Ch17 🔞

15K 139 6
                                    

မနက် ၄နာရီလောက်မှ အိပ်ရတာကြောင့် နေမြင့်မှ ဆိုယွန်းနိုးလာတယ်။
အိပ်ချင်မူးတူးဖြစ်နေပြီးမှ ညကအဖြစ်အပျက်ကို သတိရသွားတယ်။ မျက်လုံးသေချာဖွင့်ကြည့်လိုက်တော့ ပြတင်းပေါက်ခန်းစီးစလေးတွေလှုပ်နေတာမြင်ရတယ်။ ဒါပေမယ့် သိလိုက်တာက တစ်ယောက်ယောက်က သူ့လက်ရှည်ရှည်တွေနဲ့ အတင်းဖက်ထားတယ်ဆိုတာပဲ။
နည်းနည်းရုန်းကြည့်လိုက်ပြီး ကိုယ်ချင်းခွာလိုက်တော့ သူ့လက်တစ်ဖက်က ဆိုယွန်းခါးကိုပတ်လိုက်ပြီး ချက်ချင်းသူ့ဘက်ကို ပြန်ဆွဲတယ်။ တင်ပါးနဲ့သူ့ဗိုက်ကြွက်သားတွေနဲ့ထိနေတဲ့အခြေအနေမှာ ဘယ်လိုဆက်နေရမလဲ။
''ထတော့မယ် အလုပ်ရှိသေးတယ်''
''ထနိုင်လို့လား ပြန်အိပ်ရအောင်''

ကြက်သီးတောင်ထသွားတယ်။
သူ့နှုတ်ခမ်းက လေက ကိုယ့်နားရွက်ဖျားတွေကို လာတိုးလို့လား
သူ့စကားတွေကြောင့်လား
သူနဲ့ထိတွေ့ထားရလို့လား
ဘာမှန်းမသိပေမယ့် သူ့အနားမှာဆက်မနေနိုင်တော့ဘူး။
အတင်းရုန်းပြီး ထိုင်တော့ ကိုယ့်ဘာသာပြန်ငုံ့ကြည့်မိတယ်။

ဘုရားရေ ဒီလိုအခြေအနေမျိုးဆို ကိုယ်လုံးတီးပဲမလား

ငုံ့ကြည့်လိုက်တော့ သူ့ shirt အင်္ကျီပွပွက ကိုယ်ပေါ်မှာနေရာယူထားတယ်။သူဝတ်ပေးထားတာဖြစ်မယ်။ ကြယ်သီးအစုံမတပ်ထားပေမယ့် အဝတ်တစ်ခုကပ်နေလို့တော်သေးတာပေါ့။ တွေးနေတုန်း
ဘာဒါက လက်ကိုဖျတ်ခနဲဆွဲလိုက်တယ်။ ဆိုယွန်း အငိုက်မိပြီး သူ့အပေါ်ကျသွားတော့ သူ့ရင်ဘတ်ပေါ်မှာ ကိုယ့်ရင်ဘတ်အပ်မိရက်သား။ ဘယ်လောက်ပဲ ရှပ်အင်္ကျီဝတ်ထားတယ်ဆိုပေမယ့် braမပါဘူးလေ ။ ဟာလာဟင်းလင်းခံစားချက်ကိုမှ သူနဲ့သွားထိမိလို့ အတင်းရုန်းကန်လိုက်တယ်။

''သြော် နေပါဦးဆို ဆိုယွန်းကလည်း''
''ထတော့မှာလို့''
''အင်းပါ ဟုတ်ပြီ ဟုတ်ပြီ ''
ပြောရင်း ဘာဒါလိုက်ထလိုက်တယ်။
ဆိုယွန်းကုတင်ပေါ်က ဆင်းတော့ လှမ်းပြောလိုက်တယ်
''ဖြည်းဖြည်းဆင်း''
သူလှမ်းပြောလိုက်ပေမယ့် သူ့ကိုဂရုမစိုက်ဘူးဆိုတဲ့အထာနဲ့ဆင်းသွားတဲ့ဆိုယွန်း
''အာ့..''
အိပ်ယာပေါ်ယိုင်ခနဲပြန်ကျတယ်။
''ကဲ ပြောသားပဲ
တစ်ညလုံး.. ကျစ် အင်း ထားပါတော့.. အဲလိုဆိုတော့.. ထနိုင်မလား ဆိုယွန်းရဲ့ မင်းလမ်းတောင်လျှောက်နိုင်မှာမဟုတ်ဘူးနော်''
''ဘယ်သူကသိမှာလဲ''
ငိုမဲ့မဲ့နဲ့ပြန်ပြောတဲ့ ဆိုယွန်းကိုကြည့်ရင်း ပါးတစ်ဖက်ကို လှမ်းဖျစ်လိုက်တယ်။
မျက်နှာရှုံ့မဲ့ပြီး သူ့လက်ကိုဖယ်တယ်။
''နာလား''
''နာတာပေါ့''
''အင်းလေ နာတာတော့သိရမှာပေါ့ အဲဒါကို ဘာလို့မသိဘူးပြောနေလဲ ပြီးမှ ဆေးဝယ်ပေးမယ်
ရေချိုးချင်တာမလား လာ''
ပြောရင်း ကောက်ပွေ့လိုက်တော့ အလန့်တကြားရုန်းပြန်ပါပြီ။
''ဟင့်အင်း အောက်ချပေး ကိုယ့်ဘာသာသွားမယ် ကိုယ့်ဘာသာချိုးမယ် မလိုက်ရဘူး''
''ဟာ သွားနိုင်တာလည်းမဟုတ်ပဲနဲ့ ငြိမ်နေစမ်းပါ''
ပြောပြီး ရေချိုးခန်းထဲက ကြွေခွက်ထဲထည့်လိုက်တယ်။ ပြီးတော့ရေဖွင့်ချပြီး ထိုင်ကြည့်နေလိုက်တယ်။
''အပြင်ထွက်တော့လေ ပြီးရင်ခေါ်လိုက်မယ်''
မျက်နှာရဲရဲနဲ့ပြောတဲ့ကောင်မလေးကို ရယ်ချင်လွန်းလို့ အောက်နှုတ်ခမ်းတစ်ချက်ကိုက်လိုက်ရင်း
''ချိုးပေးမှာလေ''
''ဘာ ဘာဒါတော်တော့နော် အဲလိုမျိုးဆို မချိုးတော့ဘူး''
''ရေပဲချိုးပေးမှာ ရေပဲချိုးပေးမှာ မင်းဘာတွေတွေးနေတာလဲ ''
ပြောပြီးစောင့်နေရင်း

ချစ်မိသော ပင်လယ် Where stories live. Discover now