Ch 16 🔥🔞

20.7K 174 4
                                    

ဘာဒါ ပွဲကို ဒါဟျွန်းနဲ့အတူတူတက်ရတယ်။
ဒါဟျွန်းက အသားရောင်ဂါဝန်တိုကို ဝတ်ထားပြီး သူ့ပုံစံအတိုင်းလန်းလန်းလေးနဲ့လှနေတယ်။ အနုပညာရှင်တွေ Idolတွေ တော်တော်များများတက်တဲ့ပွဲမို့လို့ အကုန်လုံးအစွမ်းကုန်ပြင်ဆင်လာကြတယ်။

ဘာဒါ ပွဲကို ဒါဟျွန်းနဲ့အတူတူတက်ရတယ်။ဒါဟျွန်းက အသားရောင်ဂါဝန်တိုကို ဝတ်ထားပြီး သူ့ပုံစံအတိုင်းလန်းလန်းလေးနဲ့လှနေတယ်။ အနုပညာရှင်တွေ Idolတွေ တော်တော်များများတက်တဲ့ပွဲမို့လို့ အကုန်လုံးအစွမ်းကုန်ပြင်ဆင်လာကြတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခန်းမထဲရောက်တော့ အသိတွေ သူငယ်ချင်းတွေကိုနှုတ်ဆက်စကားပြောရင်း ပွဲစီစဥ်သူ CEOကို ရှာလိုက်တော့ဘာဒါ ခဏကြောင်သွားတယ်။ ဆိုယွန်းမဟုတ်ဘူးလား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ခန်းမထဲရောက်တော့ အသိတွေ သူငယ်ချင်းတွေကိုနှုတ်ဆက်စကားပြောရင်း ပွဲစီစဥ်သူ CEOကို ရှာလိုက်တော့
ဘာဒါ ခဏကြောင်သွားတယ်။ ဆိုယွန်းမဟုတ်ဘူးလား..။ အနီရဲရဲဂါဝန် အနားတွန့်လေးတွေဝဲကျနေပြီး လှပသွယ်စင်းတဲ့ပေါင်တံတွေကို အထင်းသားမြင်နေရကာ ကျောဘက်ကလည်း ကြိုးလေးတွေယှက်ထားရုံပဲမို့ အားလုံးအတိုင်းသား။ အံကိုတင်းကနဲကြိတ်လိုက်မိတယ်။ ဆိုယွန်းဘေးမှာတော့ ချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးတွေ ငုံထားချင်တဲ့အကြည့်မျိုးတွေကြည့်ပြီး ဂရုစိုက်ပေးနေတဲ့ ဟန်ထယ်ဂျွန်း။
အလုပ်ကိစ္စလို့ တန်းသိလိုက်ပေမယ့် ဒီလောက်လှနေဖို့လိုလို့လား။ ဘေးက သူငယ်ချင်းတွေဘာပြောနေလဲ မကြားတော့ဘူး။ ဆိုယွန်းတို့ရှိရာကို တည့်တည့်ပဲလျှောက်သွားလိုက်တယ်။ ဖြစ်ချင်တော့ CEOကလည်း တခြားဧည့်သည်တစ်ယောက်နဲ့ပါသွားတယ်။ အနားရောက်တော့ အပေါ်ဝတ်coatကိုချွတ်ပြီး ဆိုယွန်းပုခုံးကို ခြုံပေးလိုက်တယ်။ နောက်ကလူရောက်လာတာမသိတဲ့ဆိုယွန်း လန့်သွားပြီး လှည့်ကြည့်လိုက်တော့ သူဖြစ်နေတယ်။ မော့ကြည့်လိုက်ပေမယ့် ဘာဒါက ဆိုယွန်းကိုကြည့်မနေပဲ ထယ်ဂျွန်းကိုအရင်စိုက်ကြည့်လိုက်ပြီးမှ
''အင်း ကိုယ့်ကိုဘာလို့မပြောတာလဲ''
''အချိန်မရလို့လေ အိမ်ရောက်မှပြောရအောင်''
''ဘာလို့အချိန်မရရမှာလဲ မနေ့ကထမင်းတောင်အတူတူစားထားတာကို''
''နောက်မှပြောမယ်လို့''
ပြောနေတုန်း နောက်က ဒါဟျွန်းရောက်လာပြီး ဘာဒါလက်မောင်းကိုချိတ်လိုက်တယ်။
''ဘယ်သူတွေလဲ သြော် အစ်မဆိုယွန်း
coupleတက်လာတာကိုး''
''..''
ဘယ်သူမှပြန်မဖြေတော့
ဒါဟျွန်းက ဘာဒါဘက်လှည့်ပြီး
''အစ်မဒါဟေးက ssaemနဲ့စကားပြောမယ်ဆိုလို့လာခေါ်တာ လိုက်ခဲ့ဦး''
ပြောပြီး လက်မောင်းချိတ်ထားရင်းဆွဲခေါ်သွားတယ်။
ခဏနေတော့
အခမ်းအနားစပြီး
CEOက စင်ပေါ်တက်ပြီး စကားလေးနည်းနည်းပြောတယ်။
ရုတ်တရက် ဘာဒါက ဆိုယွန်းတို့ဝိုင်းကိုလာထိုင်တယ်။
ဘာဒါလာတော့ ဒါဟျွန်းပါလိုက်လာတယ်။
တကယ်တော့ နယ်ပယ်တူအချင်းချင်းပဲ နေရာချထားပေးတာဖြစ်လို့ ဘာဒါလာထိုင်တာကအရမ်းသိသာနေတယ်။ လူတွေ သတိထားမိနေတဲ့အချိန်မှာပဲ
ထိုင်နေတော့ ဂါဝန်အခွဲလေးကြောင့်ပေါ်နေတဲ့ဆိုယွန်းပေါင်တံတွေကို ဘာဒါက သူ့အိတ်ထဲက လက်ကိုင်ပဝါအုပ်ပြီးကွယ်လိုက်တယ်။ ပြီးတော့ အပေါ်က သူအုပ်ပြီး ကိုင်ထားလိုက်တယ်။
သူကတော့ ပေါ်နေတာဖုံးပေးနေတာဆိုပေမယ့် လူတွေအမြင်မှာ ဆိုယွန်းက သူနဲ့လာတာလည်းမဟုတ် ပါတနာကိုယ်စီနဲ့လာတာမှာ သူရဲ့ပိုင်စိုးပိုင်နင်းအပြုအမူတွေကြောင့် ရှက်လည်းရှက်ပြီး စိတ်ကသိကအောင့်လည်းဖြစ်ရတယ်။ ထယ်ဂျွန်းကိုလည်း အားနာမိတယ်။ ပြီးတော့ သူကတော့ ဒါဟျွန်းတစ်ယောက်လက်ချိတ်ပြီး နေရာတကာသွားနေပြီးတော့ ကိုယ့်ကိုဒီလိုလာလုပ်နေလို့ စိတ်လည်းတိုတယ်။
CEOစကားပြောပြီးတာနဲ့ ဆိုယွန်းနေရာကထလိုက်တယ်။
ကိုယ်က ထရုံရှိသေး သူက လက်ဆွဲပြီး အခန်းအပြင်ထွက်ပြီး balcony(လသာဆောင်)ကို ဆွဲခေါ်သွားတယ်။ ဆိုယွန်းရုန်းပေမယ့် မရတာကြောင့် လိမ်ဖယ်လိမ်ဖယ်နဲ့ပါသွားရ..

ချစ်မိသော ပင်လယ် Where stories live. Discover now