Ch34🔞

7.3K 136 11
                                    

ဘာဒါ တရေးနိုးတော့
အဝတ်မကပ်တဲ့ ဆိုယွန်းခန္ဓာကိုယ်လေးက သူ့ရင်ခွင်ထဲမှာ ပူခြစ်နေတယ်။
နှုတ်ခမ်းဖျားကလေပူတွေက သူ့လည်တိုင်ဆီ တိုးတိုက်နေတယ်။
ထပြီး မီးဖွင့်လိုက်တော့ မျက်နှာတစ်ခုလုံးရဲတွတ်နေပြီး စောင်ပုံအောက်မှာ တိုးသဲ့သဲ့ညည်းနေတဲ့ ဆိုယွန်းကို ခွေခွေလေးတွေ့ရတယ်။
အနားသွားပြီး နဖူးစမ်းရင်း ကြည့်လိုက်တော့ တကိုယ်လုံးက ကိုက်ရာတွေက သွေးစို့ပြီး ယောင်ကိုင်းနေတယ်။
သနားစရာကောင်းလောက်အောင် ပျော့ဖတ်နေတဲ့ဆိုယွန်းက တချက်တချက် ယောင်ပြီး ရှိုက်ငိုတယ်။
သူရေပတ်တိုက်ဖို့အဝတ်ထုတ် ရေထည့်ပြီး စောင်ခွာလိုက်ပြီး တစ်ကိုယ်လုံးကို ရေပတ်အရင်တိုက်လိုက်တယ်။ အဖျားကြီးတော့ တော်တော်နဲ့အပူမကျတာကြောင့် အင်္ကျီလေးဝတ်ပေးပြီး အဖျားကျဆေးတိုက်ပြီး နဖူးကိုရေပတ်ဝတ်တစ်ညလုံးထိုင်အုပ်ပေးနေရတယ်။
ယောင်ပြီး ငိုငိုနေတတ်တဲ့ဆိုယွန်းကြောင့် ခဏလေးတောင်အနားကမခွာဖြစ်။ သူငယ်ချင်းဆရာဝန်ကို ဖုန်းဆက်ပြီးမေးတော့
''ဟယ်လို ''
အိပ်ချင်မူးတူးနဲ့ဖုန်းဖြေသံကြားရတယ်။
''အင်း ဒုံမင်း ငါ ဘာဒါ''
''အေး ပြော မိုးတောင်မလင်းသေးဘူး ဘာဖြစ်တာလဲ''
''ငါ့မိန်းမဖျားနေလို့ မနက်​စောစောအိမ်
လာကြည့်ပေးနိုင်မလား
အခုတော့ ရေပတ်ဝတ်တိုက်ပေးထားတယ်ဆေးလည်းတိုက်ထားတယ် အရမ်းအဖျားတက်နေလို့ ဘယ်လိုလုပ်ရမလဲ''
''လုပ်တာကတော့ ခုနကမင်းလုပ်တာတွေလုပ်ရမှာ ဆေးတိုက်ထားတော့ ချွေးထွက်လာရင် အဝတ်ခဏခဏလဲပေးပေါ့ ငါမနက်လာခဲ့မယ် ဖျားတာပဲမလား ကျန်တာဘာရှိသေးလဲ''
''အေး ဆိုပါတော့''
''ဆိုပါတော့ကဘာလဲ''
''ဟိုဟာ ကိုက်ရာတွေက နည်းနည်းယောင်နေလို့ အဲဒါ..''
''ဟာ ဟေ့ရောင် အေးပါ ငါသဘောပေါက်ပြီ
တော်ရုံပဲကောင်းတယ်နော် ငါ မနက်ကျလာခဲ့မယ်''

ဖုန်းချလိုက်ပြီး ဆိုယွန်းကိုကြည့်လိုက်တယ်။
အင်္ကျီဝတ်ပေးထားပေမယ့် လည်တိုင်ကအရာတွေကတော့ ထင်းခနဲမြင်သာတာမို့ သက်ပြင်းရှိုက်လိုက်မိတယ်။

သူလွန်သွားတယ်။
ဆိုယွန်း ရှေ့ရက်တွေက သူ့ကိုရှောင်နေလို့ စိတ်ခုနေချိန်မှာ ရုံးကစီနီယာဆိုတဲ့လူနဲ့ ရင်းနှီးလွန်းနေတဲ့အပြင် clubပါရောက်သွားနေတာကြောင့် စိတ်လွတ်သွားမိတယ်။ ကိုယ်နဲ့အတူလာတဲ့လူတွေကိုတောင် နှုတ်မဆက်ခဲ့နိူင်။ ဆိုယွန်းနဲ့ဟိုလူထွက်သွားတာမြင်တာနဲ့အပြေးလိုက်ခဲ့တာ။ ဒါဟျွန်းလည်း သွားတော့မယ်ဆိုတာ studioက လူတွေကိုအသိပေးလိုက်တာမို့လို့ စိတ်ပြေလက်ပျောက်လာလိုက်ကြတာ။ ဘာဒါက အစကမလိုက်ဘူးလုပ်ထားပေမယ့် ဆိုယွန်းကလာမကြိုနဲ့ဆိုလို့ အားတယ်ဆိုပြီး လိုက်ဖြစ်သွားတာ။
သဝန်တိုပြီး ကြမ်းမိသွားတာဆိုပေမယ့် သူ့ကိုငြင်းဆန်နေတဲ့ဆိုယွန်းကြောင့် ကိုယ့်ကိုကိုယ်မုဒိန်းကောင်လိုခံစားရတယ်။ သူလည်းမူးနေတဲ့စိတ်နဲ့တမင်ဆိုးလိုက်ပေမယ့် ဆိုယွန်းကိုသနားလည်းသနားတယ်။ နားလည်းမလည်နိုင်ဘူး။ တခုခုဖြစ်သွားမှာလည်းစိုးရိမ်သလို အဖြစ်လည်းမခံနိုင်ဘူး။ ဒီကြားရှောင်ဖယ်ဖယ်လုပ်လာတော့ ပိုပြီး စိတ်ပူတယ်။
အကြမ်းမခံနိုင်တာသိပေမယ့် သူလည်းဆိုယွန်းကိုညှာပြီး အမြဲတမ်းစိတ်ထိန်းထားရတာမို့ သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ
ဖျားပါဖျားသွားပြီလေ။

ချစ်မိသော ပင်လယ် Where stories live. Discover now