CH27🔞

9.3K 119 2
                                    

နောက်နေ့မနက်မှ လျှောက်လည်မယ်ပြောထားကြတာကြောင့် ညဘက်တော့ အိမ်မှာပဲ နေလိုက်ကြတယ်။
ဆိုယွန်းကိုချော့ချင်သေးတာမို့ အခန်းထဲဝင်ချင်နေပြီဖြစ်သော်လည်း မဆိုယွန်းက အိုမားကအပေါက်အလမ်းတည့်ပြီး စကားတွေပြောမဆုံးဖြစ်နေသောကြောင့် တဖြည်းဖြည်းညနက်လာတယ်။
စောင့်နေရင်း ဘာဒါအိပ်ငိုက်လာတာမြင်တော့ အိုမားက
''ဘာဒါ အိပ်ချင်ရင် သွားအိပ်လေ''
''မအိပ်ချင်ပါဘူး''
''ငိုက်နေပြီးတော့''ပြောပြီး နှစ်ယောက်သား ဘာဒါကိုကြည့်ပြီး ရယ်နေကြတယ်။
ဆိုယွန်းကလည်း
''အိပ်ချင်ရင် အိပ်နှင့်လေ''
''မအိပ်ပါဘူး ဘယ်တုန်းကစောစောအိပ်လို့လဲ''
ဖျတ်ခနဲမျက်စောင်းထိုးလိုက်တဲ့ဆိုယွန်းကို မျက်လုံးတစ်ဖက်မှိတ်ပြပြီး စလိုက်တော့ ဆိုယွန်းက သူ့ပေါင်ကို အိုမားမမြင်အောင်လိမ်ဆွဲတယ်။
''ကဲ ကဲ ခရီးပန်းလာကြတော့ အိပ်ရင်လည်းအိပ်ကြတော့ မနက်ဘယ်အချိန်သွားကြမှာလဲ''
''Breakfastစားပြီးမှသွားမှာ အိုမား
ပြီးတော့ ညဘက်တော့ Tentလေးတွေထိုးပြီး ပါတီလေးလုပ်မယ်ပြောကြတယ် အသိထဲမှာအဲလိုလုပ်လို့ရတဲ့ ခြံဝန်းလေးရှိတယ်တဲ့''
''ဟုတ်လား ကောင်းတာပေါ့ လွတ်လွတ်လပ်လပ်''
''ဟုတ် သွားအိပ်တော့မယ်နော်''
ပြောပြီး ဆိုယွန်းကိုလက်ကောက်ဝတ်က ဆွဲပြီး ထလိုက်တယ်။
''အိုမား Goodnight😚''
မဆိုယွန်းကတော့ သူကလွဲရင် တလောကလုံးကိုချွဲချင်နေတာလားမသိပါဘူး။
အခန်းထဲရောက်တာနဲ့ ဆိုယွန်းက လက်ကိုရုန်းပြီး ​ခြေလက်ဆေးဖို့ရေချိုးခန်းထဲဝင်လိုက်တယ်။
တကယ်တော့ ထယ်ဂျွန်းကိစ္စကြောင့် အဆင်ပြေသွားကြပေမယ့် ဒါဟျွန်းနဲ့သူoverseaမှာကြည်နူးတာတွေ ဒါဟျွန်းမွေးနေ့တုန်းက အတူတူအိပ်ပြီး မနက်မှပြန်လာတာတွေ အတူတူပွဲတက်ပြီး ခေါင်းမူးတယ်ဆိုတာနဲ့ ပြာပြာသလဲပြန်သွားတာတွေ အများကြီး အများကြီးကို မွှန်နေတဲ့စိတ်တွေနဲ့ မေ့ထားခဲ့ပေမယ့် မနက်က ဒါဟျွန်းမျက်နှာထားကိုမြင်တော့ အဆင်မပြေဖြစ်ရတယ်။ အချော့ခံချင်လို့လည်းမဟုတ်ပေမယ့် စဥ်းစားဖို့အချိန်လိုနေတာကြောင့် သူနဲ့လည်းခပ်ဝေးဝေးမှာနေချင်တယ်။ မိဘအိမ်မှာမို့လို့ ဟန်ဆောင်နေရတော့ နည်းနည်းတော့ စိတ်ကျဥ်းကျပ်နေမိတယ်။
ဘာဒါ အခန်းထဲရောက်တာနဲ့ ပုံစံပြောင်းသွားတဲ့ ဆိုယွန်းကို သတိထားမိတာကြောင့် ရေချိုးခန်းထဲလိုက်ဝင်လာပြီး လက်ဆေးတယ်။
''စိတ်ကောက်တဲ့moodပြန်ဝင်သွားပြီလား''
''အိပ်ရအောင် အိပ်ငိုက်နေပြီမလား''
''လန်းသွားအောင်လုပ်လိုက်ရမလား''
''ညီမအိပ်တော့မယ်''ပြောပြီး လှည့်ထွက်လိုက်တော့ ဘာဒါက ဆိုယွန်းကို နောက်က သိုင်းဖက်တယ်။ ပြီးတော့ ဆံပင်တွေကို နမ်းတယ်။ ပြီးတော့ လည်တိုင်လေးကို နမ်းတော့
''အရာထင်အောင်မလုပ်နဲ့ မိဘအိမ်မှာဆိုတာလည်းသတိရပါဦး မနက်ဖြန်လည်း တခြားလူတွေနဲ့တွေ့ရမှာကို''
''တွေ့တော့ဘာဖြစ်လဲ''
သူ တမင်စနေတာမှန်းသိပေမယ့် ဆိုယွန်းစိတ်ထဲ ဒါဟျွန်းကိစ္စပဲရှိတာကြောင့်
''တွေ့တော့ အထင်လွဲသွားမှာပေါ့ ''
''ဘာကိုလဲ''
''လင်မယားအဆင်ပြေနေတယ်ထင်သွားရင် ဘယ်လိုလုပ်မလဲ''
''ပြေနေတာပဲလေ နေပါဦး ကိုယ့်မိန်းမက ဘယ်သူမြင်မှာကြောက်နေတာလဲ''
''ရှင့်ဒါဟျွန်းလေ''
''ဟားဟား ရှင့်ဒါဟျွန်းပေါ့ ကိုယ့်ကိုဒါဟျွန်းကို ပေးလိုက်မယ်ပေါ့ ပေးနိုင်လို့လား ဟင်''
''မပေးလည်း ရနေတာပဲ''
''ဘာရနေတာလဲ ဘာတွေလျှောက်ပြောနေတာလဲ''
''ဘာဒါ လွှတ်တော့ ''
''မလွှတ်ဘူး ပြော''
''မပြောချင်ဘူး ကျမပါးစပ်ကတောင်ပြောမထွက်ဘူး''
''နေပါဦး ဆိုယွန်း ဘာတွေတွေးနေတာလဲ ကိုယ့်ကိုပြော''မေးရင်း ဆိုယွန်းကိုဆွဲလှည့်ပြီး မျက်နှာလေးကိုကြည့်လိုက်တော့ ငိုတော့မလို မျက်နှာလေးရဲလာတယ်။ ပြီးတော့ အတင်းရုန်းတယ်။
''အိမ်ရောက်မှ ပြောမယ် အိုမားတို့ကြားသွားရင်မကောင်းဘူး''
''မကောင်းစရာ ကိုယ်တခုမှလုပ်မထားဘူးနော် ဆိုယွန်း ''
''..''
''ပြောလို့ ''
ပြောရင်း ဘာဒါ ဆိုယွန်းပုခုံးကိုကိုင်လှုပ်လိုက်မိတယ်။
ဆိုယွန်းခန္ဓာကိုယ်သေးသေးလေးက ဘာဒါ့လက်ထဲမှာ ရှေ့နောက်ယိမ်းထိုးနေတယ်။
''ခိုးအိပ်နေကြတာမလား''
ပြောပြီး ဆိုယွန်းက သူ့လက်ထဲက ရုန်းထွက်ပြီး ထွက်ပြေးမလိုပြင်တယ်။
ဆိုယွန်း လက်ကောက်ဝတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်ပြီး
''ခဏလေး ဘယ်သူကဘယ်သူနဲ့အိပ်တာလဲ ဆိုယွန်း မင်းကိုယ့်ကိုအဲလောက်တောင်မယုံဘူးလား ဟင် အဲလိုတွေတွေးနေပြီးတော့ ဒီအတောအတွင်း ကိုယ်နဲ့ဘယ်လိုစိတ်နဲ့အိပ်နေတာလဲ ကိုယ့်ကိုဘယ်လိုမြင်ပြီး အိပ်ပေးနေတာလဲ ဒါဟျွန်းက ဒီတိုင်းညီမလေးလိုပဲလို့ကိုယ်မပြောဘူးလား ဘာလို့အဲလိုစွပ်စွဲတာလဲ''
''သူ့မွေးနေ့တုန်းကလည်း သူ့အိမ်မှာအိပ်ပြီးမှ ပြန်လာတာမလား မနက်ရောက်တဲ့အထိ သူ့အနံ့ကစွဲနေတုန်းပဲ နောက်ရက်လည်း အင်္ကျီလာပေးတယ်လေ အဲ့ညက ကျန်ခဲ့လို့တဲ့ပြောသွားတယ်. ဂျပန်သွား​တုန်းကလည်း ရှင့်အခန်းထဲကပုံ သူတင်ထားတာပဲ ရှင့်မွေးနေ့လည်း ကျမနဲ့အတူမရှိဘူး သူနဲ့ပဲလေ
ကျမက ဘယ်လိုစိတ်နဲ့အိပ်ပေးနေလဲ မမေးနဲ့ ရှင်ဘယ်လိုစိတ်နဲ့ကျမနဲ့အိပ်နေလဲပဲစဥ်းစား
လွှတ်တော့ လက်နာနေပြီ''
''မလွှတ်ဘူး ''လက်နှစ်ဖက်လုံးကိုဆုတ်ထားတာကြောင့် လက်ကောက်ဝတ်နှစ်ခုက နီရဲနေပြီ။
''ဘယ်ကစရှင်းရမှန်းတောင်မသိဘူး
ဒါပေမယ့် ကြိုပြောမယ်နော် တခုမှမဟုတ်ဘူး
သူ့မွေးနေ့တုန်းကလည်းမအိပ်ဘူး ဒီတိုင်းပဲ ပို့ပြီး ပြန်လာတာ မွေးနေ့တုန်းကလည်း fan cafeကအပြန်သူက surpriseလုပ်တာ ကိတ်လည်းမခွဲခဲ့ပဲ ပြန်လာတာ။ ပြီးတော့ ဂျပန်မှာလည်း တယောက်ထဲတစ်ခန်းနေတာ တခြားလးတွေကို မေးကြည့်ရင် ရတယ်။ အခန်းထဲတော့ သူများတွေလည်း ဝင်နေတာပဲ နှစ်ယောက်ထဲမှမဟုတ်တာ. အဲလောက်သဝန်တိုနေရင်လည်း အလုပ်ထွက်ပြီး တကောက်ကောက်လိုက်နေ အိတ်ကပ်ထဲထည့်ခေါ်သွားမယ် ဟုတ်ပြီလား ''
''ဘယ်သူက သဝန်တိုလို့လဲ အမြင်မတော်လို့ပြောနေတာ''
''နေပါဦး မွေးနေ့တုန်းက ကိစ္စက ဘယ်လိုသိ
မွေးနေ့ကို မသိဘူးထင်လို့မပြောတာလေ မအားလည်းမအားလို့''
ဘာဒါ သိရက်သားနဲ့မေးလိုက်တော့ ဆိုယွန်းက ဘာဖြေရမှန်းမသိဖြစ်နေတယ်။
''ဟင် ဖြေပါဦး''
ပြောပြီး ရှေ့တိုးတော့ ဆိုယွန်းက နောက်ဆုတ်လိုက်တယ်။ လက်ကိုင်ထားရဲ့သားနဲ့ ဆိုယွန်းကျောလေး နံရံမှာကပ်သွားတယ်။ ဘာဒါက ရှေ့ထပ်တိုးလိုက်ရင်း
''ဟင် ဆိုယွန်းလည်း ကိုယ့်ကိုမပြောတာတွေများတယ်နော်''
''ဘာမပြောလို့လဲ ''
မလုံမလဲနဲ့မေးတော့
''အချစ်ဦးအကြောင်းတို့ ဟော ဟိုတလောကဆို လုံခြုံရေးဦးလေးကြီးလာပေးတဲ့ပစ္စည်းတွေတို့ ဘာတွေမှန်းတောင်မသိရဘူး''
''ဘာလို့အချစ်ဦးအကြောင်းပဲမေးနေတာလဲ''
''သိချင်လို့လေ ချစ်နေသေးလား အဲ့ဒီလူကို''
''မချစ်တော့ဘူး''
''ဟာ မချစ်တော့ဘူးပေါ့''.''ဟုတ်တယ်''
''ဘာလို့'' မုန်းစရာကောင်းလို့''.''ဟားဟား အင်းပါကွာ ကိုယ့်ကိုရော''
''ဘာလဲ''
''ချစ်လား''
''မချစ်ဘူး''.''မုန်းစရာကောင်းလို့ပဲလား ''
''ဟုတ်တယ်''
''ဆိုယွန်း''
သူခေါ်တော့ ဆိုယွန်းကမော့ကြည့်တယ်။ ဘာဒါ ရှေ့ထပ်တိုးလိုက်တယ်။ နေရာလွတ်မရှိတော့တာကြောင့် ဆိုယွန်းကိုယ်လေးနဲ့ပူးကပ်တာထပ်ပိုတဲ့အနေအထားကိုရောက်နေပြီ။ ခါးလေးကိုတစ်ဖက်က ပွေ့လိုက်ပြီး နောက်တဖက်က မျက်နှာလေးကိုကိုင်လိုက်တယ်။ ပါးလေးကိုလက်မလေးနဲ့ပွတ်သပ်လိုက်ပြီး
''အစကတည်းက ကိုယ်မှန်းသိခဲ့တာလား
အိုမားတို့ပြောလို့လက်ခံလိုက်တော့လေ ကိုယ်မှန်းသိလို့ လက်ခံလိုက်တာလား''
ဆိုယွန်း ဒိန်းခနဲဖြစ်သွားတယ်။ သူသိနေတာလား ဘယ်တုန်းကလဲ ဘယ်လိုဖြစ်ပြီးတော့လဲ ရှက်စရာကောင်းလိုက်တာ။ ဒီအတောအတွင်း မသိချင်ယောင်​ဆောင်နေတာပေါ့။
''ဘာ.. ဘာကို''
ဘာဒါက နဖူးလေးကိုငုံ့နမ်းလိုက်တော့ ဆိုယွန်းထွက်ပြေးချင်နေပြီ. နောက်ကလည်းနံရံ ရှေ့ကလည်း အတင်းဖိထားလို့ သူ့ဆီးခုံက ကိုယ့်ဗိုက်မှာကပ်နေပြီ။ ကိုယ့်ရင်သားတွေက သူ့ဗိုက်ကြွက်သားတွေထဲ အိဝင်နေပြီ။
''ကိုယ့်ကို နမ်း''
''..''ကိုယ့်ကိုနမ်းရင် ဆက်မမေးတော့ဘူး''
ဘယ်လိုလုပ်ရမလဲ နမ်းလိုက်ရမလား။ မဟုတ်သေးဘူး ။ မနမ်းပဲနေရမလား ။ အဲလိုဆိုလည်း ဒီပုံစံအတိုင်းမိုးလင်းသွားလောက်တယ်။
''မင်းမနမ်းရင် ကိုယ်ပဲနမ်းမယ်''
ပြောပြီး နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်တယ်။ အောက်နှုတ်ခမ်းလွှာလေးကို ဖွဖွကိုက်တော့
ခပ်ဟဟပွင့်သွားတဲ့ နှုတ်ခမ်းတွင်းကို သး့လျှာကဝင်ရောက်လာတယ်။ ဆိုယွန်းလျှာကိုသိမ်းယူပြီး အငမ်းမရစုပ်ယူတယ်။ ဆိုယွန်းသူ့အနမ်းတွေမှာယစ်မူးနေမိတဲ့ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတယ်။ သူ့ကိုစိတ်ကောက်တာမအောင်မြင်တဲ့အပြင် ကိုယ့်ကိစ္စပါ ပေါ်သွားတာမလား။ ဆိုယွန်းခြေဖျားထောက်ထားရတာညောင်းလာတယ်။ နမ်းရတာလည်းမောလာတော့ ဘာဒါ့ရင်ဘတ်ကို အသာတွန်းလိုက်တယ်။ ခါတိုင်းဆို နောက်မဆုတ်ပေးတဲ့သူက ရပ်ပြီး ငုံ့ကြည့်တယ်။ ပြီးတော့ ဆိုယွန်းကိုရင်ခွင်ထဲထည့်ပြီး တင်း
နေအောင်ပွေ့ဖက်ထားတယ်။ ဆိုယွန်းနားနဲ့ သူ့နှလုံးသားနဲ့နီးကပ်လွန်းလို့ သူ့ရင်ခုန်သံတွေမြန်နေတာကို အတိုင်းသားကြားနေရတယ်။
ဆိုယွန်း သူ့ကျောကိုပြန်ဖက်ထားပြီး
''ဘယ်လိုသိသွားတာ''
''ဦးလေးကြီး ပစ္စည်းပုံးလာပေးလို့ပေါ့ မဟုတ်ရင် ကလေး၅ယောက်လောက်ရရင်တောင် သိရမယ်မထင်ဘူး''
''လာပြန်ပြီ ကလေး''
'' ဆိုယွန်းသဘောကျရတဲ့လူရှိတယ်ဆိုပြီး ကိုယ်ဘယ်လောက်သဝန်တိုခဲ့ရလဲ သိလား''
''တိုခဲ့တယ်ပေါ့''
''တိုတယ်လေ တိုလို့ပေါ့ ပါတီကအပြန်ကားဘယ်လိုမောင်းပြီး ဒါဟျွန်းကိုဝင်ပို့ခဲ့မှန်းတောင်မသိဘူး''
''ပြောပါဦး ကိုယ့်ကိုချစ်တဲ့အကြောင်း''
''အာ အဲဒါငယ်ငယ်တုန်း''
''အခုရော အခုမချစ်ဘူးလား''
''အခုက ဒီတိုင်းပဲ''
''ဒီတိုင်းပဲပေါ့ ခုနက သဝန်တိုနေတာ ဘယ်သူလဲပြော''
''အမယ် မတိုပါဘူး ပြောပြတာ''
''မတိုဘူးပေါ့''
''မတိုဘူး''
''လာခဲ့ မတိုဘူးလို့ညာနေတာကို အပြစ်ပေးရမယ်''
စွေ့ကနဲကောက်ချီပြီး ကုတင်ပေါ်ချလိုက်တယ်။
''မလုပ်နဲ့နော် အိုမားတို့ကြားသွားမယ်''
''မရဘူး လုပ်ချင်တာ''
''ဘာဒါ တော်တော့လို့''
''ဘာလဲ အရင်ကတော့ ဘာဒါနှုတ်ခမ်းရဲရဲလေးကိုနမ်းဖူးချင်တာဆို အခုတော့ လွယ်လွယ်ရနေတော့မနမ်းချင်တော့ဘူးလား''
''အားးးး သူများစာအုပ်တွေခိုးဖတ်တယ် အကျင့်မကောင်းတဲ့လူ''
ဆိုယွန်းအတင်းရုန်းနေလည်း နောက်ဆုံးမှာ ဘာဒါရင်ခွင်အောက်မှာ ဘာဒါ့အနမ်းတွေအောက်မှာ အလူးအလဲ။
လက်ကောက်ဝတ်နှစ်ခုကိုပူးကိုင်ပြီး နှုတ်ခမ်းတွေကိုနမ်းတယ်။ ယောင်နေလို့ ဖူးဖူးလေးဖြစ်နေတဲ့နှုတ်ခမ်းလေးက ခံစားမှုအသစ်တွေကိုပေးတယ်။ နမ်းနေရင်း ကျန်တဲ့လက်တဖက်က ရင်သားတွေဆီမှာ. သူ့နှုတ်ခမ်းတွေရင်သားတွေဆီရောက်လာတော့ လက်က တဖြည်းဖြည်းအောက်ရောက်သွားတယ်။ ဗိုက်သားချပ်ချပ်လေးတွေကို ပွတ်သပ်ပြီး ဆီးခုံပေါ်ကို လက်နဲ့အုပ်ကိုင်လိုက်တယ်။ ဆိုယွန်း ညည်းသံမထွက်အောင်အံကြိတ်ပြီးသည်းခံနေရတယ်။ ဘာဒါ့လက်တွေက ဆိုယွန်းဘောင်းဘီကို ဘယ်အချိန်ကျွမ်းကျင်စွာချွတ်လိုက်မှန်းမသိ ဆိုယွန်းငုံ့ကြည့်တော့ အောက်ပိုင်း ဗလာကျင်းနေပြီ။ ပေါင်တွင်းသားလေးတွေကို လျှာဖျားနဲ့လိုက်ထိနေပြီး လက်တွေကလည်း ပန်းပွင့်လေးအနားမထိတထိ။

ချစ်မိသော ပင်လယ် Where stories live. Discover now