Ch8

5.4K 146 1
                                    

မနက်ခင်းနေရောင်က ခန်းစီးစတွေကြားကနေ အခန်းထဲကိုတိုးဝင်နေတယ်။

ဘာဒါ ညကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကြောင့် မနက်ကျ ကြည်ကြည်လင်လင်ပဲ နိုးလာတယ်။
နိုးတာနဲ့ သိလိုက်တာက သူဖက်ထားတာ ဖက်လုံးမဟုတ်ဘူးဆိုတာပါပဲ😂😂။
ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ဆိုယွန်းကို ငုံ့ကြည့်လိုက်ပြီး မနိုးအောင်ဘယ်လိုထရမလဲ အသည်းအသန်စဥ်းစားရတယ်. ကျစ်ကျစ်ပါအောင်ဖက်ထားတဲ့ ကိုယ့်လက်တွေကြောင့် လှုပ်တာနဲ့နိုးမှာသိတာကြောင့် ဖြည်းဖြည်းချင်း လက်ကိုဖယ် ဆိုယွန်းခေါင်းအောက်က လက်ကိုဖြည်းဖြည်းချင်းဆွဲထုတ်ပြီး ခဏငြိမ် ဆိုယွန်းကိုအကဲခတ် ပြန်ထုတ် ပြန်ငြိမ်နဲ့ တော်တော်ကြိုးစားလိုက်ပြီးတဲ့နောက် ကုတင်ပေါ်က လျှောဆင်းလိုက်တယ်။

 ကျစ်ကျစ်ပါအောင်ဖက်ထားတဲ့ ကိုယ့်လက်တွေကြောင့် လှုပ်တာနဲ့နိုးမှာသိတာကြောင့် ဖြည်းဖြည်းချင်း လက်ကိုဖယ် ဆိုယွန်းခေါင်းအောက်က လက်ကိုဖြည်းဖြည်းချင်းဆွဲထုတ်ပြီး ခဏငြိမ် ဆိုယွန်းကိုအကဲခတ် ပြန်ထုတ် ပြန်ငြိမ်နဲ့ တော်တော်ကြိုးစားလိုက်ပြီးတဲ့နောက် ကုတင်ပေါ်က...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နာရီလှမ်းကြည့်လိုက်တော့ ၇နာရီခွဲ။ ၈နာရီအပြင်သွားရမှာမို့လို့ ၇နာရီနှိုးစက်ပေးထားတာကို နှိုးစက်ကမမြည်ဘူးလား.ကိုယ့်ကိုကိုယ်ဇဝေဇဝါနဲ့ တံခါးအပြင်ကိုထွက်ပြီး မီးဖိုခန်းက အိုမားကိုသွားပြောလိုက်တယ်.
''အိုမား ရေချိုးလိုက်မယ်နော်''
''အင်း ချိုးလိုက် ချိုးလိုက် ဆိုယွန်းလေးရော ''
''မနိုးသေးဘူး သွားမနှိုးနဲ့ဦးနော်''(အလွန်အားကိုးရ😁)
''အင်းပါ''

ဘာဒါပြန်ဝင်လာပြီး ရေချိုးလိုက်တယ်။

ရေကျသံကြားတော့ ဆိုယွန်းအိပ်မက်မက်နေသလိုလို မိုးရွာနေတာများလားတွေးပြီး မျက်လုံးဖွင့်လိုက်တယ်။ ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ ရေချိုးခန်းကအသံမှန်းသိသွားတယ်.ညကအကြောင်းတွေးမိပြီး မျက်နှာက ချက်ချင်းရဲတက်သွားတယ်. ဘာဒါအပြင်ထွက်လာရင် ဘယ်လိုနေရမလဲ. မသိသလိုနေရမလား. သူကအိပ်နေတုန်းဖက်တာဆိုတော့ မမှတ်မိလောက်ဘူးလား.လျှောက်တွေးနေတုန်း ရေချိုးခန်းတံခါးပွင့်လာတယ်.
စွပ်ကျယ်ဝတ်ထားပြီး အောက်က ရေချိုးတဘက်ပတ်ထားတဲ့ ဘာဒါ​ကိုမြင်တော့ ဆိုယွန်းရုတ်တရက်ကုတင်ပေါ်က ပြေးဆင်းလိုက်တယ်။ ဒီလိုပုံစံကိုမြင်ရရင် ဖြစ်ပျက်နေမယ့် ကိုယ့်မျက်နှာကို ဘယ်လိုဖြစ်မလဲ ကိုယ်တိုင်တောင်မတွေးရဲတော့တာကြောင့် အခန်းပြင်ထွက်ရမယ်လို့ပဲစိတ်ကူးလိုက်တာ.
ဒါပေမယ့် ဖြစ်ချင်တော့ ကုတင်ဘေးမှာ ခင်းထားတဲ့ ကော်ဇော်ခင်းကို ခလုတ်တိုက်ပြီး လဲကျသွားတယ်.
''ဆိုယွန်း ဘာဖြစ်လဲ''ဆိုပြီး ဘာဒါအနားကိုအပြေးရောက်လာတယ်။
''ဟင့်အင်း'' သူနဲ့ဝေးရာပြေးမလို့ပါဆိုမှ အနားရောက်လာတော့ ဒုက္ခတွေရောက် ဘာဖြေရမှန်းလည်းမသိတော့ဘူး.နှာခေါင်းဝကိုလာကျီစယ်နေတဲ့ ဆပ်ပြာနံ့သင်းသင်းကလည်း လူကိုယိမ်းယိုင်စေတယ်.
''နာသွားလား ကြည့်ရအောင် ခြေထောက်ခေါက်တာလား''ပြောရင်း ဘာဒါ ဆိုယွန်း​ခြေထောက်ကို လှမ်းကိုင်လိုက်တယ်။
''ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကော်ဇောကို ခလုတ်တိုက်သွားတာ ''
''ထနိုင်ရဲ့လား ''
''ထနိုင်ပါတယ် ဘာဒါလုပ်စရာရှိတာလုပ်ပါ ဆိုယွန်း အိုမားဆီသွားလိုက်မယ်''
''အင်း ပြီးတာပဲ''ပြောရင်းဆွဲထူလိုက်တယ်။
ကြည့်ရတာတော့ ညကဖက်အိပ်မိတာ သူမသိဘူးထင်တယ်.တော်သေးတာပေါ့ဆိုပြီး စိတ်အေးသွားတယ်.မဟုတ်ရင် မျက်နှာပူနေရဦးမယ်.

ချစ်မိသော ပင်လယ် Where stories live. Discover now