Ch 11

4.3K 128 3
                                    

ဆိုယွန်းပြန်သွားပြီးနောက် ညနေပိုင်း classတစ်ခုထပ်သင်ရတယ်။ Classပြီးတော့ ဒါဟျွန်းမွေးနေ့ရှိတာကြောင့် ဆိုင်တစ်ဆိုင်သွားပြီး စားကြ သောက်ကြနဲ့ ညနက်လာတယ်။ ဘာဒါဆိုင်အပြင်ထွက်ပြီး ဆိုယွန်းကိုဖုန်းဆက်ရင်ကောင်းမလားစဥ်းစားနေတုန်း ဒါဟျွန်းကလိုက်လာတယ်။

''ssaem''
''သြော် ဒါဟျွန်း လိုက်လာတာလား အပြင်မှာအေးတယ်''
''ssaem တစ်ခုလောက်မေးလို့ရလား''
''ဘာလဲ ပြောကြည့်''
''ဒီနေ့လိုက်လာတဲ့တစ်ယောက်က ဘယ်သူလဲဟင် အမှန်အတိုင်းပြောပြ''
ဘာဒါ ဂျာကင်အိတ်ထဲလက်ထည့်လိုက်ရင်း
''ပြောပြီးပြီလေ နေ့လည်က အဲ့အတိုင်းပဲ ဟုတ်တယ်''
''အဲဒါပဲလား''
''..''
''ကောင်မလေးလား ရည်းစားထားလိုက်ပြီပေါ့ ညီမတို့ကိုညာထားတာမလား''
ဘာဒါရယ်လိုက်ရင်း ''ဘာလို့ရည်းစားလို့ထင်တာလဲ ရည်းစားမဟုတ်ဘူး''
''သူ့ကိုကြည့်ရတာ ssaemကို အရမ်းသဘောကျနေတာသိသာနေတာပဲ''
''သူကလား မဟုတ်ဘူးနော်''
''ဒါဆို ssaemက သဘောကျနေတာလား ''
''...''
''ဘယ်တုန်းက ကြိုက်သွားကြတာလဲ''
''ရည်းစားမဟုတ်ပါဘူးဆို''
''အဲဆို မိန်းမလား''
''...''
''ဟင် မဖြေဘူးဆိုတော့ ဟုတ်နေတာလား''
''...''
''ssaem ဘယ်တုန်းကတည်းကလဲ
ဘာလို့မပြောတာလဲ ဒါဟျွန်း ssaemကိုချစ်နေတာ ssaemသိတယ်မလား ssaemအဲလိုလုပ်ဖို့တော့မကောင်းဘူး''
''ဒါဟျွန်း ဟာ.. ကျွတ်.မငိုနဲ့လေ''
''အဲ့ကောင်မလေးကို ချစ်လားဟင်''
ဒါဟျွန်းကငိုနေရင်းမေးတယ်
ဘာဒါလည်း ဘာဖြေရမှန်းမသိ
''အဲဒါက ဟိုဟာ အိမ်ကပေးစားကြတာ''
ဒါဟျွန်းမျက်နှာဝင်းသွားကာ
''အဲဆို မချစ်ဘူးပေါ့''
''ဒီတိုင်းပဲ ယူလိုက်ကြတာ
ပြီးတော့ ဒါဟျွန်းတို့ကိုမပြောရသေးတာက ဘယ်ကစပြောရမှန်းမသိလို့
ပြီးတော့..''
''ပြီးတော့??''
''ဒါဟျွန်းကိုလည်း ညီမလေးတစ်ယောက်လိုသဘောထားတာသိတယ်မလား အဲလိုတွေတွေးမနေတော့ရင်ကောင်းမယ်''
''မွေးနေ့မှာ အဲလိုငြင်းရမှ ဖြစ်မယ်ပေါ့''
''မဟုတ်ဘူးလေ ဒါက အမှန်အတိုင်းပြောပြထားတာ ဒါဟျွန်းလည်းသိပြီးသားပဲမလား''
''ထားပါ ဘာပဲပြောပြော မိဘပေးစားတာဆို ssaemတို့ ကွဲသွားရင် ssaemက ဒါဟျွန်းအပိုင်ပဲ''
ပြောပီး ဒါဟျွန်းဆိုင်ထဲပြန်ဝင်သွားတယ်။
ဘာဒါခဏနေပြီး ပြန်ဝင်မယ်လုပ်တော့ ကာရာအိုကေဆိုင်လိုက်ပို့ပါပူဆာကြတာနဲ့ သီချင်းသွားဆိုကြ ။ အပြန်ကျ မနက်၃ခွဲနာရီလောက်ဖြစ်နေတော့ အကုန်လုံးကို အိမ်ပြန်ပတ်ပို့ပြီး နောက်ဆုံးဒါဟျွန်းအိမ်ရောက်တော့ ဒါဟျွန်းကမူးနေတာနဲ့ အိမ်ထဲရောက်အောင်လိုက်ပို့ခဲ့ရတယ်။ အိပ်ယာပေါ်တင်ပေးလိုက်တော့ အတင်းဆွဲဖက်နေတဲ့ ဒါဟျွန်းလက်တွေကိုဆွဲဖြုတ်ပြီး ဘာဒါအိမ်ပြန်ခဲ့လိုက်တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now