Ch 15

6K 136 4
                                    

ဘာဒါ ဧည့်ခန်းကဆိုဖာမှာ ထိုင်ရင်း တွေးနေမိတယ်။ ငါဘာလုပ်လိုက်မိတာလဲ။ ဘာလို့လဲ ။ ငါ ဆိုယွန်းကို သဘောကျနေတာလား??
ဆိုယွန်းနှုတ်ခမ်းလေးတွေရဲ့အထိအတွေ့ကြောင့် သူ ခုထိရင်ခုန်နေတုန်းဆိုတာပဲသိတော့တယ်။

အဲဒီညက ညနက်မှ အခန်းထဲဝင်သွားတော့ ခုတင်အစွန်းမှာ အိပ်နေတဲ့ဆိုယွန်းကိုတွေ့တယ်။
ဒီဘက်အစွန်းမှာ အသာလေးလှဲချပြီး အိပ်လိုက်တယ်။

မနက်နိုးတော့ ဆိုယွန်းအခန်းထဲမရှိတော့ဘူး။
ထပြီး အပြင်ကိုချောင်းကြည့်တော့ မနက်စာလုပ်နေတဲ့ဆိုယွန်းကိုတွေ့လိုက်တယ်။
တံခါးပြန်ပိတ်ပြီး ရေချိုးလိုက်တယ်။ အဝတ်အစားလဲပြီး အပြင်ထွက်လာတော့ သူ့အလုပ်ခန်းထဲဝင်ပြေးသွားတဲ့ ဆိုယွန်းကို ရိပ်ခနဲတွေ့လိုက်တယ်။ မနက်စာစားပြီး အပြင်ထွက်ခဲ့လိုက်တယ်။ ဒီလိုပဲ ရှောင်နေကြရတော့မှာလား။

JJရောက်တော့ ဒါဟျွန်းက အနားကိုကပ်လာပြီး
''ssaem အဆင်ပြေလား''
''ဘာကိုလဲ''
''မနေ့က.. ''
''အင်း studioမှာ ထားခဲ့လည်းရတာကို ဘာလို့အိမ်အထိလာပေးတာလဲပဲ တွေးနေတာ''
''အဲဒါ ဒါဟျွန်းကြောင့် အဆင်မပြေဖြစ်သွားကြသေးလားဟင် ဒီတိုင်းပဲ ဝင်ပေးလိုက်တာပါ ဘာသဘောမှမဟုတ်ပါဘူး ssaemကောင်မလေးကတော့ ကြည်ပုံမရဘူး''
အဆင်မပြေတာလား အဆင်ပြေတာလားတောင် ကိုယ့်ဘာသာမသိတော့ပါ။
''ထားလိုက်တော့ နောက်တစ်ခါအဲလိုမလုပ်နဲ့ မကြိုက်ဘူး
ဒါဟျွန်း သေချာနားထောင်
ဒါဟျွန်းက ငါ့ညီမလေးလိုပဲ ငါအရမ်းချစ်ရတဲ့လူတွေထဲမှာ ဒါဟျွန်းလည်းပါတယ် ဟုတ်ပြီလား''
''အရမ်းချစ်တဲ့လူထဲပါတော့ရော ဘာလုပ်ရမှာလဲ ssaemက ချစ်တဲ့သူရှိနေပီကို
ဒါနဲ့လေ ssaem GONE companyဘက်က ပွဲတစ်ပွဲဖိတ်ထားတာ ssaemတက်ရမယ်တဲ့နော် ပါတနာလည်းပါရမယ်ဆိုလို့ ဒါဟျွန်းနဲ့အတူတူသွားရအောင်''
''အင်း ဘယ်နှနာရီတဲ့လဲ''
''၇နာရီထင်တယ် Invitation Cardပြန်ကြည့်ရမယ်''
''သွားရအောင် ဒီနေ့ ဟိုဘက်classလည်းသွားရမယ်''
ဘာဒါ instructorလုပ်နေတာ JJရယ် Urbanရယ် နှစ်ခုရှိတယ်။
နောက် ကိုယ်ပိုင်studioထောင်မယ် လို့တွေးထားတာမို့ အလုပ်ထဲမှာပဲ အာရုံစိုက်ထားဖြစ်တယ်။ အကကို ရူးလောက်အောင် ကြိုက်တာမို့ ဒါနဲ့ပဲ နေ့နေ့ညညဖြတ်သန်းချင်တယ်။ ဝါသနာပါရာကိုလုပ်နေရရင် လူတိုင်း ပျော်ရွှင်နေတတ်ကြတာပဲမလား။

ချစ်မိသော ပင်လယ် Where stories live. Discover now