Ch32🔞

8.1K 129 2
                                    

အဖွဲ့သားတွေပြန်ပြီး နောက်တစ်ရက်မှ ဘာဒါတို့ပြန်ခဲ့ကြတယ်။
ဆိုးလ်ကိုရောက်တော့ ဆိုယွန်းကနေကောင်းနေပေမယ့် လူကမှိုင်တွေတွေလေးမို့ အလုပ်မသွားတဲ့အိမ်မှာပဲနေဖို့ပြောရတယ်။

ဘာဒါ studioရောက်တော့ နားရက်အများကြီးယူထားတာမို့ scheduleတွေကျပ်နေတယ်။ Classတွေလည်းရှိပြီး projectအသစ်တွေလည်းအများကြီးဖြစ်နေတာမို့ တနေကုန်အလုပ်လုပ်ပြီး ညဘက်နောက်ကျမှ ပြန်ရတယ်။
ညဘက် ဘာဒါရောက်တဲ့အချိန် ဆိုယွန်းကို ဆိုဖာမှာ ခွေခွေလေးအိပ်နေတာတွေ့တာနဲ့ အိပ်ယာပေါ်ရွှေ့ပေးလိုက်တယ်။
နဂိုကမှ သေးသေးလေးကို စိတ်ညစ်နေရလို့ထင်တယ် ပိုပြီး ပိန်ဖျော့နေတယ်။ ဘာဒါရေချိုးပြီး ဆိုယွန်းကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပြီး အိပ်လိုက်တော့တယ်။
မဝေးတော့ပါဘူး ကလေးရေ တစ်နေ့တော့ အကုန်ရှင်းပြမှာပါ..

မနက်ဘာဒါနိုးတော့ ဆိုယွန်းကို အိပ်ယာမှာမတွေ့ရ။ အခန်းအပြင်ထွက်လိုက်တော့ မီးဖိုချောင်မှာ breakfastပြင်နေတာတွေ့ရတယ်။ ဘာဒါထွက်လာတာမြင်တော့
''နိုးပြီလား ရေချိုးလိုက်တော့''
''omm''
အခန်းထဲပြန်ဝင်ရေချိုးပြီးထွက်လာတော့ ဆိုယွန်းကအိပ်ခန်းထဲမှာ မျက်နှာသုတ်ပဝါလေးကိုင်ပြီးစောင့်နေတယ်။
ခါတိုင်းလည်းအဲလိုမဟုတ်တာမို့လို့ ကြောင်နေတုန်း အနားလာပြီး ဆံပင်စိုတွေကိုလာသုတ်ပေးတယ်။ ဆိုယွန်းလက်မြှောက်ပြီး ဆန့်ထားမှ သူ့ဆံပင်ကိုမှီတာမို့လို့ အတော်ကိုကြိုးစားပြီးလုပ်ပေးနေရှာတယ်။
ဘာဒါပြုံးပြီး ခေါင်းငုံ့ပေးလိုက်တော့ ဆိုယွန်းမျက်နှာနဲ့နီးသွားတယ်။ ဆိုယွန်းက ရှက်သွားပြီး နောက်ဆုတ်မလိုပြင်တယ်။ ခါးကနေ သိမ်းဖက်လိုက်ပြီး
''ဘာလဲ မမှီလို့ ငုံ့ပေးတာလေ ဆက်လုပ်''
''ဟင့်အင်း ''
''မသုတ်တော့ဘူးလား''
''သုတ်ပေးမယ် ကုတင်ပေါ်သွားရအောင်''
''ဟင် မင်းပြောတာနော် လာ''
ပြောရင်းလက်ဆွဲလိုက်တော့ ဆိုယွန်းရယ်ရင်းနဲ့လက်ကိုရုန်းတယ်
''ကုတင်မှာထိုင်လိုက်လို့..
အဲဒါမှ မှီမှာလေ''
ကုတင်မှာ သူထိုင်တော့ ဆိုယွန်းက သူ့ရှေ့မှာ မတ်တပ်ရပ်ပြီး ဆံပင်တွေကို ဖွဖွသုတ်ပေးနေတယ်။( ဘာဒါက ဆံပင်ပုခုံးကျော် ရှေ့ကbangအပြည့်ချထားပေမယ့် bangကြီးနဲ့ကို ကျားယားနေတာပါ😋)

ချစ်မိသော ပင်လယ် Where stories live. Discover now