Ch2

10K 181 3
                                    

ဆိုယွန်းတစ်ယောက် coffeeဆိုင်မှာ မီယွန်းကိုစောင့်ရင်းအတွေးများနေမိတယ်. အိုမားက ဆိုယွန်းကို အိမ်ထောင်ချပေးခဲ့မယ်တဲ့. ရှေ့လကျရင် အိုမားက ဆိုယွန်းအစ်မရှိတဲ့ ကနေဒါကိုသွားမှာမို့လို့. ဆိုယွန်းကလည်း ဒီကအလုပ်ကအဆင်ပြေပြီး ဒီမှာပိုအဆင်ပြေတာကြောင့် မလိုက်ချင်ဘူးလို့ ငြင်းထားတာ.
အခုအိမ်ထောင်ချပေးခဲ့မယ်ဆိုတော့ အတွေးများနေရပီ.
ထိုစဥ် မီယွန်း ဆိုင်ထဲဝင်လာတာတွေ့လိုက်တော့ လက်ထောင်ပြလိုက်တယ် မီယွန်းက ဆိုယွန်းဆီလာရင်း
''ဆိုယွန်းလေး စောင့်နေတာကြာပြီလား ငါ အလုပ်လေးလက်စသတ်နေလို့ ကြာသွားတယ်''
''ဟင့်အင်း မီယွန်း မကြာသေးပါဘူး
နင်ဘာသောက်မလဲ မှာလိုက်ဦး''
မီယွန်းက Ice Americanoတစ်ခွက်မှာလိုက်ပီး
''ပြောပါဦး အရေးပေါ်ဘာဆွေးနွေးစရာရှိ?''
မီယွန်းက Stateကျောင်းကတည်းက ဆိုယွန်းအချစ်ဆုံးသူငယ်ချင်း. နာမည်လေးတွေလည်းဆင်လို့ ညီအစ်မတွေလိုထင်သူကထင်ကြတယ်.ဆိုယွန်းအကြောင်းဆိုယွန်းထက်သိတဲ့သူလေးပေါ့။

''အင်း အိုမားက ငါ့ကိုအိမ်ထောင်ချပေးမယ်တဲ့''
''ဘာ!!!!''
''ဟဲ့ မအော်နဲ့လေ ဝိုင်းကြည့်ကုန်ပြီ''
မီယွန်းက ဘေးဝိုင်းတွေကို တချက်ကြည့်ပီး ဆိုယွန်းဘေးကိုလက်ညှိုးထိုးကာ
''ဘေးမှာ လာထိုင်ရမလား ငါထပ်မအော်ဘူးလို့ အာမမခံနိုင်လို့''
မီယွန်းက အဲ့လိုရွှတ်နောက်နောက်နဲ့ပျော်တတ်သူပါ။
''နေပါ အဲဒီမှာပဲထိုင်''
''အင်း အဲတော့ ဘယ်ကလူလဲ ပြောစမ်း
ချောလား နာမည်ဘာလဲ ချောရင် ငါ့အတွက်ပါ ရှာပေးလို့ပြောရမယ် ဟားဟားဟား''
''အဲဒါကလေ.. ဟိုဟာ''
''ဘယ်ဟာလဲ ငါသိတဲ့တဲ့လူလား''
''အင်း''
"OMG ပြော ပြော မြန်မြန်ပြောစမ်းပါ''
''ဘာဒါ''
''ဘာ!!!!!!!!''
ခုနကထပ် ပိုကျယ်တဲ့အသံနဲ့ မီယွန်းက ထအော်ပါတယ်။
''သြော် မအော်ပါနဲ့ဆို''
''ဟယ် နင့်ဟာက မအော်ပဲနေနိုင်မလား
နင့်crush Lee Badaလား''
''အင်း..''
''အမလေး ဆိုယွန်းမ ထီပေါက်တာပဲ နင်တော့''
''အဲလိုဖြစ်ပါ့မလား သူက ငါ့ကိုသိရောသိပါ့မလားဟင်
ငါ သူနဲ့မတွေ့ရဲဘူး အိုမားက တွေ့ကြည့်လို့ပြောတာကိုလည်း ငါငြင်းလိုက်တယ်''
''အဲတော့ နင်က မယူဘူးလို့ပြောလိုက်တာလား''
''မဟုတ်ဘူး မတွေ့ကြည့်ဘူးလို့ပြောလိုက်တာ''
''ဆိုတော့ ယူတော့ယူမယ်ပေါ့''
''အင်း''
ပြောပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိကြတယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now