Ch 45 (Ending)🔞

15.1K 243 57
                                    

Unicode

Operationခန်းရှေ့မှာ ဆိုယွန်း သားကိုတင်းနေအောင်ဖက်ပြီး ထိုင်စောင့်နေမိတယ်။
မျက်ရည်တွေကျရလွန်းလို့လည်း မျက်လုံးတွေနီရဲပြီး ယောင်နေပြီ။

ဘာဒါ့အိုမားတို့ရောက်လာကြတယ်။

''ဆိုယွန်း သမီး''

ဆိုယွန်း ထရပ်လိုက်ပြီး အိုမားကို ပြေးဖက်လိုက်တယ်။

''အိုမားး''

''သမီးရယ်..''

အပြစ်တင်တဲ့ စကားတစ်ခွန်းမှ မဆိုပဲ ဆိုယွန်းကို အားပေးနှစ်သိမ့်နေတဲ့အိုမားရယ်ပါ။
သားကိုမြင်တော့

''သမီး..ကလေးက''

''အိုမား ဆိုယွန်း ​တောင်းပန်ပါတယ်..''

''သမီးရယ် ဘာဒါရောသိလား''

''သူ့ကိုမပြောရသေးဘူး
ဒီနေ့ အိုမားတို့နဲ့တွေ့မှ ပြောမလို့စဥ်းစားထားတာ..အဟင့် ဟင့်''

ပြောရင်း ဆိုယွန်း မျက်ရည်တွေကျလာပြန်တယ်။

''မင်းအစားကိုယ်ပဲ ဖြစ်လိုက်ချင်တယ်''ဆိုတဲ့ သူ့စကားကို အမှုမဲ့ အမှတ်မဲ့နေခဲ့ပေမယ့်
တကယ်ဖြစ်လာတော့ ရင်တွေကွဲရပြီ။
ကိုယ့်ကြောင့် ကိုယ့်အစားဝင်ခံပေးလိုက်တယ်လို့ တွေးရုံနဲ့ ဝမ်းနည်းနာကျင်ရတယ်။
ဒီလူဆီကမှ ထွက်ပြေးနေခဲ့မိတာတဲ့လား..။

ခွဲခန်းက ထုတ်တော့ VIPခန်းကို ရွှေ့တယ်။
ဘာဒါက ဒီဆေးရုံမှာလည်း ပရဟိတတွေ လုပ်နေကျတဲ့။ Foundationတစ်ခုထောင်ထားပြီး
ဆေးရုံတိုင်းကို ကူညီပေးနေတာတဲ့။
အကြောင်းအရင်းကတော့ ဆိုယွန်းကြောင့်ပါတဲ့။

''သမီးဆုံးသွားတယ်လို့ သူလက်မခံနိုင်ဘူးလေ..အားလုံးဝိုင်းပြောကြပေမယ့် သမီးက ကိုမာဝင်နေတာမျိုးလည်းဖြစ်နိုင်တယ်လို့ သူတွေးတယ်..ပြီးတော့ အတိတ်မေ့နေလို့ သူ့ဆီပြန်မလာနိုင်တာလို့လည်း သူတွေးတယ်..
အဲဒါကြောင့် ဆေးရုံတိုင်းက ကိုမာလူနာတွေကို ထောက်ပံ့တယ်.
လိုက်တွေ့တယ်. အတိတ်မေ့နေတဲ့လူနာတွေကို လိုက်စုံစမ်းတယ်..သမီးကိုမတွေ့ခင်အထိ သူရှာနေတုန်းပဲ..
သမီးတို့နေတဲ့အိမ်ကိုလည်း ဒီတိုင်းထားတယ်..
သမီးသတိရပြီး ပြန်လာရင် အဆင်သင့်ဖြစ်အောင်တဲ့..
ပစ္စည်းတွေအားလုံးလည်း အရင်အတိုင်းပဲ..
သူလည်း အဲဒီမှာ သွားအိပ်တာများတယ်..
အန်တီတို့လည်း အစက ဖျောင်းဖြပြောဆိုနေပေမယ့် သူ့စိတ်ဓာတ်က ခိုင်မာနေတော့ နောက်ပိုင်း သူ့ဟာသူမေ့ရင်မေ့သွားလိမ့်မယ်ဆိုပြီး ထားလိုက်ကြတော့တာ..
ဘာပဲပြောပြော အလုပ်ပြန်လုပ်ပြီး လူတောပြန်တိုးရင်တော်ပါပြီလို့ပဲ တွေးလိုက်ကြတာလေ.. ''

ချစ်မိသော ပင်လယ် Where stories live. Discover now