Ch22

4.9K 128 3
                                    

ဆိုယွန်းအလုပ်တက်ပြီး ၅ရက်အကြာ ဘာဒါက overseaသွားရမယ်တဲ့။
workshopရှိလို့ ဂျပန်သွားရမယ်တဲ့။
ဆိုယွန်းနဲ့လက်ထပ်ပြီးနောက်ပိုင်း ပထမဆုံးပြန်သွားရတာပေါ့။ အရင်ကတော့ ဘာဒါက workshopတွေသွားရင် ဆိုယွန်းကိုခေါ်မယ်စိတ်ကူးခဲ့ပေမယ့် အလုပ်ဝင်နေပြီဖြစ်တာရယ် သူနဲ့ခရီးမသွားချင်လောက်ဘူးထင်တာရယ်ကြောင့် လိုက်ခဲ့ဖို့မပြောဖြစ်တော့။

ခါတိုင်းလိုပဲ အဖွဲ့ထဲကလူတွေရော ကျောင်းသားတွေထဲက လိုက်ချင်သူတွေရော လိုက်ကြတာမို့ ဒါဟျွန်းလည်းပါတယ်။
လေယာဉ်ပေါ်လည်း ဒါဟျွန်းက ဘာဒါအနားမွာ မရရအောင်လိုက်ထိုင်တယ်။ ဟိုရောက်တော့လည်း Hotelမွာ ဘာဒါနဲ့တစ်ခန်းထဲနေမယ်လုပ်တာနဲ့ တစ်ယောက်ထဲပဲနေမယ်ဆိုပြီး အတင်းငြင်းထုတ်လိုက်ရတယ်။
ဒါပေမယ့် အပြင်သွားခါနီး လာခေါ်ရင်း ဝင်လာလိုက် ပစ္စည်းတခုခုတောင်းသလိုနဲ့ဝင်လာလိုက်
ဒါဟျွန်းလည်းသနားပါတယ်လို့တွေးမိပေမယ့် သူဘာမှမတတ်နိုင်ပါ။ ငယ်ငယ်ကတည်းက သူ့ကျောင်းသူလေးမို့ ချစ်ရပေမယ့် အခုလိုခပ်တန်းတန်းနေရတော့စိတ်မကောင်းပါ။ ဒါပေမယ့် ဒါဟျွန်းစိတ်ကိုသိနေတာမို့ ခပ်ခွာခွာနေတာအကောင်းဆုံးလို့ပဲတွေးမိတယ်။
Workshopက 4ရက်။ ပြီးတဲ့အချိန်ကျ အတူတူလျှောက်သွားကြ စားကြနဲ့ပျော်နေကြပေမယ့် ဘာဒါကေတာ့ ဆိုယွန်းကိုသတိရနေမိတယ်။ စာပို့ရနိုး မပို့ရနိုးနဲ့ တွေဝေမိပြီး ဆိုယွန်းကိုဘယ်လိုလက်လွှတ်ပေးရမလဲပဲတွေးပြီး သူများတွေနဲ့အတူတူမပျော်နိုင်ဘူးဖြစ်နေတယ်။

ဘာဒါသွားတာ ၃ရက်လောက်ရှိပြီ။
မီယွန်းက လာနေပေးမယ်ပြောပေမယ့် ဆိုယွန်းငြင်းလိုက်တယ်။
စာမလာသတင်းမကြားနဲ့ သူ့ကိုတော်တော်လွမ်းနေပြီ။ တခါတေလ သူ့အင်္ကျီတွေထုတ်ကြည့်ပြီး အလွမ်းဖြေရတယ်။ ညရောက်တော့ မနေနိုင်မထိုင်နိုင် ဒါဟျွန်းaccကိုဝင်ကြည့်မယ်လို့ အားတင်းလိုက်တယ်။ လိုက္သြားလား မလိုက်လားမသိပေမယ့် ဝင်ကြည့်ရင်တော့ တခုခုသိရမယ်ထင်တာကြောင့် IGဖွင့်ပြီး ရှာလိုက်တယ်။
ဂျပန်ကရှူခင်းပုံလေးတွေ Gp ပုံလေးတွေ dance practiceတွေတင်ထားတာကြည့်ပြီး
ဒါဟျွန်းmirror selfieရိုက်ထားတဲ့ပုံကိုသေချာကြည့်လိုက်တော့ နောက်ကဖြတ်သွားတဲ့တစ်ယောက်ရဲ့ လက်ကပါနေတယ်။
Captionကလည်း အသဲအပြာရောင်လေးနဲ့လှိုင်းemojiလေးနဲ့။
Hotelအိပ်ခန်းထဲမှာဖြစ်လို့ အခန်းဖော်ပဲလို့ထင်လိုက်တယ်။ ဒါပေမယ့် ခက်တာက အဲ့လူရဲ့လက်မှာ ပင်လယ်ပုံTattooလေးနဲ့

ချစ်မိသော ပင်လယ် Where stories live. Discover now