Ch 33🔞

7.3K 109 9
                                    

မနက်နိုးတော့ ဆိုယွန်း မနက်စာထပြင် ရေချိုးပြီး ဘာဒါမနိုးခင် စောစောရုံးသွားလိုက်တယ်။
သူရှင်းပြတာစောင့်မယ်လို့ပဲ တွေးထားတာမို့ သူရှေ့မှာလည်း မျက်နှာပျက်မနေချင်ပါ။
ရင်ထဲက နာကျင်နေရတာတွေက မျက်နှာမှာပေါ်နေမှာမို့ မျက်နှာချင်းလည်းမဆိုင်ချင်ပါ။
ဆိုယွန်းရုံးရောက်တော့မှ ဘာဒါဆီက ဖုန်းဝင်လာတယ်။
''ဆိုယွန်း ကိုယ်လိုက်ပို့မယ်ပြောထားတာကို နှိုးလည်းမနှိုးဘူး''
''ညက နောက်ကျမှ ရောက်တာမလား အိပ်ရေးဝဝအိပ်ရအောင် မနှိုးခဲ့လိုက်တာ''
''ညနေ လာကြိုမယ် ရုံးဆင်းခါနီးဖုန်းဆက်လိုက်နော်''
''ကားယူလာတယ် လာမကြိုနဲ့တော့နော် ''
''အင်းးး အင်းပါ နောက်နေ့မှ အကြိုအပို့လုပ်ပေးတော့မယ်''

ဖုန်းချလိုက်တော့ ဆိုယွန်းတို့Teamက ညီမလေးက မေးတယ်
''အွန်နီး newsတွေမှာတွေ့လို့ မေးမလို့''
''အင်း ချယ်ရင်း မေးလေ''
''ဘာဒါလီမှာ ရည်းစားရှိတယ်ဆိုပြီး တွေ့လို့လေ Rumorလို့ရေးထားပေမယ့် အွန်နီးတို့ officialပြောကြတော့မလားလို့ သိချင်လို့''
''ဟုတ်လား အဲလိုတော့မစဥ်းစားမိသေးပါဘူး သူလည်း Idolဘာညာလည်း မဟုတ်ဘူးလေ နဂိုကတည်းက privacyထားတဲ့လူဆိုတော့ မပြောဖြစ်ကြလောက်ဘူးထင်တယ်''
''ဟုတ် ညီမသာဆို ပြောမှာ
လူတိုင်းကိုလိုက်ကြွားနေလောက်တယ် ဟိ''
''အဲဒါက နင်လေ ဆိုယွန်းနဲ့မတူဘူး နော်''
ဆိုယွန်းတို့အဖွဲ့ရဲ့စီနီယာအကိုဂန်မိုက ဝင်ပြောတယ်။ အဖွဲ့ထဲမှာ ယောင်္ကျားလေးဆိုလို့ အကိုတစ်ယောက်ပဲပါတာဖြစ်သလို အကိုက ယောင်္ကျားလေးပဲစိတ်ဝင်စားသူမို့ အဖွဲ့ထဲက မိန်းကလေးတွေက စိတ်လွတ်ကိုယ်လွတ်ပေါင်းကြတယ်။

ဘာဒါ အိမ်ကထွက်တော့ ရဲစခန်းကိုအရင်သွားလိုက်တယ်။
ဟန်ထယ်ဂျွန်းကိစ္စ တရားစွဲလို့ရမရ တိုင်ပင်နေတာမို့ အခုတလော ရဲစခန်းကိုခဏခဏလာနေရတယ်။ ဘာမှတော့မဖြစ်လိုက်ပေမယ့် သူ့လိုလူကို လွှတ်မထားသင့်ဘူးမလား ။ ဆိုယွန်းနောက်ကို ကိုယ်လည်းအမြဲတမ်းလိုက်မနေနိုင်တာမို့ အချိန်တိုင်းစိတ်မချနိုင်ဖြစ်နေရတယ်။ မနေ့ညကလည်း ရှေ့နေသူငယ်ချင်းနဲ့ချိန်းထားတာမို့ ဟိုဟိုဒီဒီဆွေးနွေးရင် ညနက်မှပြန်ဖြစ်တယ်။ ဆိုယွန်းကိုတော့ ဟန်ထယ်ဂျွန်းအကြောင်း အစမဖော်ချင်တာကြောင့် အသိမပေးဖြစ်။
ရဲစခန်းကထွက်တော့ ရိုက်ကူးရေးကိုသွားရတယ်။ ညနေတော့ studioကို ခဏဝင်မယ်လို့တွေးထားပြီး ညနေstudioကနေ အိမ်ကိုစောစောပြန်ခဲ့မယ်လို့ ဆိုယွန်းဆီစာပို့လိုက်တယ်။
ဆိုယွန်းရုံးဆင်းတော့ ဘာဒါကိုလည်းလာမကြိုခိုင်းတာမို့ ရုံးကအဖွဲ့နဲ့ ကြက်ကြော်ဆိုင်သွားထိုင်ကြတယ်။
စကားပြောနေကြတုန်း ဖုန်းထဲမက်ဆေ့ဝင်သံကြားတော့ သူ့ဆီကထင်ပြီး ဝင်ကြည့်လိုက်တယ်။ တကယ်တမ်း ဘယ်ကမှန်းမသိတဲ့ accတစ်ခုကပို့တာဖြစ်နေတယ်။
ဓာတ်ပုံတစ်ပုံ ပုံကမှောင်နေပေမယ့် ဆိုင်တဆိုင်က ထွက်လာတဲ့စုံတွဲပုံမှန်းတောင်သိသာတယ်။ ကောင်မလေးက partnerလက်မောင်းကိုတွဲခိုရင်း မော့ကြည့်လို့။ ဆိုယွန်းသေချာကြည့်လိုက်တော့ အဆိုပါပုံထဲက အရပ်ရှည်ရှည်နဲ့တစ်ယောက် က ဆိုယွန်းက အလိုအလျောက် မတ်တပ်ထရပ်မိစေတယ်။ ဒါဟျွန်းအိမ်ဆိုပြီး လိပ်စာတစ်ခုလည်းပါတယ်။ ပို့ပေးတဲ့သူ ဘယ်သူဆိုတာဆိုယွန်းမစဥ်းစားတော့။ ကားသော့ကောက်ကိုင်ပြီးပြေးထွက်ခဲ့တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now