Ch41 🔥🍬✨

4.6K 122 12
                                    

မနက်ကျ ဘာဒါစောစောနိုးတော့ ရေမိုးချိုးပြီး အောက်ထပ်ကိုဆင်းခဲ့တယ်။
ဂျယ်ဟွန်းက အောက်မှာ သူ့ကို breakfastအတူသွားစားဖို့စောင့်နေတယ်။
နှစ်ယောက်သား အပြင်ထွက်ဖို့ခြေလှမ်းပြင်ရုံရှိသေး အပေါ်ထပ်က ကလေးငိုသံကြားရတယ်။

''သမီးရေ ဘာဖြစ်လဲ''

အန်တီလှမ်းမေးတော့ ဆိုယွန်းက ကလေးကိုချီပြီးထွက်လာတယ်။

''ဘာမှမဟုတ်ပါဘူး အန်တီ''

ဒါပေမယ့် ကလေးက ဘာဒါ့ကိုမြင်သွားေတာ့တယ်။

''အာပါး အာပါး ချီ ချီ ''

သူ့အမေဆီမှာ ရုန်းကန်ကော့ထိုးနေတာကြောင့် ဘာဒါအပေါ်ပြန်တက်ပြီး ကလေးသွားယူလိုက်တယ်။
ဆိုယွန်းက မပေးချင်ပေးချင်နဲ့ သူ့လက်ထဲထည့်ပေးပြီး

''နိုးတာနဲ့ ဂျီကျနေတော့တာပဲ''

ဘာဒါ့ဆီရောက်တော့ မြောင်ဝူးလေးက အငိုရပ်သွားပြီ။

''ကိုယ်တို့ breakfastသွားစားကြမလို့ လိုက်ခဲ့ပါလား''

မလိုက်ဘူးလို့ ငြင်းမယ်ကြံနေတဲ့ ဆိုယွန်းကို

''မင်းမလိုက်ရင်လည်း သားကိုခေါ်သွားလိုက်မယ်''

အဲလိုလည်းထည့်ပေးချင်ပုံမရ။
အင်းပေါ့လေ ကိုယ်ကသူစိမ်းဆိုတော့။

''ကဲ လိုက်မှာလား မလိုက်ဘူးလား ပြော''

''လိုက်မယ် ''

ပြောပြီး ဆိုယွန်းအပေါ်က ကုတ်အရှည်တစ်ထည်ဝင်ယူပြီး ဝတ်လိုက်တယ်။

ကားဆီရောက်တော့ သားက တစ်စခန်းထလာပြန်တယ်။ အာပါးကားပဲစီးမယ်တဲ့။ ဆိုယွန်းမျက်နှာကြည့်ပြီး သူရယ်ပဲရယ်ချင်တော့တယ်။

''လာပါ ကလေးက အဲ့လောက်ပြောနေတာကို''

အဲလိုနဲ့ ထုံးစံအတိုင်း ဂျယ်ဟွန်းက ကားတစ်စီး သူတို့က သပ်သပ်တစ်စီး ဖြစ်သွားပါလေရော။

''သားနာမည်က ဘယ်သူပေးတာလဲ ​မြောင်ဝူးဆိုတာ''

''သူ့အဖေ''

ဘာဒါ ဘာမှဆက်မပြောပဲ နှုတ်ဆိတ်သွားတော့တယ်။

တကယ်တော့ သားနာမည်က Moon (လ)လို့အဓိပ္ပါယ်ရတယ်။
ဘာဒါ အကြိုက်ဆုံးက အပြာရောင်ရယ် Moonရယ် သူ့နာမည် ပင်လယ်ရယ်။
သူ့လက်ဖျံက Tattooက ပင်လယ်မို့လို့လှိုင်းပုံကိုမှ အပြာရောင် ပြီးတော့ လခြမ်းပုံလှိုင်းပုံလေး။
သားနာမည်ပေးဖို့စဥ်းစားတော့ ဘာကြောင့်ရယ်မဟုတ် သူ့အကြောင်းတွေဆီက မလွတ်မြောက်နိုင်တာမို့ မြောင်ဝူးလို့ ပေးမိတယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now