Ch 20

4.5K 117 1
                                    

အိမ်ရောက်တော့ ဆိုယွန်း ဘာမှမပြောပဲ သူ့ကိုရှောင်နေမိတယ်။ ဘာဒါကလည်း ဘာမှအတင်းလိုက်မမေးပဲနဲ့ သူပြန်သွားရမယ်လို့ပြောပြီး ရေချိုးအဝတ်အစားလဲတယ်။
''ဆိုယွန်းဖျားနေတာကို ကိုယ်ထားခဲ့ရဦးမယ် တတ်နိုင်သလောက်စောပြန်ခဲ့မယ်နော်''
''ရတယ် မီယွန်းက စောစောရုံးဆင်းခဲ့မယ်ပြောတယ် အေးအေးဆေးဆေးအလုပ်လုပ်ပါ''
''ဟုတ်လား အင်းပါ အင်းပါ သွားပြီနော်''
ပြောရင်း ဆိုဖာပေါ်မှာထိုင်နေတဲ့ ဆိုယွန်းနဖူးကိုငုံ့နမ်းလိုက်တယ်။ ဆိုယွန်း တွန့်ခနဲဖြစ်သွားပြီး
''သွားတော့လေ''

ဆိုယွန်းတခုခုဖြစ်နေတယ်ထင်ပေမယ့် ဘာဖြစ်မှန်းမသိတာကြောင့် အပြန်စောစောပြန်
ပြီးမှ ချော့မယ်လို့စိတ်ကူးလိုက်မယ်။
မွေးနေ့ကိုလည်း ဒီနေ့မှပြောပြီး ဆိုယွန်းနေကောင်းတော့မှ dateမယ်လို့တွေးပြီး ထွက်ခဲ့လိုက်တယ်။

နေ့လည်ကျ မီယွန်းက နေ့တစ်ဝက်ခွင့်ယူပြီး ဆိုယွန်းဆီလာတယ်။
ညကလည်း ဆိုယွန်းသတိပြန်ရလာပေမယ့် ဘာမှသေချာမပြောရသေးတာကြောင့်
''ဆိုယွန်း ပြောဦး ညကဘာဖြစ်တာလဲဆိုတာ
ဘာဒါကလည်း ဘာမှသိပုံမရဘူး''
မီယွန်းမေးတော့ ဆိုယွန်းအကုန်ပြောပြလိုက်တယ်။ ပစ္စည်းတွေလည်း လွှင့်ပစ်လိုက်ပြီဖြစ်ကြောင်း ပင်ပန်းလာလို့ ဆက်လည်းမချစ်ချင်တော့ဘူးဆိုတဲ့အကြောင်း။
''ဆိုယွန်းရယ် အထင်နဲ့စိတ်ပင်ပန်းမခံပါနဲ့ ဖွင့်ပြောပြီး မေးလိုက်ပါလား''
''အထင်မှ မဟုတ်တာ မီယွန်းရဲ့ ပုံတင်ထားတာပဲ သူလည်းအဲဒီမှာရှိနေတာပဲ ဘေးမှာ တခြားလူတွေမှမရှိတာ''
တကယ်တော့ ဘာဒါက ဒါဟျွန်းရဲ့ကိတ်ကိုခွဲလည်းမခွဲခဲ့သလို dinnerလည်းအတူတူမစားခဲ့တာကို ဆိုယွန်းမသိပါ။
''အင်းပါ ငါနားလည်ပါတယ်
ဒါပေမယ့် နင်တို့က တရားဝင်လင်မယားတွေလေ သူတကယ်အဲလိုလုပ်တယ်ဆိုရင်တောင် နင်တားခွင့်ရှိတယ်''
''မတားချင်ဘူး သူ့စိတ်အတိုင်းပဲနေ
သူ့စိတ်ထဲငါမရှိနိုင်တာ သေချာရင် ငါထွက်သွားလိုက်တော့မယ်လို့ပဲတွေးမိတော့တယ်''
''အဲ့တော့ သူ့စိတ်ထဲ နင်မရှိဘူးလား သူက နည်းနည်းလေးတောင် အရိပ်အယောင်မပြဘူးလား တစ်အိမ်ထဲနေပြီး သူတော်စင်လားဟယ်''
''..''
ဆိုယွန်း ငြိမ်နေတော့ မီယွန်းက မျက်နှာကိုသေချာလိုက်ကြည့်တယ်။
''အမယ် အခြေအနေတွေတိုးတက်ထားပြီကိုး ငါ့ကိုမပြောဘူးကြည့်စမ်း''
''အဲဒါက အဲလိုမတော်တဆ''
''မတော်တဆလို့ရှိမလား တမင်လုပ်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့ ပြောစမ်း ပြောစမ်း''
''ဟိုဒင်း အကိုထယ်ဂျွန်းနဲ့partyသွားတဲ့နေ့က သူနဲ့အဲ့ပွဲမှာတွေ့တာ အဲဒါကြောင့် စိတ်ဆိုးပြီး..အဲလို''
''ဟယ် ဘယ်သူက စိတ်ဆိုးပြီးလုပ်မလဲ သဝန်တိုလို့ပေါ့ နင်ပြောတော့ သူကနင့်ကိုမကြိုက်ဘူးဆို အဲတစ်ခါပဲလား ''
''...''
''အမလေး မိန်းမ အဲဒါပဲမဟုတ်ဘူးပေါ့
သြော် အဲဒါကြောင့် နင်ပိုပြီးခံစားနေရတာပေါ့ အရင်ကထက် ပိုစွဲလမ်းနေပြီပဲ မဆိုယွန်း😂😂😂''
''မရယ်နဲ့ အဲဒါကပိုဆိုးတာနင်မသိဘူးလား
ငါနဲ့အိပ်ပြီး အပြင်မှာကျ လုပ်ချင်ရာလုပ်နေတာကို''
''အေးလေ အဲဒါကြောင့် နင်ကပြောပေါ့''

ချစ်မိသော ပင်လယ် Where stories live. Discover now