Ch 12

4.4K 131 1
                                    

မနက်စောစော ဘာဒါပြန်ရောက်လာတာသိလိုက်တယ်။
အခန်းထဲသွားကြည့်လိုက်တော့ အိပ်ယာပေါ်မှာ ကန့်လန့်ဖြတ်လှဲပြီး အိပ်နေတာတွေ့ရတယ်။
ဆိုယွန်း အိပ်ချင်စိတ်လည်းမရှိတော့တာမို့ မနက်စာအတွက်ချက်ပြုတ်နေလိုက်တယ်။

အလုပ်ခန်းထဲမှာပဲ ရေချိုးလိုက်ပြီး မနက်စာစားနေတုန်း ဘာဒါနိုးလာတယ်။

''အားး မွှေးနေတာပဲ ဘာတွေချက်ထားတာတုန်း''

အသံကိုက တက်ကြွ.မနေ့က တော်တော်ပျော်ခဲ့ပုံရတယ်။ ဆိုယွန်းမသိချင်ယောင်ဆောင်လိုက်ရင်း

''မနေ့က ဘယ်အချိန်ပြန်ရောက်တာလဲ''
''မနက်၅နာရီလောက်ရှိမလားပဲ''
''အလုပ်များနေတာလား''
မိန်းမတွေများ သိရဲ့သားနဲ့မေးတာနော်😏
''အင်း မွေးနေ့တစ်ခုရှိလို့
မနေ့က တွဲကတဲ့တစ်ယောက်လေ ဒါဟျွန်းတဲ့ သူ့မွေးနေ့''
''သြော် မနက်ထိနေကြတယ်ပေါ့''
''အင်း တစ်ဆိုင်ပြီးတစ်ဆိုင်သွားရင် နောက်ကျသွားကြတာ''
ဆိုယွန်းစားပွဲခုံကထပြီး ပန်းကန်သွားဆေးလိုက်တယ်။ ဘာဒါက အနားလာရပ်ပြီး
''စားမယ်လေ ထည့်ပေးပါဦး''
အနားလာရပ်တော့ ဘာဒါ့ဆီက ရေမွှေးနံ့တမျိုးရတာသိလိုက်တယ်။
(ရေမချိုးပဲထွက်လာတာကိုး ညကအနံ့တွေစွဲနေတုန်းပေါ့😅)
ချိုချိုအီအီနဲ့ ဘာဒါ့ရေမွှေးနံ့မဟုတ်တာ တန်းသိလိုက်တယ် ။ တွဲကရုံနဲ့အနံ့စွဲတာလား?? မဖြစ်နိုင် မိုးလင်းမှပြန်လာတာဆိုတော့ အိပ်ခဲ့တာလား😱။ ဘုရားရေ။
''ဆိုယွန်း ဘာတွေတွေးနေတာလဲ ထည့်ပေးဦးလို့''
''ကိုယ့်ဟာကိုယ်ထည့်စား''

ပြောပြီး ဆိုယွန်း အခန်းထဲဝင်ပြီး တံခါးဆောင့်ပိတ်လိုက်တယ်။ ပြီးတော့ ကိုယ့်ဘာသာလည်းဝမ်းနည်းမိတယ်။ ဘယ်သွားတာလဲ ဘယ်သူနဲ့လဲ မေးခွင့်မရှိသလို ဟုတ်နေရင်လည်း ပြဿနာရှာခွင့်လည်းမရှိဘူး။ ကးတစ်အိမ်ထဲနေတဲ့အခန်းဖော်သာသာအဆင့်ပဲလို့တွေးမိပြီး မျက်ရည်တွေကျလာတယ်။

ဘာဒါကတော့ ဘာကိုစိတ်ဆိုးသွားမှန်းမသိတဲ့ ဆိုယွန်းကိုကြည့်ပြီး အပြင်မှာတော်တေူ်ကြာရပ်နေမိတယ်။ အိမ်ပြန်နောက်ကျလို့ စိတ်ဆိုးတာလား အရင်တုန်းက တစ်ခါမှ စိတ်မဆိုးဖူးပဲနဲ့လေ..။ ဒါဟျွန်းကြောင့် ခေါင်းကိုက်နေပါတယ်ဆိုမှ ဆိုယွန်းကပါ စိတ်ကောက်သလိုဖြစ်နေတော့ ဘာလုပ်ရမှန်းမသိ။ ကိုယ်လည်းဘာမှမလုပ်ထားပါပဲနဲ့။
ဒါဟျွန်းက ဘာဒါ classတွေစသင်ကတည်းက တောက်လျှောက်လိုက်တက်တာလာတဲ့ကောင်မလေး။ ကြိုးလည်းကြိုးစားတယ်။ အားကိုးလည်းရတယ်။ တခါတလေ workshopတွေလုပ်ရရင်လည်း တိုင်ပင်လို့ရတဲ့ကလေးတွေထဲကတစ်ယောက်။ ကိုယ့်ညီမလေးလို မိသားစုလိုဖြစ်နေတဲ့ကလေးတွေထဲကတစ်ယောက်ပေါ့။ ဒါဟျွန်းဘက်က သဘောထားကိုသိပေမယ့် ဖွင့်ပြောထားတာလည်းမဟုတ် အတင်းကြီးကပ်နေတာမျိုးလည်းမဟုတ်တော့ အဖွဲ့လိုက်သွားလာစားသောက် ပျော်ပျော်ပါးပါးပဲနေခဲ့ကြတာ။ ဒါပေမယ့် ဆိုယွန်းအကြောင်းသိပြီးနောက် ဒါဟျွန်းအကြည့်တွေပြောင်းသွားတာတော့အမှန်။

ချစ်မိသော ပင်လယ် Where stories live. Discover now