို့ရှိနေသေးလား မရှိဘူးလားတောင် မကြည့်ရဲခဲ့တော့..

ချစ်မိသော ပင်လယ် Where stories live. Discover now