Ch31🔞🍬

8.4K 106 6
                                    



ဆိုယွန်းနိုးလာတော့ အခန်းထဲမှာ ဘယ်သူမှမရှိ။
နာရီကြည့်လိုက်တော့ ည၇နာရီ။
နေ့လည်က မူးလဲသွားတာမှတ်မိတယ်။ အခုတော့ ခေါင်းနည်းနည်းမူးနေပေမယ့် အရမ်းမဆိုးတာကြောင့် ထထိုင်လိုက်တယ်။ ဘာဒါရော.. အပြင်မှာလား။
အခန်းထဲကထွက်ပြီး အောက်ဆင်းကြည့်တော့ kitchenထဲမှာ ဘာဒါကိုတွေ့လိုက်တယ်။ အနားသွားပြီး နောက်ကနေခါးဖက်ပြီးကျောပြင်အကျယ်ကြီးကို မှီလိုက်တော့
''ဟင် ဆိုယွန်းလေး သတိရပြီလား
ဘာလို့ထွက်လာတာလဲ လမ်းလျှောက်နိုင်ရဲ့လား''
''လျှောက်နိုင်ပါတယ်''
''ခေါင်းမူးနေလား ဘယ်လိုနေသေးလဲ ကြည့်ရအောင်''ပြောပြီး ဘာဒါနောက်လှည့်မလိုလုပ်တော့
''ဟင့်အင်း သက်သာသွားပြီ မနေ့က အိပ်ရေးမဝလို့ဖြစ်မယ် ဒီတိုင်းခဏလေးနေပေး''လို့ပြောပြီး လွှတ်မပေးပဲ ငြိမ်နေလိုက်တယ်။
''အဖွဲ့သားတွေတော့ ပြန်ကြပြီ ကိုယ်တို့ဒီည ဒီမှာပဲ အိပ်လိုက်ရအောင် နှော်
သူတို့ မနက်ဖြန်ပြန်မှာ
အတူတူလိုက်ပြန်နိုင်လား မပြန်နိုင်ရင် နောက်တစ်ရက်မှပြန်ကြမယ်လေ''
''ပြန်မယ် အတူတူပြန်မယ်''

ပြောနေကြတုန်း အိုမား ဝင်လာပြီး
''နောက်ရက်မှ ပြန်ကြပါလား ဆိုယွန်းလည်းပင်ပန်းနေမယ်ထင်တယ်''

အိုမားဝင်လာတော့ ဆိုယွန်းက ဖက်ထားတာကိုလွှတ်ပြီး နောက်ဆုတ်လိုက်တယ်။
ဘာဒါ ဆိုယွန်းဘက်လှည့် ပုခုံးကိုဖက်ပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း
''ဟုတ်တယ် မနက်ဖြန်တစ်ရက်နားကြမယ်လေ ဆရာဝန်ကလည်း ချက်ချင်းခရီးမသွားနဲ့ဦးလို့မှာထားတယ်''
''ဟယ် ခရီးမသွားနဲ့လို့တော့မပြောပါဘူး'' အိုမားဝင်ပြောတော့
''သြော် အတူတူပဲလေ အိုမားကလည်း ခရီးသွားရင် လှုပ်ရှားရတာပဲကို''
''အေးပါ နင်လိုက်နာဖို့ပဲ လိုတာပါ
ဆိုယွန်း သမီးသက်သာရဲ့လား အိုမားဖြင့်စိတ်ပူလိုက်တာကွယ်''
ဘာဒါက ဒါဟျွန်းနဲ့ကိစ္စကို သူပြောပြပြီး ချော့မယ် အိုမားတို့ဝင်မပြောရဘူးဆိုလို့ နေကောင်းအောင်နေဖို့ပဲ တဖွဖွပြောရတယ်။
ဆိုယွန်းကို ဘာဒါကျိုထားတဲ့ စွပ်ပြုတ်တိုက်ပြီး ဧည့်ခန်းကိုထွက်လာတော့
အာပါးက ဧည့်ခန်းမှာထိုင်နေရာက မော့ကြည့်တယ်။
အာပါးက ဘာဒါကို မကြည်သေးပါ။
နေ့လည်က ဆိုယွန်းသတိလစ်နေတုန်း အာပါးကို ဘာဒါကိုခေါ်တယ်။
သူ့စာကြည့်ခန်းထဲရောက်တော့ အာပါးက Companyက သူ့လက်ထောက်နဲ့ဖုန်းပြောနေလို့ ထိုင်စောင့်နေရတယ်။ အာပါးက companyက ဘာဒါကိုလွှဲချင်ပေမယ့် ဘာဒါက Dancerပဲလုပ်မယ်ဆိုပြီး အကြောက်အကန်ငြင်းထားတာမို့ အနားယူတော့လည်း လက်ထောက်ကိုပဲ လွှဲထားရတော့ အပြည့်အဝအနားမရပဲ ဝင်စီမံပေးနေရတုန်းပါ။
ဘာဒါစောင့်နေတော့ လှည့်ကြည့်လိုက်ပြီး စကားစဖြတ်ပြီး ဖုန်းချလိုက်တယ်။
''ဘာဒါ အာပါးပြောမယ်
ကုမ္ပဏီမှာဝင်လုပ်ဖို့ပြောတုန်းကလည်း သမီးအမေက ကာဆီး ကာဆီးလုပ်နေလို့
တည်တည်ငြိမ်ငြိမ်လေးဖြစ်သွားအောင် မိန်းမပေးစားမယ်ဆိုတော့လည်း ဘာမှဝင်မပြောခဲ့ဘူး ကိုယ့်သားသမီးဆိုတော့ တာဝန်ယူမှု တာဝန်သိတတ်မှုလေးတော့ရှိမှာပဲ ဆိုတဲ့အတွေးနဲ့ အိမ်ထောင်ဦးစီးဖြစ်လာပြီဆိုရင် အရာရာစဥ်းစားရတယ် ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ကိုယ့်နောက်မှာ ကိုယ့်အိမ်ထောင်ဖက်ရှိတယ် နောက်ဆို ကလေးတွေလည်းရှိရင်ရှိမယ် ငါကတော့ဒီလိုပဲနေတတ်တယ် နေတတ်သလို နေချင်သလိုနေမယ်လို့ နေလို့မရဘူး ''
''အာပါး ဒါက ဘာဒါတို့က ပေါ့ပေါ့ပါးပါးနေတဲ့အသိုင်းအဝိုင်းလေးဖြစ်နေလို့ပါ ဟော့ဟော့ရမ်းရမ်းတွေလည်းမဟုတ်ပါဘူး ကလေးတွေကလည်း ဘာစိတ်နဲ့မှမဟုတ်ပါဘူး ပြီးတော့ ဆိုယွန်းကိုလည်း ဘာဒါသေချာလေးရှင်းပြမှာပါ''
''ဒီလိုအသိုင်းအဝိုင်းဖြစ်နေလို့ ဒီလိုနေတယ်ဆိုရင် ဒီလိုအသိုင်းအဝိုင်းကထွက်ခဲ့ ဘာဒါ
ဘာစိတ်ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ်ကအိမ်ထောင်သည် ဘာလုပ်လုပ် မင်းခေါင်းထဲဆိုယွန်းကိုထည့်ထား သူများသားသမီးကို ဒုက္ခပေးချင်လို့ ငါတို့သားသမီးနဲ့ပေးစားတာမျိုးမဖြစ်ချင်ဘူး ပြီးတော့ ဘဝတက်လမ်းအတွက်လည်းတွေးဦး ရေရှည်ရပ်တည်လို့မရတဲ့အလုပ်တွေအတွက်နဲ့ အချိန်တွေမဖြုန်းနဲ့''
ဘာဒါ ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေမိတယ်။ အာပါးက ဘာဒါ့Dancerအလုပ်ကို အားမပေးတာမို့ အိုမားက အမြဲတမ်းဝင်ပြောပေးခဲ့ရတာ။ မကန့်ကွက်ခဲ့ရုံနဲ့တင်ကျေနပ်ခဲ့ရတာမို့ အခုလည်း ဘာမှတော့မပြောနိုင်ပါ။ တကယ်တော့ လူသစ်တွေထဲ ဘာဒါက အောင်မြင်တဲ့အထဲပါပါတယ်လို့ စောဒကတက်ချင်ပေမယ့် ဆိုယွန်းကိစ္စလည်းရှိသေးတော့ ငြိမ်နေလိုက်တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now