Ch 37💔❤

4K 135 14
                                    

ဘာဒါ တစ်ရက်မပျက်ဆိုယွန်းကိုစောင့်နေခဲ့တယ်။
လုပ်လက်စတွေကို ပြီးအောင်လုပ်ပြီးတာနဲ့ ခဏအနားယူမယ်ဆိုပြီး Classတွေလည်း မjoinဖြစ်တော့။
projectအသစ်တွေလည်းလက်မခံဖြစ်ပဲ ဆိုယွန်းအကြောင်းပဲ နေ့နေ့ညညစုံစမ်း
နေမိတယ်။
မီယွန်းကိုလည်း ဆိုယွန်းက ဘာမှမပြောခဲ့တာမို့ မီယွန်းလည်း အစအနေတောင်မသိရ။
ဘာဒါပြောမှသိရတဲ့အခြေအနေပေါ့။

''ဆိုယွန်းက ဘာဒါ့ကိုအရမ်းချစ်တာ''ဆိုတဲ့
မီယွန်းရဲ့စကားတစ်ခွန်းက ဘာဒါ့ကို ဆိုယွန်းကိုစောင့်နေဖို့ လုံလောက်စေတယ်..။

အက်စီးဒန့်ဖြစ်ပြီး တစ်လလောက်ကြာတော့ဆေးရုံမှာ သတိမေ့မျောနေဆဲဖြစ်တဲ့ ဟန်ထယ်ဂျွန်းသတိရလာခဲ့တယ်။စခန်းက ဖုန်းဆက်တာကြောင့် ဘာဒါဆေးရုံကိုလိုက်သွားရတယ်။ စခန်းကလူတွေဆိုယွန်းအကြောင်းမေးတော့ သူမသိဘူးလို့ဖြေနေတယ်တဲ့။ဘယ်လို တာဝန်ယူမှုမရှိတဲ့ အဖြေမျိုးပါလဲ။သူနဲ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အက်စီးဒန့်ဖြစ်ပြီး တစ်လလောက်ကြာတော့
ဆေးရုံမှာ သတိမေ့မျောနေဆဲဖြစ်တဲ့ ဟန်ထယ်ဂျွန်းသတိရလာခဲ့တယ်။
စခန်းက ဖုန်းဆက်တာကြောင့် ဘာဒါဆေးရုံကိုလိုက်သွားရတယ်။ စခန်းကလူတွေ
ဆိုယွန်းအကြောင်းမေးတော့ သူမသိဘူးလို့ဖြေနေတယ်တဲ့။
ဘယ်လို တာဝန်ယူမှုမရှိတဲ့ အဖြေမျိုးပါလဲ။
သူနဲ့အတူရှိနေတာ သက်သေနဲ့တကွရှိနေတာကို ဆိုယွန်းဘယ်ရောက်သွားလဲ သူသိရမှာပေါ့။
ဘဝပျက်မတတ်နာကျင်နေတဲ့ကိုယ်တွေကို နားမလည်နိုင်မှာသေချာပေမယ့် တခုခုသိရဖို့တော့ မျှော်လင့်ခဲ့မိတယ်။
ကိုယ်တိုင်ဝင်တွေ့ပြီးမေးဖို့ အကြိမ်ကြိမ်တောင်းပန်ခဲ့ရတယ်။
နစ်နာသူရဲ့မိသားစုဝင်ဖြစ်တဲ့အတွက် ဝင်ခွင့်မပေးပါဘူးတဲ့။
မေးခွန်းလေးပဲမေးခွင့်ပေးပါလို့ဒူးဖက်မတတ်တောင်းပန်တော့ အစောင့်ရဲသားတစ်ယောက်နဲ့အတူ ဝင်ခွင့်ရတယ်။ အနားကပ်ခွင့် မရခဲ့ပေမယ့်

''ဆိုယွန်းရော ဆိုယွန်းမင်းကား​ပေါ်မှာပါလာတာလား??''

ပါသွားတာလည်းသိပေမယ့် accidentမဖြစ်ခင် လွတ်သွားတယ်ဆိုတဲ့အဖြေမျိုးကို အာသာငမ်းငမ်းတောင့်တနေမိတယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now